Tag: အိုးဘိုထောင်

  • ငလျင်ဘေးကြောင့် အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ/သား (၂၀) အပါအဝင် (၃၀) ထက်မနည်းသေဆုံး

    ငလျင်ဘေးကြောင့် အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ/သား (၂၀) အပါအဝင် (၃၀) ထက်မနည်းသေဆုံး

    RNA_ဧပြီ(၂၀)၊၂၀၂၅ခုနှစ်။

    မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော် ငလျင်ဘေးကြောင့် နိုင်ငံရေးအကျဉ်းသား (၁၀)ဦး၊ နိုင်ငံရေးအကျဉ်းသူ (၁၀) ဦးတို့အပါအဝင် အကျဉ်းသူ/အကျဉ်းသား စုစုပေါင်း (၃၀) ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၈၀) ဦးကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများနှင့် သက်ဆိုင်သော အဖွဲ့အစည်း (၇) ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    စစ်ကိုင်းငလျင်ကြေင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် အင်းလေးဒေသစသည်တို့တွင် ထိခိုက်ပျက်စီးမှုများစွာရှိခဲ့သော်လည်း စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့တွင် ငလျင်ကြောင့် ဆုံးသူ (၃၇၀၆) ဦး၊ ဒဏ်ရာရရှိသူ (၅၀၂၇) ဦးနှင့် ပျောက်ဆုံးသူ (၁၃၀) ဦးရှိသည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီထုတ်ပြန်ချက်ထက်ပိုများနိုင်ပြီး၊ အိုးဘိုထောင်တွင်းနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိကြောင်း တွေ့ရှိရသည်။

    (more…)

  • ကျန်းမာရေးဆိုးဝါးပြီး နောက်ဆုံးအချိန်ရောက်မှသာ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို လွှတ်ပေး

    ကျန်းမာရေးဆိုးဝါးပြီး နောက်ဆုံးအချိန်ရောက်မှသာ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို လွှတ်ပေး

    ဍRNA_အောက်တိုဘာ(၆)၊၂၀၂၄ ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က အာဏာသိမ်းသည့် နေ့မှစပြီး ဖမ်းဆီး အကျဉ်းချထားသည့် မန္တလေး တိုင်း၀န်ကြီးချုပ်၊ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်သည် ကျန်းမာရေးဆိုးဝါးပြီး နောက်ဆုံးအချိန်ရောက်မှ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။

    “ICU ထဲရောက်နေတဲ့ အခုအခြေအနေက နောက်ဆုံးအခြေအနေလို့ ပြောလို့ရတယ်။ ရှင်သန်ဖို့ နည်းပါးသွားပြီ။ ဒီလို အခြေအနေမှာ ရှင်သန်တဲ့သူတော့ မရှိဘူး။ ဒီနေ့မဟုတ် မနက်ဖန် ဆိုတာမျိုးပဲ။ ရှင်သန်ဖို့အခွင့်အရေးနည်းပါးပြီး နောက်ဆုံးအခြေအနေလို့ ပြောလို့ရတယ်” ဟု CDM ဆရာဝန်တဦးက ပြောပြသည်။

    (more…)

  • သတိလစ်မော့မြောနေသော ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက လွတ်ငြိမ်းအမိန့်ဖတ်ပြ

    သတိလစ်မော့မြောနေသော ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက လွတ်ငြိမ်းအမိန့်ဖတ်ပြ

    RNA_အောက်တိုဘာ(၆)၊၂၀၂၄ခုနှစ်။

    အာဏာသိမ်းစစ်ကောက်စီက အဓမ္မဖမ်းဆီးထားသော မန္တလေး တိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီးတွင် သတိလစ်မေ့မြောနေသည့်အနေအထားတွင် စစ်ကောင်စီလက်အောက်ခံများက ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဖတ်ပြသွားသည်ဟု သိရသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ (၅) ရက်နေ့က ကျန်းမာရေးဆိုးရွားလာသည့်အတွက် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရာ ယနေ့ ညနေပိုင်းအထိ သတိလစ်မြောနေချိန် စစ်ကောင်စီလက်အောက်ခံများက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်လာဖတ်ပြခဲ့သည်ဟု NLD ပါတီဝင် တချို့ထံမှ သိရသည်။

