သတင်း

လက်နက်ကြီး၊ လေကြောင်းအန္တရာယ်နှင့် မြေမြှုပ်မိုင်း အန္တရာယ်ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုပြုလုပ်

လက်နက်ကြီး၊ လေကြောင်းအန္တရာယ်နှင့် မြေမြှုပ်မိုင်း အန္တရာယ်ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုပြုလုပ်

RNA_စက်တင်ဘာ(၉)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီသည် တိုက်ပွဲဖြင်ပွားရာ ဒေသများအတွင်း စစ်ဘေးရှောင်များနှင့် အရပ်သားပြည်သူများရှိသည့်နေရာများကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် မြေမြှပ်မိုင်းထောင်ထားမှုများကြောင့် လူဝီဇာဖောင်ဒေးရှင်း အဖွဲ့ဝင်များက လက်နက်ကြီး၊ လေကြောင်းအန္တရာယ်နှင့် မြေမြှုပ်မိုင်း အန္တရာယ် ကာကွယ်ရေးအသိပညာပေး လှုပ်ရှားမှုပြုလုပ်နေကြောင်း သိရသည်။ (more…)
Read More
ရိက္ခာပြတ်လပ်နေသော စစ်ကောင်စီလက်အောက်ခံများ ပြည်သူများကိုဖမ်းပြီး ရိက္ခာနှင့်လဲလှယ်နေရ

ရိက္ခာပြတ်လပ်နေသော စစ်ကောင်စီလက်အောက်ခံများ ပြည်သူများကိုဖမ်းပြီး ရိက္ခာနှင့်လဲလှယ်နေရ

RNA_စက်တင်ဘာ(၈)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံများ ရိက္ခာပြတ်လပ်နေသည့်အတွက် ဒေသခံပြည်သူများကို ဖမ်းဆီးပြီး ရိက္ခာနှင့်လဲလှယ်နေရသည်ဟု သိရသည်။ ကန့်ဒေါင့်နယ်မြေရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၄ နာရီခန့်က သရက်လှကျေးရွာသို့ ရောက်ရှိပြီး ပြည်သူ ၁၅ ဦးနှင့် နွား ၂ ကောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူများကို ရိက္ခာနှင့်လဲလှယ်ခဲ့သည်ဟု ဒေသခံ ရွာသားတဦးက ပြောကြားထားသည်။ (more…)
Read More
သံတွဲမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်းကို AA အပြီးသတ် သိမ်းပိုက်

သံတွဲမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်းကို AA အပြီးသတ် သိမ်းပိုက်

RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ လက်ကျန်စခန်းကြီးတစ်ခုဖြစ်သော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနှင့် ၎င်းပတ်ဝန်းကျင်မှ အဆင့်ဆင့်ခုခံကြသော ရန်သူ့စစ်ကြောင်းများအား အပြီးသတ်ချေမှုန်းပြီးနောက် စက်တင်ဘာလ (၅) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ (more…)
Read More
CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီ၏ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ လူငယ်ထိန်းသိမ်းရေးစခန်း (ကလေးထောင်) တွင် အစ္စလာမ်ဘာသာဝင် ( မွတ်ဆလင် ရိုဟင်ဂျာလူမျိုး) မိန်းကလေးငယ်များကို CCTV ပိတ်ပြီး အဝတ်အစားချွတ်ကာ ညှင်းပန်းနှိမ်စက်မှုများ ပြုလုပ်နေသည်ဟု လွတ်မြောက်လာသူ မအိစန္ဒာကျော်က ပြောပြထားသည်။ တွံတေးမြို့နယ်၊ ငယ်ထိန်းသိမ်းရေးစခန်းတွင် ပုဒ်မ ၅၀ (ဈ)ဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်းထိ နေထိုင်ခဲ့ရပြီးနောက် ဩဂုတ်လ အတွင်းက လွတ်မြောက်လာသူ မအိစန္ဒာကျော်က အစ္စလာမ် ဘာသာဝင် အမျိုးသမီးငယ်များနှင့် ပတ်သက်ပြီး ကြုတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ပြောပြထားခြင်းဖြစ်သည်။ Red News Agency
Read More
နမ့်ခမ်းမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသည့်အတွက် ပြည်သူ (၁၁) ဦးသေဆုံး

နမ့်ခမ်းမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသည့်အတွက် ပြည်သူ (၁၁) ဦးသေဆုံး

RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။   TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့၊ ညစျေးအနီးရှိ ပြည်သူများနေအိမ်ပေါ်နှင့် ကျားဖြူခန်းမအနီးကို စက်တင်ဘာလ ၆ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က စစ်ကောင်စီတပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့သည့်အတွက် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ (၁၁) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။   စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူများထဲတွင် ကလေးငယ် (၂)၊ အမျိုးသား(၅) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီ ၁ ဦးအပါအဝင် (၄) ဖြစ်ပြီး၊ ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ် (၂)ဦး…
Read More
PDF များပူးပေါင်းတိုက်ခိုက်သည့်အတွက် ကမ္မစက်ရုံရဲကင်းစခန်းရှိ စစ်ကောင်စီလက်အောက်ခံများ စခန်းစွန့်ခွါ

PDF များပူးပေါင်းတိုက်ခိုက်သည့်အတွက် ကမ္မစက်ရုံရဲကင်းစခန်းရှိ စစ်ကောင်စီလက်အောက်ခံများ စခန်းစွန့်ခွါ

RNA_စက်တင်ဘာ(၅)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မစက်ရုံရဲကင်းစခန်းကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖိအားပေးတိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံများ စက်တင်ဘာလ ၄ ရက်နေ့က စခန်းစွန့်ခွါ ထွက်ပြေးသွားကြကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီလက်အောက်မှ ဆင် ၁၃၈ ကောင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ ထိမ်းသိမ်းစောင့်ရှောက်ထား

စစ်ကောင်စီလက်အောက်မှ ဆင် ၁၃၈ ကောင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ ထိမ်းသိမ်းစောင့်ရှောက်ထား

RNA_စက်တင်ဘာ(၃)၊၂၀၂၄ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီ၏ သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်များနှင့် ဆင်အုပ်၊ ဆင်ထိန်း မိသစုများ ပြည်သူ့လွတ်မြောက်ရေးတပ်တော် - PLA စိုးမိုးနယ်မြေအတွင်း ရှောင်တိမ်းလာသူများအပါအဝင် စုစုပေါင်း ဆင် ၁၃၈ ကောင်ပါဝင်သော ဆင်ဝိုင်း ၂၁ ဝိုင်းကို PLA ၂၂၂ တပ်ရင်းမှ ထိမ်းသိမ်းကာကွယ်ထားသည်ဟု သိရသည်။ PLA အနေဖြင့် ပြည်သူ့ဒီမိုကရေစီ အစိုးရသစ် လက်ထက်တွင် ပြန်လည် ၍ သက်ဆိုင်ရာဌာနများသို့ အပ်နှံသွားမည်ဖြစ်ကြောင်း၊ ဆင်များကို ပြည်သူပိုင်ရတနာအဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာအသိပေး အကြောင်းကြားထားသည်။ (more…)
Read More
မြင်းခြံခရိုင်အတွင်း စစ်ရေးအသာစီးရနေသော်လည်း ခဲယမ်းလိုအပ်ချက်ရှိနေ

မြင်းခြံခရိုင်အတွင်း စစ်ရေးအသာစီးရနေသော်လည်း ခဲယမ်းလိုအပ်ချက်ရှိနေ

RNA_စက်တင်ဘာ(၃)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ တိုက်ပွဲများတွင် စစ်ရေးအသာစီးရနေသော်လည်း ခဲယမ်းလိုအပ်ချက်များရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း - Myingyan Black Tiger (MBT) တာဝန်ခံ ဗိုလ်မိုက်ခဲကပြောသည်။   မြင်းခြံခရိုင် PDF ရဲဘော်များ ပူးပေါင်းကာ ဩဂုတ်လ နောက်ဆုံးပတ်အတွင်းက "မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)" အဖြစ် မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ ဂိတ်များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြကြောင်း သိရသည်။ (more…)
Read More
ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်နိုင်ခဲ့

ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်နိုင်ခဲ့

RNA_စက်တင်ဘာ(၃)၊၂၀၂၄ခုနှစ်။   ကရင်နီပြည်နယ် လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီးပါအဝင် ဖရူဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ် စသည်တို့တွင် ဩဂုတ်လအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဘော်လခဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။   ဩဂုတ်လ(၁)ရက်နေ့မှစ၍ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ များအား မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်ခဲ့၍ ပန်ကန်း ၊ ဒေါပိုးစီ ၊ (၆)မိုင်စံပြ ကျေးရွာများတစ်လျှောက် တစ်လတာလုံး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဘောလခဲမြို့ နှင့် မယ်စလောင်းတောင်အကြားရှိ စစ်ကောင်စီမှ အခိုင်အမာတပ်စွဲထားသော ရေကျော်စခန်းအား ဩဂုတ်လ (၈)ရက်နေ့တွင် KA ၊ KNDF ၊ KNPLF တို့ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ကာ ရှင်းလင်းနိုင်ခဲ့သည်ဟု…
Read More
၁၀ တန်းကျောင်းသူ တစ်ယောက်ရဲ့ စစ်ကြောရေးနဲ့ ကလေးထောင် ငရဲခန်းအကြောင်း

၁၀ တန်းကျောင်းသူ တစ်ယောက်ရဲ့ စစ်ကြောရေးနဲ့ ကလေးထောင် ငရဲခန်းအကြောင်း

RNA_ဩဂုတ်(၃၁)၊၂၀၂၄ခုနှစ်။   မြဝတီစစ်ကြောရေးအတွင်း ရိုက်နှက်ခံရမှုများ၊ လူငယ်ထိန်းသိမ်းရေးစခန်းအတွင်း မိမိကိုယ်မိမိ သတ်သေဖို့အထိ ကြံစည်ခဲ့မိသည့်ဖြစ်ရပ်များကို မအိစန္ဒာကျော်က ပြောပြထားပါတယ်။   စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့သော မအိစန္ဒာကျော်ကို ၂၀၂၁ ခုနှစ် မေလ ၂၃ ရက်နေ့က မြဝတီမြို့၌ ဖမ်းဆီးခံရစဉ် အသက် ၁၆ နှစ်ကျော်လေးသာ ရှိသေးသည့်အတွက် ကလေးထောင်ဟု အများခေါ်ဝေါ်သည့် တွံတေးမြို့နယ်အတွင်းက လူငယ်ထိန်းသိမ်းရေးစခန်းမှာ ပုဒ်မ ၅၀ (ဈ)ဖြင့် အသက် ၂၀ အထိ နေခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လူငယ်ထိန်းသိမ်းရေးစခန်းမှ လွတ်မြောက်လာတဲ့အတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ပါပြီ ဖြစ်ပါတယ်။   #RedNewsAgency #RNA
Read More