20
Apr
RNA_ဧပြီ(၂၀)၊၂၀၂၅ခုနှစ်။ မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော် ငလျင်ဘေးကြောင့် နိုင်ငံရေးအကျဉ်းသား (၁၀)ဦး၊ နိုင်ငံရေးအကျဉ်းသူ (၁၀) ဦးတို့အပါအဝင် အကျဉ်းသူ/အကျဉ်းသား စုစုပေါင်း (၃၀) ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၈၀) ဦးကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများနှင့် သက်ဆိုင်သော အဖွဲ့အစည်း (၇) ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကိုင်းငလျင်ကြေင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် အင်းလေးဒေသစသည်တို့တွင် ထိခိုက်ပျက်စီးမှုများစွာရှိခဲ့သော်လည်း စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့တွင် ငလျင်ကြောင့် ဆုံးသူ (၃၇၀၆) ဦး၊ ဒဏ်ရာရရှိသူ (၅၀၂၇) ဦးနှင့် ပျောက်ဆုံးသူ (၁၃၀) ဦးရှိသည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီထုတ်ပြန်ချက်ထက်ပိုများနိုင်ပြီး၊ အိုးဘိုထောင်တွင်းနှင့်ပတ်သက်ပြီး…