    #RedNewsAgency #RNA

  • အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် တောင်းဆိုဆန္ဒပြ

    အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် တောင်းဆိုဆန္ဒပြ

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၄ခုနှစ်။

    အကျဉ်းထောင်များအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများအတွက် “အသက်တွေကိုပိတ်မထားနဲ့ ဖွင့်ပေး” ခေါင်းစဉ်ဖြင့် ယနေ့ သပိတ်အင်အားစုများက စစ်ကိုင်းတိုင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

    မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး (အသက်- ၃၅ နှစ်) သည် ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျဆုံးခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း၌ အကျဉ်းထောင်များအတွင်း ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား (၅)ဦးအထိရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ : PPNM – မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး/

    (more…)

  • ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

    ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

    RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။

    ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ကို စစ်ကောင်စီလက်အောက်ခံ အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ်(၂၂)နှစ်စီ ယနေ့ ချမှတ်ခဲ့ကြောင်း သိရသည်။

     

    (more…)

  • အချုပ်ကားကို PDF ကြားဖြတ်တိုက် ရဲ ၂ ဦးသေ၊ နိုင်ကျဉ်းတချို့လွတ်မြောက် 

    အချုပ်ကားကို PDF ကြားဖြတ်တိုက် ရဲ ၂ ဦးသေ၊ နိုင်ကျဉ်းတချို့လွတ်မြောက် 

    RNA_စက်တင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။

    မန္တလေးမြို့၊အိုးဘိုထောင်မှ ထွက်လာသည့် ရဲအချုပ်ကားကို ယနေ့ နံနက် (၉) နာရီဝန်းကျင်က မြစ်ငယ်မြို့ မြစ်ငယ်တံတားအနီးတွင် မဟာမိတ်မြို့ပြပြောက် ကျားတပ်ဖွဲ့များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်လက်အောက် ခံရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးပြီး မတရားဖမ်းဆီးခံရသူ (၂) ဦးလွတ်မြောက်ခဲ့ကြောင်း Truth Keeping Force- Amarapura က ထုတ်ပြန်ထားသည်။

    ရဲအချုပ်ကား တိုက်ခိုက်ခံရစဉ် မတရားဖမ်းဆီးခံထားရသူ (၈) ဦးလွတ်မြောက်သော်လည်း (၆) ဦးမှာ ပြန်လည် ဖမ်းဆီးခံခဲ့ရကြောင်း၊ လုံးဝ လွတ်မြောက်သူ (၂) ဦးကို လုံခြုံရာနေရာသို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။

    Red News Agency

  • အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူ ကိုနောင်ထက်အောင် အသက်အန္တရာယ်စိုးရိမ်ရ

    အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူ ကိုနောင်ထက်အောင် အသက်အန္တရာယ်စိုးရိမ်ရ

    RNA_ဩဂုတ်၁၂၊၂၀၂၂ခုနှစ်။

    ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဟောင်း ကိုနောင်ထက်အောင်သည် အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်ပြီး ရိုက်နှက်ခံရသောကြောင့် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများရရှိထားပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

    ” အိုးဘိုထောင်တွင်း ရိုက်နှက်ခံရသောကြောင့် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများ ရရှိခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသော်လည်း ဆေးကုသခွင့်မပေးပါ။ ထို့ကြောင့် ကိုနောင်ထက်အောင်၏ အခြေအနေသည် ထောင်တွင်းမှာ အလွန်ဆိုးဝါးလျက်ရှိသည်” ဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ယမန်နေ့က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီဘက်မှအိုးဘိုထောင်တွင်း သတင်းများကို ဖုံးကွယ်ထားပြီး အစာငတ်ခံတိုက်ပွဲဝင် ရဲဘော်များကို တိုက်ပိတ်ရိုက်နှက်ခြင်း၊ ဆေးကုသခွင့်မရခြင်း စသည့် ထောင်တွင်းညှင်းပန်းနှိပ်စက်ခံရမှုများနှင့် ထောင်တွင်းတိုက်ပွဲများအပေါ် ပြည်သုများ အာရုံစိုက်ကြဖို့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က တိုက်တွန်းထားသည်။

    Red News Agency