သပိတ်ကျင်းမြို့နယ်

လင်းယုန်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်လင်းယုန် သပိတ်ကျင်းမြို့နယ် တိုက်ပွဲတွင် ကျဆုံး

လင်းယုန်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်လင်းယုန် သပိတ်ကျင်းမြို့နယ် တိုက်ပွဲတွင် ကျဆုံး

RNA_ဇန်နဝါရီ(၂၄)၊၂၀၂၅ခုနှစ်။   စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ စစ်ဒေသ (၂) လင်းယုန်တပ်ခွဲ - လင်းယုန်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် ဇင်မျိုးလင်း (ခ) ရဲဘော်လင်းယုန် (အသက် ၂၄ နှစ်) သည် မန္တလေး PDF နှင့် ပူးပေါင်းပြီး မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် (၇) မိုင်ကျေးရွာ၊ အမှတ် (၂) စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းအား ခံစစ်ပြင်ရင်ဆိုင်ထားစဉ် ဇန်နဝါရီလ ၂၀ ရက်နေ့က ကျဆုံးခဲ့ရကြောင်း သိရသည်။ #RedNewsAgency #RNA #rednews
Read More
သပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀) တပ်စခန်းကို မန္တလေး PDF သိမ်းပိုက်

သပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀) တပ်စခန်းကို မန္တလေး PDF သိမ်းပိုက်

RNA_ဩဂုတ်(၂၆)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀) တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ် စိုးထိုက်ကျော်ဦးစီးပြီး အင်အား ၄၀၀ ခန့်ဖြင့် အခြေပြုလှုပ်ရှားနေသော တပ်စခန်းကို ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။   စစ်ကောင်စီ၏ ကွင်း(၅၀၀)တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက ဩဂုတ်လ ၅ ရက်နေ့မှ စတင်တိုက်ခိုက်ရာ ဩဂုတ်လ ၂၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိကြောင်း၊ ရန်သူ့လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   #RedNewsAgency #RNA
Read More
တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄) ဦးသေဆုံးပြီး (၂၀) ဦးအရှင်ဖမ်းခံရ

တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄) ဦးသေဆုံးပြီး (၂၀) ဦးအရှင်ဖမ်းခံရ

RNA_ဩဂုတ်(၁၄)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်မှ (၆၄)ဦးသေဆုံးကာ (၂၀) ဦးအရှင်ဖမ်းဆီးခံခဲ့ရသည်ဟု အမှတ် (၁) စစ်ဒေသ (စစ်ကိုင်း) ထံမှ သိရသည်။   တကောင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံများတပ်စွဲထားသော ထွေအုပ်ရုံး၊ ဆေးရုံ၊ ရဲစခန်းနှင့် လေးမျက်နှာဘုရားနေရာများကို ဩဂုတ်လ ၁၁ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၁၂ ရက်နေ့တွင်အပြီးသတ်သိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ (၆၄) ဦး သေဆုံးပြီး (၂၀) ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၈၃) လက်၊ ကျည်မျိုးစုံ (၁၄၀၀၀) ကျော်၊ ဗုံးသီးမျိုးစုံ (၁၃၀) ခန့် သိမ်းဆည်းရမိပြီးခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစုများဘက်မှ…
Read More
သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း တပ်စခန်းကို မန္တလေး PDF အပြီးသတ် ထပ်မံသိမ်းပိုက်

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း တပ်စခန်းကို မန္တလေး PDF အပြီးသတ် ထပ်မံသိမ်းပိုက်

RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဇရပ်ကွင်း တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက ဩဂုတ်လ ၁၁ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း (၉) ခုအထိ သိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။   ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သပိတ်ကျင်းမြို့နယ်အတွင်း သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်းများမှာ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း၊ ဖက်ရှည်ရွာ တပ်စခန်းနှင့် ဇရပ်ကွင်းတပ်စခန်းတို့ကို ဖြစ်သည်။ (more…)
Read More
သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

RNA_ဩဂုတ်(၁၀)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲဘော်များက ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။   သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲဘော်များ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်းများမှာ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။   #RedNewsAgency
Read More
သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို မန္တလေး PDF သိမ်းပိုက်နိုင်ခဲ့

သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို မန္တလေး PDF သိမ်းပိုက်နိုင်ခဲ့

RNA_ဩဂုတ်(၁၀)၊၂၀၂၄ ခုနှစ်။   ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ကို သိမ်းပိုက်ထားနိုင်ပြီးနောက် သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။   သပိတ်ကျင်းမြို့နယ်အတွင်းမှ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More