Tag: အလွန်အင်အားပြင်းငလျင်

  • တစ်လပြည့်သော်လည်း ပြည်သူများ ငလျင်ဒဏ်ခံစားနေရ

    တစ်လပြည့်သော်လည်း ပြည်သူများ ငလျင်ဒဏ်ခံစားနေရ

    RNA_ဧပြီ(၂၈)၊၂၀၂၅ခုနှစ်။

    မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး တစ်လပြည့်ပြီဖြစ်သော်လည်း ငလျင်အသေးစားများ ထပ်မံလှုပ်ခတ်မှုအပြင် အင်းအားပြင်းငလျင်လှုတ်ခတ်ခဲ့သည့်အချိန်က ထိခိုက်ပျက်စီးမှုများ၊ ဆုံးရှုံးမှုများစသည့် ဒုက္ခများသည် ယနေ့အထိ ဆက်လက်ခံစားနေကြရသည်။

    ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်၌ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အလွန်အင်အားပြင်း ရစ်ချ်တာစကေး ၇ ဒသမ ၇ ပမာဏရှိ ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် ရှေးဟောင်းအမွေအနှစ်များ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် လူနေအဆောက်အဦများစွာ ပျက်စီးခဲ့ရပြီး ဧပြီလ ၂၈ ရက်နေ့အထိ သေဆုံးသူ ၄၀၀၀ ဝန်းကျင် ရှိခဲ့သည်။

    (more…)

  • ငလျင်ဘေးကြောင့် အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ/သား (၂၀) အပါအဝင် (၃၀) ထက်မနည်းသေဆုံး

    ငလျင်ဘေးကြောင့် အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ/သား (၂၀) အပါအဝင် (၃၀) ထက်မနည်းသေဆုံး

    RNA_ဧပြီ(၂၀)၊၂၀၂၅ခုနှစ်။

    မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော် ငလျင်ဘေးကြောင့် နိုင်ငံရေးအကျဉ်းသား (၁၀)ဦး၊ နိုင်ငံရေးအကျဉ်းသူ (၁၀) ဦးတို့အပါအဝင် အကျဉ်းသူ/အကျဉ်းသား စုစုပေါင်း (၃၀) ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၈၀) ဦးကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများနှင့် သက်ဆိုင်သော အဖွဲ့အစည်း (၇) ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    စစ်ကိုင်းငလျင်ကြေင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် အင်းလေးဒေသစသည်တို့တွင် ထိခိုက်ပျက်စီးမှုများစွာရှိခဲ့သော်လည်း စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့တွင် ငလျင်ကြောင့် ဆုံးသူ (၃၇၀၆) ဦး၊ ဒဏ်ရာရရှိသူ (၅၀၂၇) ဦးနှင့် ပျောက်ဆုံးသူ (၁၃၀) ဦးရှိသည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီထုတ်ပြန်ချက်ထက်ပိုများနိုင်ပြီး၊ အိုးဘိုထောင်တွင်းနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိကြောင်း တွေ့ရှိရသည်။

    (more…)

  • ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပျက်စီးနေသည့် မြင်ကွင်း

    ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပျက်စီးနေသည့် မြင်ကွင်း

    RNA_ဧပြီ(၅)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မယ်နုအုတ်ကျောင်း အပါအဝင် စေတီပုထိုး ၂၀၀ ကျော် ပြိုကျပျက်စီးခဲ့ရသည့်အခြေအနေများနှင့်ပတ်သက်ပြီး ဧပြီလ (၃) ရက်နေ့က မြင်တွေ့ရသည့် မြင်ကွင်းဖြစ်သည်။

    (more…)

  • ငလျင်ဘေးသင့်သူများ ဘောလုံးကွင်းအတွင်း ယာယီတဲထိုးနေကြရ

    ငလျင်ဘေးသင့်သူများ ဘောလုံးကွင်းအတွင်း ယာယီတဲထိုးနေကြရ

    RNA_ဧပြီ(၂)၊၂၀၂၅ခုနှစ်။
     
    မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ဆင်ကာကျေးရွာတွင် ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် ကျေးရွာ ဘောလုံးကွင်းအတွင်း ယာယီတဲထိုးနေရသည့်အခြေအနေများကိုယနေ့ တွေ့မြင်ခဲ့ရသည်။
     
    ငလျင်ဘေးသင့်သူများအနေဖြင့် လိုအပ်ချက်များစွာရှိသော်လည်း အုပ်ချုပ်ရေးမှူးများက ထိန်းချုပ်ထားကြောင်း၊ ယာယီနေထိုင်သူများကို တစုတစည်းတည်းဖြစ်အောင် လုပ်ဆောင်ပေးမည်ဟု ပြောထားသော်လည်း ယနေ့အချိန်ထိ ကိုယ့်အစီအစဉ်ဖြင့် လုပ်ဆောင်နေထိုင်ကြရသည်ဟု သိရသည်။
     
    #RedNewsAgency #REDNEWS #RNA #Earthquake2025 #Burma #Myanmar #earthquake #Sinkar
  • ၉၁ နာရီကြာ ပိတ်မိနေသော အသက် ၆၃ နှစ်အရွယ်အမျိုးသမီးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်

    ၉၁ နာရီကြာ ပိတ်မိနေသော အသက် ၆၃ နှစ်အရွယ်အမျိုးသမီးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်

    RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။
    နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ တွင် ငလျင်စတင်လှုပ်ခတ်ပြီး ၉၁ နာရီအကြာ ပိတ်မိနေသော အသက် (၆၃) နှစ်အရွယ် အမျိုးသမီးကြီးအား ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၅၈ မိနစ်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်အဖွဲ့က အသိပေးထားသည်။

    (more…)

  • ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

    ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

    RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။

    မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်း ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ထုတ်ပြန်ချက်အရ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်သည်ဟု သိရသည်။

    အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ဇောက်တိမ်အမျိုးအစား ငလျင်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင် သက်ရောက်မှုများ ရှိခဲ့ကြောင်း၊ ပထမကြိမ်ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ စစ်ကိုင်းမြို့၏ တောင်ဖက် ၁၈ ကီလိုမီတာခန့်အကွာ အင်းဝဒေသ၊ တံတားဦးလေဆိပ်အနီးတွင် ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် အသင့်အတင့် အင်အားပြင်းသည့် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်ဟု NUG က ထုတ်ပြန်ထားသည်။

    (more…)