Tag: ပြင်ဦးလွင်ခရိုင်

  • (၆) မိုင်တိုက်ပွဲတွင် ရဲဘော်သန်းစိုးအောင် (ခ) ရဲသွေး ကျဆုံး

    (၆) မိုင်တိုက်ပွဲတွင် ရဲဘော်သန်းစိုးအောင် (ခ) ရဲသွေး ကျဆုံး

    RNA_ဇွန်(၁၀)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်းစစ်ဌာန၊ ပြင်ဦးလွင်ခရိုင် အမှတ်(၅၁၂) တပ်ရင်းမှ ရဲဘော်သန်းစိုးအောင် (ခ) ရဲသွေး သည် သပိတ်ကျင်းမြို့နယ်၊ (၆) မိုင်တိုက်ပွဲတွင် ဇွန်လ (၆) ရက်နေ့က အထက်မှပေးအပ်လာသော တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ကာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း နိုင်ငံနှင့်ပြည်သူအတွက် အသက်ပေးလှူသွားကြောင်း ထုတ်ပြန်ထားသည်။

    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

    #RedNewsAgency #REDNEWS #RNA

  • မြို့သိမ်းတိုက်ပွဲပြန် PDF ရဲဘော်များကို ပြည်သူများကြိုဆို

    မြို့သိမ်းတိုက်ပွဲပြန် PDF ရဲဘော်များကို ပြည်သူများကြိုဆို

    RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ပြင်ဦးလွင်ခရိုင်၊ တပ်ရင်း (၅၀၉ ၊ ၅၁၀ ၊ ၅၁၂ )၊ ပြင်ဦးလွင် ရင်း ၁၊ ရင်း ၂ မှအောင်ပွဲရ ရဲဘော်များ သင်္ကြန်ကာလအတွင်း မိခင်းတပ်ရင်းထံပြန်သည့် လမ်းတစ်လျှောက်မှ ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု PDF – 512 က ယနေ့ အသိပေးထားသည်။

    (more…)

  • တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄) ဦးသေဆုံးပြီး (၂၀) ဦးအရှင်ဖမ်းခံရ

    တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄) ဦးသေဆုံးပြီး (၂၀) ဦးအရှင်ဖမ်းခံရ

    RNA_ဩဂုတ်(၁၄)၊၂၀၂၄ ခုနှစ်။
     
    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်မှ (၆၄)ဦးသေဆုံးကာ (၂၀) ဦးအရှင်ဖမ်းဆီးခံခဲ့ရသည်ဟု အမှတ် (၁) စစ်ဒေသ (စစ်ကိုင်း) ထံမှ သိရသည်။
     
    တကောင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံများတပ်စွဲထားသော ထွေအုပ်ရုံး၊ ဆေးရုံ၊ ရဲစခန်းနှင့် လေးမျက်နှာဘုရားနေရာများကို ဩဂုတ်လ ၁၁ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၁၂ ရက်နေ့တွင်အပြီးသတ်သိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ (၆၄) ဦး သေဆုံးပြီး (၂၀) ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၈၃) လက်၊ ကျည်မျိုးစုံ (၁၄၀၀၀) ကျော်၊ ဗုံးသီးမျိုးစုံ (၁၃၀) ခန့် သိမ်းဆည်းရမိပြီးခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၂) ဦး ကျဆုံးခဲ့ရကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

    (more…)