RNA_ ဇူလိုင် ( ၁၈) ၊၂၀၂၄ ခုနှစ်။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်– မုံရွာ ကားလမ်းပေါ်ရှိ ကျောက်တိုင်ကျေးရွာနှင့် ပန်းပင်ကုန်းကျေးရွာအကြား လမ်းပိုင်းတစ်နေရာတွင် ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က တိုင်တားကျေးရွာမှ ပြန်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီယာဉ်အား တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ရာ ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်းအပါအဝင် ၂၁ ဦး ဒဏ်ရာရပြီး ( ၆) ဦးသေဆုံးခဲ့သည်ဟု မင်းတုန်းမြို့နယ် ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကားရှေ့ခန်းမှ လိုက်ပါလာသော သရက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်း ဗိုက်၊ပေါင်၊ လက်မောင်း ၃ နေရာထိမှန်ပြီး မင်းတုန်းဆေးရုံမှာ မနိုင်သည့်အတွက် သရက်ဆေးရုံသို့ အခြား ဒဏ်ရာရ စခများနှင့်အတူ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ပို့ဆောင်ကုသနေပြီးနောက် အဆင်မပြေသည့်အတွက် ယနေ့ နေ့လည်ပိုင်းတွင် မကွေးဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း သိရသည်။
မင်းတုန်းမြို့နယ် ပကဖ ရဲဘော်များ နယ်မြေစိုးမိုးနိုင်ရေးအတွက် ပုသိမ် – မုံရွာလမ်းပေါ်တွင် စစ်ဆေးမှု ပြုလုပ်နေသည့် မြင်ကွင်း။
“ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတဲ့ ဒုဗိုလ်မှူးကြီးက အရင်တုန်းက မင်းတုန်းမြို့ရဲ့ အနော်ကဖက် အထွက် ရခိုင်ရိုးမကိုကာတဲ့ ဂိတ်မှာ စစ်ကြောင်းမှူးအနေနဲ့ တာဝန်ကျခဲ့တာပေါ့။ အဲကနေမှ ရာထူးတိုးနဲ့ ဒုဗိုလ်မှူးကြီးဖြစ်ပြီးတော့ သရက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌအနေနဲ့ တာဝန်ကျလာတဲ့သူလို့ သိထားပါတယ်” ဟု မင်းတုန်းမြို့နယ် ပကဖ တာဝန်ရှိသူတဦးက Red News Agency ကိုပြောသည်။
စစ်ကောင်စီတပ်သားများကို စောင့်ကြိုတိုက်ခိုက်သည့် တော်လှန်ရေးအင်အားစုများမှာ – မင်းတုန်းမြို့နယ် ပ. က. ဖ၊ မင်းလှမြို့နယ် ပ. က. ဖ၊ မကွေးမြို့နယ် ပ. က. ဖ၊ United States Of Burma Army – USBA ၊ West River Army -WRA ၊ Key Of Revolution Guerrilla Force ရဲဘော်များဖြစ်သည်ဟု Mindon Township People Defense Organization ( မင်းတုန်းမြိုနယ်ပကဖ) ထံမှ သိရသည်။

#RedNewsAgency