ဒေါင်းစစ်အောင် LPDF

အပြောင်းအလဲအတွက် တိုက်ယူမှရလိမ့်မည်

အပြောင်းအလဲအတွက် တိုက်ယူမှရလိမ့်မည်

RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။   မကွေးထောင်ကိုသာ ဖောက်နိုင်ခဲ့ပါက တော်လှန်ရေးအပြောင်းအလဲ အဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ရဲဘော်ထူးလေးကပြော Red News Agency နှင့်အင်တာဗျူးတွင် ပြောပြထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။   "ကျွန်တော်တို့နိုင်မှလွတ်တာထက် ကျွန်တော်တို့လွတ်အောင်လုပ်နိုင်လို့ရှိရင် သူတို့မြန်မြန်ပိုပြီး လွတ်မြောက်လိမ့်မယ်လို့ကျွန်တော်ကခံယူတယ်။ တစ်ချို့ကပြောကြတယ် ငါတို့နိုင်မှအတွင်းထဲကလူတွေကလွတ်မှာ အဲဒီဟာကလည်း ကျွန်တော်တို့ တိုက်ယူမှရလိမ့်မယ် ကျွန်တော်တို့ လုပ်မှရလိမ့်မယ်။ ကျွန်တော်တို့လုပ်ယူမှလည်း ကျွန်တော်တို့တိုက်ယူမှလည်း လွတ်မှာဖြစ်တယ်" ဟု ရဲဘော်ထူးလေးက ပြောသည်။ (more…)
Read More
ပြည်သူချစ်သည့် ဒေါင်းစစ်အောင်

ပြည်သူချစ်သည့် ဒေါင်းစစ်အောင်

RNA_ဇွန်(၂၂)၊၂၀၂၅ခုနှစ်။   စလင်းမြို့နယ် တိုက်ပွဲတိုင်းတွင် ပါဝင်နေသည့်အပြင် ပြည်သူကို မျက်နှာမူသည့်အတွက် ပြည်သူ့ထောက်ခံမှုနှင့်အတူ ပြည်သူချစ်သည့် ဒေါင်းစစ်အောင် (LPDF) တပ်ဖွဲ့ ပေါ်ပေါက်လာပုံနှင့် ခက်ခဲကြမ်းတမ်းသည့် အဖြစ်အပျက်များကို ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ရဲဘော်ထူးလေးကပြောပြထားသည်။ Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1 #RedNewsAgnecy #RedNews #RNA
Read More
တင့်ကား (၄) စီးအပါအဝင် အင်အား (၂၀၀) ကျော်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

တင့်ကား (၄) စီးအပါအဝင် အင်အား (၂၀၀) ကျော်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

RNA_ဇွန်(၂၂)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စခင်းမြို့နယ်အတွင်း ကံပြားကျေးရွာမှစတင်ကာ တင့်ကား (၄) စီးအပါအဝင် အင်အား (၂၀၀) ခန့်ရှိစစ်ကောင်စီတပ်စစ်ကြောင်းသည် ပုသိမ် - မုံရွာ လမ်းအတိုင်း စစ်ကြောင်းထိုးလာစဉ် ကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် အထိနာနေကြောင်း ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ (SPMNF)ထံမှ သိရသည်။ စလင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းအတိုင်း တင့်ကားများနှင့်အတူခြေလျှင်အင်အားများဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဇွန်လ ၁၇ ရက်နေ့တွင်လည်း ပိတ်ဆည်ရွာမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် (၅) ရက်တာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း (၂) ဦးဖမ်းဆီးနိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်သားများလည်း သေဆုံးမှုရှိကြောင်း…
Read More
စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

RNA_ဧပြီ(၂၂)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ဆင်ဖြူကျွန်းမြို့နယ်၊ နွယ်တမယ်ကျေးရွာမှ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက အင်အား ၁၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ကျီးသိုက်ကျေးရွာဝန်းကျင်နှင့် မြောင်းခွကျေးရွာအနီးတို့တွင် နံနက် (၈) နာရီ၊ နံနက် ၁၀ နာရီ ၃၀ မိနစ်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီတပ် အသေအဆုံးများ အထိနာသည့်အတွက် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၇)…
Read More
မကွေးထောင် တိုက်ခိုက်ခံရပြီးနောက် ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ မတရားနှိပ်စက်ခံနေရ

မကွေးထောင် တိုက်ခိုက်ခံရပြီးနောက် ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ မတရားနှိပ်စက်ခံနေရ

RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။ မကွေးဗဟိုအကျဉ်းထောင် (ဒေါင်းနေထောင်) တိုက်ခိုက်ခံရပြီးနောက် အကျဉ်းထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ နှိပ်စက်ခံရမှုများရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ မကွေးမြို့နှင့် ရေနံချောင်းသွားသည့်လမ်းမဘေးရှိ မကွေးထောင် (ဒေါင်းနေထောင်) နှင့် မျက်နှာချင်းဆိုင် (လမ်းသာခြား)ရှိ စစ်ကောင်စီ၏ အမှတ် (၂၅) ရဲတပ်ရင်းကို ဧပြီလ ၁၃ ရက်နေ့ ညဦးပိုင်းတွင် တိုက်ခိုက်ခံရပြီးနောက် အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ဧပြီလ ၁၄ ရက်နေ့ကတည်းက ပြင်ပအဖွဲ့အစည်းနှင့်အဆက်အသွယ်ရှိသည်ဟု ထောင်အာဏာပိုင်များက ယူဆကာ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ရိုက်နှက်စစ်ဆေးနေခြင်းဖြစ်သည်။ (more…)
Read More