Tag: MBT
-

မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို
RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် Myingyan Black Tiger (MBT) ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို အညာဒေသ စိုးမိုးနယ်မြေအတွင်းမှ ကျေးရွာနေ ပြည်သူများနှင့် ရဲဘော်များက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို ရွေးချယ်စေလွှတ်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း MBT ရဲဘော် (၇) ဦးအပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၈၉)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း MBT ကထုတ်ပြန်ထားသည်။ -

ပြည်သူ့အားကိုးဖြင့် မိုက်နေသော ဗိုလ်မိုက်ခဲ
RNA_ဒီဇင်ဘာ(၁)၊၂၀၂၄ ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်နယ်နှင့် မန္တလေးတိုင်း မြင်းခြံမြို့နယ် အခြေစိုက် NUG/MOD PDF မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း – Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ပြည်သူ့အားကိုးဖြင့် မိုက်နေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=XivLH5UcsjY[/embedyt]
ဗိုလ်မိုက်ခဲဦးဆောင်သော တပ်ဖွဲ့အနေဖြင့် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် အသင့်ဖြစ်နေသည့်အတွက် မြို့သိမ်းတိုက်ပွဲအတွက် လိုအပ်နေသော “End Point” ကမ်ပိန်းကို ပြည်သူများအနေဖြင့် ကူညီထောက်ပံ့ရန် မိဘပြည်သူများအား ဗိုလ်မိုက်ခဲက အထူးမေတ္တာရပ်ခံထားသည်။
#RedNewsAgency #RNA #RedNews #Ahnyar
-

5.56mm ကျည်သုံး ကာဘိုင်သေနတ် ဗိုလ်မိုက်ခဲအဖွဲ့ ထုတ်လုပ်အောင်မြင်
RNA_နိုဝင်ဘာ(၈)၊၂၀၂၄ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုဒေသနှင့်မြင်းခြံဒေသအခြေစိုက် Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် 5.56mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်အား နိုဝင်ဘာ ၇ ရက်နေ့က ထုတ်လုပ်အောင်မြင်ခဲ့ပြီဖြစ်သည့်အတွက် ရှေ့တန်းစစ်မျက်နှာပြင်မှ ကျားမဲလေးများ ကိုင်ဆောင်ထားသော ကိုးလုံး (ရှော့ဂမ်း) နေရာတွင် 5.56mm ကျည်သုံး ကာဘိုင်သေနတ်များကို အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=UHC6hWypa9U[/embedyt]
#RedNewsAgency #REDNEWS #RNA #AhNyar
-

မြို့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု ဗိုလ်မိုက်ခဲပြော
RNA_မေ(၇)၊၂၀၂၄ခုနှစ်။ရေစကြိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် လှုပ်ရှားနေသော Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ဒေသတွင်းရှိ မြိုဲ့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။“ကျွန်တော်တို့ လက်ရှိစစ်ရေးအခြေအနေအရ မြို့ပြကိုထိုးဖောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြို့ပြကို ထိုးဖောက်ဖို့ဆိုတာလည်း အရင်စစ်ရေးမစ်ရှင်တွေနဲ့စာရင် ဒီဟာက တအားခက်ခဲပါတယ်။ အဲအတွက် ကျွန်တော်တို့တွေ အကောင်းဆုံးပြင်ဆင်နေရတယ် အချိန်ယူနေရတယ် ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးစားနေပါတယ်။ ရဲဘော်တွေလည်း အကောင်းဆုံးစိတ်ဓာတ်တွေနဲ့အတူ ကျွန်တော်တို့လက်ရှိအနေအထားမှာ ကိုယ့်နယ်မြေမဟုတ်တဲ့ ရန်သူ့နယ်မြေထဲမှာ ထိုးဖောက်နေတာတွေလည်း ရှိပါတယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ့က ပြောသည်။[embedyt] https://www.youtube.com/watch?v=GtyYML7b0Gk[/embedyt]MBT တပ်ဖွဲ့အနေဖြင့် မန္တလေးတိုင်း မြင်းခြံ၊ မကွေးတိုင်း ရေစကြိုမြို့နယ် စသည့် နယ်မြေများအတွင်း လှုပ်ရှားနေသည်ကို တွေ့ရှိရပြီး လက်တလောအခြေအနေတွင် “မြို့ပြဆီသို့” ကမ်ပိန်းပြုလုပ်နေပြီး ခဲယမ်းများဝယ်ယူနေကြောင်း၊ ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် ပူးတွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများလည်း ဆင်နွှဲနေကြောင်း MBT တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။“မြို့ပြဆီသို့” ကမ်ပိန်းနှင့် ပတ်သက်ပြီး သိရှိလိုသည့် ပြည်သူများအနေဖြင့် MBT တပ်ဖွဲ့၏ လူမှုကွန်ရက် https://www.facebook.com/MyingyanBlackTiger တွင်လည်းစုံစမ်းနိုင်ကြောင်း သိရသည်။#RedNewsAgency