Tag: ပဒါန်းမြို့နယ်

  • တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၈) ဦးအရှင်ဖမ်းဆီးရမိ

    တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၈) ဦးအရှင်ဖမ်းဆီးရမိ

    RNA_ဧပြီ(၂၁)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ပဒါန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ရဲဘော်များပါဝင်သော မဟာမိတ်များနှင့် တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး၊ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် (၁၈) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


    ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၂၃) ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီး၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ (၆၃) ဦးသေဆုံးပြီး အရှင် (၁၈) ဦးဖမ်းဆီးရမိခဲ့သည်ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ကယနေ့ ထုတ်ပြန်ထားသည်။
    (more…)

  • ပဒါန်းဘက်မှတက်လာသော အင်အား ၁၀၀ ခန့်ပါ ခဲယမ်းတင်ကား (၄)စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

    ပဒါန်းဘက်မှတက်လာသော အင်အား ၁၀၀ ခန့်ပါ ခဲယမ်းတင်ကား (၄)စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

    RNA_ဇန်နဝါရီ(၂၃)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီးကျေးရွာ အနောက်ဘတ်တွင် ပဒါန်းမှတက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ၏ ခဲယမ်းတင်ကား (၄) စီးအား PRA -Magway ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ရာ ကား (၁) စီးပျက်စီးပြီး (၅) ဦးသေဆုံးသွားသည်ဟု သိရသည်။

    (more…)

  • စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များ ခြုံခိုတိုက်ခိုက်

    စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များ ခြုံခိုတိုက်ခိုက်

    RNA_နိုဝင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအရှေ့ဘက်တွင် အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား လူထုတော်လှန်ရေးမဟာမိတ် အင်အားစု (PRA-Magway) ရဲဘော်များက နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က ခြုံခိုက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များက ၁၅ မိနစ်ခန့် ခြုံခိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် (၉) ဦးသေဆုံး​ (၁၀) ဦးခန့် ဒဏ်ရာရရှိကြောင်း တိုက်ပွဲအတွင်းမြင်တွေ့ခဲ့ရသည်ဟု PRA-Magway၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red News Agency အနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။

    (more…)