သထုံ

ကျိုက်ထီးရိုးတောင်ခြေတွင် ဖမ်းဆီးရမိသည့် ပျူများ ပြစ်မှုများစွာ ကျူးလွန်ထား

ကျိုက်ထီးရိုးတောင်ခြေတွင် ဖမ်းဆီးရမိသည့် ပျူများ ပြစ်မှုများစွာ ကျူးလွန်ထား

RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်းရေတံခွန်မှာ ဧပြီလ ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သော ပျူများသည် ရက်ရက်စက်စက်ကျူးလွန်သော ပြစ်မှုများစွာ ပြုလုပ်ထားသည့်အတွက် အရေးယူမည်ဟု အမှတ် (၂၇) စစ်ဗျူဟာ တာဝန်ခံက ပြည့်ပြည့်စုံစုံပြောပြထားသည်။ #RedNewsAgency #REDNEWS #REDNEWS
Read More
စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) ဦး တိုက်ခိုက်ခံရပြီး သေဆုံး

စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) ဦး တိုက်ခိုက်ခံရပြီး သေဆုံး

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၂ ခုနှစ်။   မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာအနီးတွင် ယနေ့နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်က ပြည်သူများကို မတရားဖမ်းဆီးလာသည့်ယာဉ်ကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ခဲ့ရာတွင် ဖမ်းဆီးခံရသူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေ့ကျင့်ရေး (၉) ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) သုံးဦးသေဆုံးပြီး (၁) ဦးဒဏ်ရာရကာထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။   "ကားပေါ်မှ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ပါသည်။ မတရားဖမ်းဆီးခံရသူကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါသည်။ ဗိုလ်မှူး ချစ်ဝင်းသူသည် ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် အဓိကပါဝင်သူဖြစ်ပြီး သထုံမြို့တွင်း တက်ကြွလှုပ်ရှားသူများအား မတရားဖမ်းစီးချင်း ဝီယော်ကျေးရွာ ရေတံခွန်လာသော လူငယ်များအား မတရားဖမ်းစီးချင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချချင်း…
Read More
စုပေါင်း ဦးဆောင်မှုဖြင့် PDF (၂၅) ဖွဲ့ ပူးပေါင်းကာ ဘုံရန်သူအား တော်လှန်မည်

စုပေါင်း ဦးဆောင်မှုဖြင့် PDF (၂၅) ဖွဲ့ ပူးပေါင်းကာ ဘုံရန်သူအား တော်လှန်မည်

RNA_အောက်တိုဘာ(၃)၊၂၀၂၂ ခုနှစ်။ KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ မှ စည်းရုံးဦးဆောင်၍ နယ်မြေအတွင်း ပြန့်ကျဲနေသော PDF (၂၅) ဖွဲ့ပူးပေါင်း၍ “KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု” အဖြစ် စုစည်းကာ ဘုံရန်သူအား တော်လှန်သွားမည်ဖြစ်ကြောင်း သိရသည်။ " မှတ်ပုံတင်ခွင့်တောင်းခံထားသော အဖွဲ့အစည်းများအနက် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာမည်ဖြစ်ကြောင်း ကတိကဝတ်ပြုသည့် အဖွဲ့အစည်း(၂၅)ဖွဲ့အား အသိအမှတ်ပြုမှတ်ပုံတင်ကဒ်ပြား ထုတ်ဝေပေးခဲ့ပြီး အဖွဲ့အစည်းခေါင်းဆောင်များအားလုံးမှ“တပ်ပေါင်းစုအသွင်”ဖြင့် ဘုံရန်သူအား စုပေါင်းတော်လှန်သွားရန် တညီတညီတညွတ်တည်း ဆုံးဖြတ်ခဲ့၍ ၎င်းအဖွဲ့အစည်း(၂၅)ဖွဲ့စုပေါင်း၍“KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု” အဖြစ် အောင်မြင်စွာဖွဲ့စည်းပြီး ဖြစ်ကြောင်း" မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ၊ KNU သထုံခရိုင် တပ်မဟာ (၁)က ယနေ့ ထုတ်ပြန်ထားသည်။…
Read More