အကျဉ်းထောင်

နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် နှလုံးနှင့်ပတ်သက်သော ရောဂါမရှိသော်လည်း နှလုံးဖောက်သေဆုံးဟု ထောင်အာဏာပိုင်များပြော

နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် နှလုံးနှင့်ပတ်သက်သော ရောဂါမရှိသော်လည်း နှလုံးဖောက်သေဆုံးဟု ထောင်အာဏာပိုင်များပြော

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၅ ခုနှစ်။ ပဲခူးတိုင်း၊ သာယာဝတီမြို့ရှိ အကျဉ်းထောင်တွင် လက်နက်ပုဒ်မ ၂၃ (က)ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်(၃)နှစ် အပြစ်ချမှတ်ခံထားရသည့် အသက်(၃၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် (ခ) ကိုကုလားကြီးသည် နှလုံးနှင့် ပတ်သက်သော ရောဂါမရှိသော်လည်းဇန်နဝါရီလ (၅) ရက်နေ့က ရုတ်တရက်နှလုံးဖောက်ရောဂါကြောင့် ကျဆုံးခဲ့ရသည်ဟု ထောင်အာဏာပိုင်များက ပြောကြားထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးထပ်ကြဲသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးနေဝင်းအပါအဝင် ၄ ဦးထပ်မံသေဆုံး

စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးထပ်ကြဲသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးနေဝင်းအပါအဝင် ၄ ဦးထပ်မံသေဆုံး

RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၃၀ ရက်) နံနက်စောစော (၁) နာရီခန့်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသော စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးနေဝင်းပါအဝင် ၄ ဦးထပ်မံသေးဆုံးသွားကြောင်း သိရသည်။ "အကြမ်းဖက် စစ်ကောင်စီသည် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး (၂)ရက်တာအတွင်း သေဆုံးသူ(၁၆)ဦး အထိရှိလာခဲ့ပြီဖြစ်သည်"ဟု ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို တော်လှန်ရေးအင်အားစုများ စောင့်ရှောက်ထား

လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို တော်လှန်ရေးအင်အားစုများ စောင့်ရှောက်ထား

RNA_ဇူလိုင်(၂၉)၊၂၀၂၄ ခုနှစ်။ MNDAA ဦးဆောင်သော တော်လှန်ရေးအင်အားစုများ စစ်ကောင်စီလက်အောက်မှ တိုက်ခိုက်စိုးမိုးထားသည့် လားရှိုးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို လားရှိုး ပြည့်သူ့ကာကွယ်ရေးအဖွဲ့နှင့် တော်လှန်ရေးအင်အားစုများက စောင့်ရှောက်ထားကြောင်း သိရသည်။ "ဆရာဦးထွန်းထွန်းဟိန်အပါနိုင်ကျဉ်း (၂၀၀)ကျော်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လားရှိုးခရိုင်နဲ့တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်” ဟု NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေက အသိပေးပြောကြားထားသည်။ လားရှိုး -မူဆယ်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၆၈ တပ်ရင်းကို MNDAAနှင့် ပူးပေါင်းတပ်ဖွဲ့က ဇူလိုြ်လ ၂၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လားရှိုးအကျဉ်း ထောင်ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် လွတ်မြောက်လာသူများနှင့်…
Read More
သာယာဝတီအကျဉ်းထောင်တွင် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရ

သာယာဝတီအကျဉ်းထောင်တွင် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရ

RNA_မေ(၂၉)၊၂၀၂၃ ခုနှစ်။   ရန်ကုန်မြို့ အင်းစိန်ထောင်မှ ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရပြီးနောက် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်းသည် သာယာဝတီထောင်အတွင်း ညှင်းပမ်းနှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် မေလ ၂၁ ရက်နေ့က ကျဆုံးသွားခဲ့ကြောင်း သိရသည်။   ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ မဲကြီး(ခေါ်) ကိုပြည့်ဖြိုးဝင်းသည် ကျန်းမာရေးကောင်းမွန်နေသည့်ကြားမှ ယခုလိုသေဆုံးခဲ့ခြင်းကို သာယာဝတီထောင်အဏာပိုင်များက အဆုတ်ပိုးဝင်ပြီး သေဆုံးသည်ဟု မိသားစုကို ပြောကြားထားကြောင်း၊ မိသားစုသည် သာယာဝတီထောင်သို့ မေလ ၂၂ ရက်နေ့က လိုက်သွားခဲ့ရာ ကိုပြည့်ဖြိုးဝင်း၏ ရုပ်အလောင်း မျက်နှာအား မြင်တွေ့ခွင့်ရခဲ့ကြောင်း၊ ထောင်အာဏာပိုင်များက ဆေးရုံတင်ပြီး ၄ ရက်မြောက်မှ သေဆုံးခဲ့သည်ဟု မိသားစုကို အသိပေးခဲ့ကြောင်း…
Read More
ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ကို စစ်ကောင်စီလက်အောက်ခံ အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ်(၂၂)နှစ်စီ ယနေ့ ချမှတ်ခဲ့ကြောင်း သိရသည်။   (more…)
Read More