အိုးဘိုထောင်

အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် တောင်းဆိုဆန္ဒပြ

အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် တောင်းဆိုဆန္ဒပြ

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၄ခုနှစ်။ အကျဉ်းထောင်များအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများအတွက် "အသက်တွေကိုပိတ်မထားနဲ့ ဖွင့်ပေး" ခေါင်းစဉ်ဖြင့် ယနေ့ သပိတ်အင်အားစုများက စစ်ကိုင်းတိုင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး (အသက်- ၃၅ နှစ်) သည် ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျဆုံးခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း၌ အကျဉ်းထောင်များအတွင်း ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား (၅)ဦးအထိရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။ (more…)
Read More
ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ကို စစ်ကောင်စီလက်အောက်ခံ အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ်(၂၂)နှစ်စီ ယနေ့ ချမှတ်ခဲ့ကြောင်း သိရသည်။   (more…)
Read More
အချုပ်ကားကို PDF ကြားဖြတ်တိုက် ရဲ ၂ ဦးသေ၊ နိုင်ကျဉ်းတချို့လွတ်မြောက် 

အချုပ်ကားကို PDF ကြားဖြတ်တိုက် ရဲ ၂ ဦးသေ၊ နိုင်ကျဉ်းတချို့လွတ်မြောက် 

RNA_စက်တင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။ မန္တလေးမြို့၊အိုးဘိုထောင်မှ ထွက်လာသည့် ရဲအချုပ်ကားကို ယနေ့ နံနက် (၉) နာရီဝန်းကျင်က မြစ်ငယ်မြို့ မြစ်ငယ်တံတားအနီးတွင် မဟာမိတ်မြို့ပြပြောက် ကျားတပ်ဖွဲ့များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်လက်အောက် ခံရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးပြီး မတရားဖမ်းဆီးခံရသူ (၂) ဦးလွတ်မြောက်ခဲ့ကြောင်း Truth Keeping Force- Amarapura က ထုတ်ပြန်ထားသည်။ ရဲအချုပ်ကား တိုက်ခိုက်ခံရစဉ် မတရားဖမ်းဆီးခံထားရသူ (၈) ဦးလွတ်မြောက်သော်လည်း (၆) ဦးမှာ ပြန်လည် ဖမ်းဆီးခံခဲ့ရကြောင်း၊ လုံးဝ လွတ်မြောက်သူ (၂) ဦးကို လုံခြုံရာနေရာသို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူ ကိုနောင်ထက်အောင် အသက်အန္တရာယ်စိုးရိမ်ရ

အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူ ကိုနောင်ထက်အောင် အသက်အန္တရာယ်စိုးရိမ်ရ

RNA_ဩဂုတ်၁၂၊၂၀၂၂ခုနှစ်။ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဟောင်း ကိုနောင်ထက်အောင်သည် အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်ပြီး ရိုက်နှက်ခံရသောကြောင့် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများရရှိထားပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။ " အိုးဘိုထောင်တွင်း ရိုက်နှက်ခံရသောကြောင့် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများ ရရှိခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသော်လည်း ဆေးကုသခွင့်မပေးပါ။ ထို့ကြောင့် ကိုနောင်ထက်အောင်၏ အခြေအနေသည် ထောင်တွင်းမှာ အလွန်ဆိုးဝါးလျက်ရှိသည်" ဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ယမန်နေ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်မှအိုးဘိုထောင်တွင်း သတင်းများကို ဖုံးကွယ်ထားပြီး အစာငတ်ခံတိုက်ပွဲဝင် ရဲဘော်များကို တိုက်ပိတ်ရိုက်နှက်ခြင်း၊ ဆေးကုသခွင့်မရခြင်း စသည့် ထောင်တွင်းညှင်းပန်းနှိပ်စက်ခံရမှုများနှင့် ထောင်တွင်းတိုက်ပွဲများအပေါ် ပြည်သုများ အာရုံစိုက်ကြဖို့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က တိုက်တွန်းထားသည်။ Red News Agency
Read More