Tag: စလင်း- ပကဖ

  • တညောင်ရဲစခန်းတိုက်ပွဲတွင် ရဲ (၈) ဦးကျဆုံးပြီး ရဲမိသားစုဝင်များအား ဖမ်းဆီးထား

    တညောင်ရဲစခန်းတိုက်ပွဲတွင် ရဲ (၈) ဦးကျဆုံးပြီး ရဲမိသားစုဝင်များအား ဖမ်းဆီးထား

    RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းအား စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များက ယနေ့ (ဇူလိုင် ၃၀ ရက်) နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က ဝင်ရောက်တိုက်ခိုက်ကာ စခန်းတစ်ခုလုံးအား သိမ်းဆည်းပြီး မီးရှို့နိုင်ခဲ့သည့်အပြင် ရဲမိသားစုဝင်များအား ဖမ်းဆီးထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။

    (more…)

  • စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

    စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

    RNA_ဧပြီ(၂၂)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    ဆင်ဖြူကျွန်းမြို့နယ်၊ နွယ်တမယ်ကျေးရွာမှ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက အင်အား ၁၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ကျီးသိုက်ကျေးရွာဝန်းကျင်နှင့် မြောင်းခွကျေးရွာအနီးတို့တွင် နံနက် (၈) နာရီ၊ နံနက် ၁၀ နာရီ ၃၀ မိနစ်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီတပ် အသေအဆုံးများ အထိနာသည့်အတွက် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်အထိ လာရောက်ပစ်ကူပေးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ -စလင်း (စလင်း-ပကဖ) ကအသိပေးထားသည်။

    (more…)