မြို့သိမ်းတိုက်ပွဲပြန် PDF ရဲဘော်များကို ပြည်သူများကြိုဆို

RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ပြင်ဦးလွင်ခရိုင်၊ တပ်ရင်း (၅၀၉ ၊ ၅၁၀ ၊ ၅၁၂ )၊ ပြင်ဦးလွင် ရင်း ၁၊ ရင်း ၂ မှအောင်ပွဲရ ရဲဘော်များ သင်္ကြန်ကာလအတွင်း မိခင်းတပ်ရင်းထံပြန်သည့် လမ်းတစ်လျှောက်မှ ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု PDF – 512 က ယနေ့ အသိပေးထားသည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို PDF၊ ABSDF၊ KIA၊ ပကဖ စသည့် ပူးပေါင်းတပ်များက၂၀၂၄ ခုနှစ် သြဂုတ်လတွင်စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလ (၇) ရက် ညပိုင်းတွင် ပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း အမှတ် (၅၁၂) တပ်ရင်းမှ အာဇာနည်ရဲဘော် (၄)ဦး ကျဆုံးခဲ့ရသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor