သတင်း

ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ရန်လိုအပ်

ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ရန်လိုအပ်

RNA_အောင်တိုဘာ(၁၄)၊၂၀၂၄ခုနှစ်။   စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား မဆန့်ကျင်ပါက ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းနှင့် အပြောင်းအလဲသည် စစ်တပ်အသာစီးရသည့် နိုင်ငံရေးအခင်းအကျင်းဖြစ်သွားနိုင်သည့် အလားအလာရှိသည်ဟု ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ရဲဘော်ကျော်ကိုကိုက ပြောကြားထားသည်။ Red News Agency
Read More
စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတော်များနှင့် ကလေးငယ်များအပါအဝင် ၁၂ ဦးသေဆုံး

စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတော်များနှင့် ကလေးငယ်များအပါအဝင် ၁၂ ဦးသေဆုံး

RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ ခုနှစ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းအား ယနေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် သံဃာတော်များ၊ ကလေးငယ်များအပါအဝင် (၁၂) ဦးခန့် သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားသည်။ (more…)
Read More
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်သော KIA နှင့်မဟာမိတ်တပ်ရင်းတပ်ဖွဲ့များအားလုံးကို ကျေးဇူးတင်ဂုဏ်ယူကြောင်း ကျားသစ်နက်တပ်မတော်ထုတ်ပြန်

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်သော KIA နှင့်မဟာမိတ်တပ်ရင်းတပ်ဖွဲ့များအားလုံးကို ကျေးဇူးတင်ဂုဏ်ယူကြောင်း ကျားသစ်နက်တပ်မတော်ထုတ်ပြန်

RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် KIA နှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များသာမက MOD လက်အောက်ခံ ပြည်သူ့ကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအပါအဝင် တပ်ထောက် ရဲဘော်များ၊ စားနပ်ရိက္ခာမှစ၍ အပြည့်အဝတာဝန်ယူပေးသော နယ်မြေခံ တာဝန်ရှိသူများအား ကျေးဇူးတင် ဂုဏ်ယူမိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ဟု ကျားသစ်နက်တင်္ပမတော်က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စုဖွဲ့လေ့ကျင့်မှု အပတ်စဉ် (၃) ရဲဘော်များအား လက်နက်တပ်ဆင်ပွဲ အခမ်းအနား ပြုလုပ်

စုဖွဲ့လေ့ကျင့်မှု အပတ်စဉ် (၃) ရဲဘော်များအား လက်နက်တပ်ဆင်ပွဲ အခမ်းအနား ပြုလုပ်

RNA_အောက်တိုဘာ (၁၀)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မ တပ်ပေါင်းစုတို့နှင့် ပူးပေါင်းပြီး စုဖွဲ့လေ့ကျင့်မှု သင်တန်း အပတ်စဉ် (၃) ရဲဘော်များအား လက်နက်တပ်ဆင်ပွဲ အခမ်းအနား အောက်တိုဘာ (၉) ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်နက်တပ်ဆင်ပွဲ အခမ်းအနားတွင် ပေါက်၊ မြိုင်၊ ကမ္မတပ် ပေါင်းစု တာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံ အလေးပြုခြင်း၊ ရဲဘော်များကို အားပေးစကားပြောခြင်း၊ စစ်ဖက် အရပ်ဖက် တာဝန်ရှိသူများက လက်နက်တပ်ဆင်ပေးခြင်းများ ပြုလုပ်််ခဲ့သည်ဟု မြိုင် -ပကဖ ထံမှ သိရသည်။ #RedNewsAgency #RNA
Read More
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင် တိုက်ပွဲဝင်ခဲ့

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင် တိုက်ပွဲဝင်ခဲ့

RNA_အောက်တိုဘာ(၉)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးပါဝင်တိုက်ပွဲဝင်ခဲ့ပြီး ရဲဘော် (၅) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗျူဟာ (၄၂) တာဝန်ရှိသူများထံမှ သိရသည်။ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးအတွက် ယင်းမာပင်ခရိုင် ဗျူဟာ (၄၂) မှ ရဲဘော် (၇၇) ဦးသည် ဩဂုတ်လ (၈) ရက်နေ့ကတည်းက ထွက်ခွါ တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယင်းမာပင်ရိုင် ဗျူဟာ (၄၂) ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က အတည်ပြုခဲ့ကြောင်း၊ ဗျူဟာ (၄၂) တွင် ယင်းမာပင်ခရိုင် တပ်ရင်း(၁၁) ကျားသစ်နက်တပ်မတော်၊ တပ်ရင်း…
Read More
စစ်ကောင်စီတပ်ပျူရွာမှာခြေချပြီး အနီးအနားကျေးရွာများကို ဒရုန်းဗုံးကြဲ

စစ်ကောင်စီတပ်ပျူရွာမှာခြေချပြီး အနီးအနားကျေးရွာများကို ဒရုန်းဗုံးကြဲ

RNA_အောက်တိုဘာ(၉)၊၂၀၂၄ခုနှစ်။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မူးတိမ်ပျူရွာနှင့်မူးခွပျူရွာတို့တွင် စစ်ကောင်စီလက်အောက်ခံများ အခြေချပြီး အနီးအနားကျေးရွာများဖြစ်သည့် ထန်းကုန်းကြီး၊ သာဂရ နှင့် မြောက်ရွာရှည်စသည့် ကျေးရွာများကို ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့်ပျူများက အောက်တိုဘာ ၆ ရက်နေ့က ထန်းကုန်းကြီးကျေးရွာ စာသင်ကျောင်း၊ အောက်တိုဘာ ၇ ရက်နေ့က သာဂရကျေးရွာ၊ အောက်တိုဘာ ၈ ရက်နေ့က မြောက်ရွာရှည် ကျေးရွာတို့ကို ဒရုန်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
တပ်စခန်းကို တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် လင်းဇင်းကျေးရွာပြည်သူများ တပတ်အတွင်း ထွက်ခါရန် PDF (၂) ဖွဲ့ ကြေညာ

တပ်စခန်းကို တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် လင်းဇင်းကျေးရွာပြည်သူများ တပတ်အတွင်း ထွက်ခါရန် PDF (၂) ဖွဲ့ ကြေညာ

RNA_အောက်တိုဘာ(၈)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းကျေးရွာ ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် လင်းဇင်းကျေးရွာနေပြည်သူများ အောက်တိုဘာ (၇) ရက်မှစတင်ပြီး တပတ်အတွင်း ကျေးရွာအတွင်းနေထိုင်ခြင်း မပြုကြရန် NUG/MOD PDF မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်းနှင့် အမှတ် (၅) တပ်ရင်းတို့က ကြေညာချက်ထုတ်ပြန်ထားသည်။ (more…)
Read More
အခြေခံစစ်ပညာသင်တန်းကာလအတွင်း အခြေခံနိုင်ငံရေးသိပ္ပံနှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်များကိုပါ ထည့်သွင်းသင်ကြားနေ

အခြေခံစစ်ပညာသင်တန်းကာလအတွင်း အခြေခံနိုင်ငံရေးသိပ္ပံနှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်များကိုပါ ထည့်သွင်းသင်ကြားနေ

RNA_အောက်တိုဘာ(၇)၊၂၀၂၄ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း (N.S.S.A.A) ၏ အပတ်စဉ် (၄) အခြေခံစစ်ပညာသင်တန်းကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိထားသင့်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်များ၊ အခြေခံနိုင်ငံရေးသိပ္ပံပညာနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း၏ ဖွဲ့စည်းပုံမူဝါဒစသည်တို့ကို ထည့်သွင်းသင်ကြားပေးနေကြောင်း သိရသည်။ (more…)
Read More
ပြည်သူ့ဒီမိုကရက်တစ်တပ်တော်နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦးတို့ ပူးပေါင်းစစ်ကြောင်း တိုက်ပွဲဝင်နေ

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦးတို့ ပူးပေါင်းစစ်ကြောင်း တိုက်ပွဲဝင်နေ

RNA_အောက်တိုဘာ(၇)၊၂၀၂၄ ခုနှစ်။ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့ ပူးပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း အနေဖြင့် အညာဒေသတွင် တိုက်ပွဲဝင်နေပြီး အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် စစ်သုံးစစ်ကို တတ်စွမ်းသမျှအမြစ်ပြတ်ချေမှုန်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း ယနေ့ အသိပေးထုတ်ပြန်ထားသည်။ "တော်လှန်ရေးတပ်တွေအဖို့ ညီညွတ်ရေးတပ်ပေါင်းစုကို မျှော်ရည်ထားတဲ့ ကျနော်တို့အမှတ်(၈)စစ်ကြောင်းဟာ ဒုတိယသက်တမ်း ဒုတိယ ခြေလှမ်းကိုလည်း ဆက်လက်လျှောက်လှမ်းနေပြီး အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် စစ်သုံးစစ်ကို တတ်စွမ်းသမျှ အမြစ်ပြတ်ချေမှုန်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း အသိပေးအပ်တင်ပြလိုက်ရပါသည်" ဟု အမှတ် ၈ စစ်ကြောင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
ကျန်းမာရေးဆိုးဝါးပြီး နောက်ဆုံးအချိန်ရောက်မှသာ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို လွှတ်ပေး

ကျန်းမာရေးဆိုးဝါးပြီး နောက်ဆုံးအချိန်ရောက်မှသာ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို လွှတ်ပေး

ဍRNA_အောက်တိုဘာ(၆)၊၂၀၂၄ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က အာဏာသိမ်းသည့် နေ့မှစပြီး ဖမ်းဆီး အကျဉ်းချထားသည့် မန္တလေး တိုင်း၀န်ကြီးချုပ်၊ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်သည် ကျန်းမာရေးဆိုးဝါးပြီး နောက်ဆုံးအချိန်ရောက်မှ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။ "ICU ထဲရောက်နေတဲ့ အခုအခြေအနေက နောက်ဆုံးအခြေအနေလို့ ပြောလို့ရတယ်။ ရှင်သန်ဖို့ နည်းပါးသွားပြီ။ ဒီလို အခြေအနေမှာ ရှင်သန်တဲ့သူတော့ မရှိဘူး။ ဒီနေ့မဟုတ် မနက်ဖန် ဆိုတာမျိုးပဲ။ ရှင်သန်ဖို့အခွင့်အရေးနည်းပါးပြီး နောက်ဆုံးအခြေအနေလို့ ပြောလို့ရတယ်” ဟု CDM ဆရာဝန်တဦးက ပြောပြသည်။ (more…)
Read More