Major Earthquake

ရှေးဟောင်းတိုက်ကျောင်း ပြိုကျမှုအတွင်း ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရ

ရှေးဟောင်းတိုက်ကျောင်း ပြိုကျမှုအတွင်း ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရ

RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ကြောင့် ပြိုကျပျက်စီးမှုအတွင်း ပိတ်မိပြီး ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရပါသည်ဟု ဧပြီလ ၁ ရက်နေ့မှာ အရှင်အာစိဏ္ဏက အသိပေးထားသည်။ (more…)
Read More
လက်မှုပစ္စည်းမျိုးစုံရောင်းချမှုမှ ရရှိသောငွေအားလုံးကို ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းမည် 

လက်မှုပစ္စည်းမျိုးစုံရောင်းချမှုမှ ရရှိသောငွေအားလုံးကို ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းမည် 

RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးများ၊ CDM အမျိုးသမီးလေးများစသည့် အမျိုးသမီးများ စုဖွဲ့ထားသော Resilient Women's Creative Network အဖွဲ့ဝင်များ၏ ကိုယ်တိုင်ထုတ်လုပ်ထားသည့် လက်မှုပစ္စည်းထုတ်ကုန်မျိုးစုံအရောင်းပြပွဲမှ ရောင်းရသမျှငွေအားလုံးကို မြန်မာနိုင်ငံအတွင်းက ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။  Resilient Women's Creative Network အဖွဲ့ဝင်များ၏ လက်မှုပစ္စည်းထုတ်ကုန်များကို Blue Pond Cafe မှာလည်း ဝယ်ယူရရှိသလို ယနေ့ (ဧပြီလ ၁ ရက်) ညနေပိုင်းတွင်လည်း Memories of Maesot မှာပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ ပြပွဲနှင့်ရောင်းချမှုများကို မဲဆောက်ရှိ မြန်မာအများစုရှိသော နေရာများတွင် (၃) ရက်တိုင်ပြုလုပ်သွားမည်ဟု မဇာလီက ပြောပြထားသည်။ #RedNewsAgecny #RNA…
Read More
၉၁ နာရီကြာ ပိတ်မိနေသော အသက် ၆၃ နှစ်အရွယ်အမျိုးသမီးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်

၉၁ နာရီကြာ ပိတ်မိနေသော အသက် ၆၃ နှစ်အရွယ်အမျိုးသမီးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်

RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ တွင် ငလျင်စတင်လှုပ်ခတ်ပြီး ၉၁ နာရီအကြာ ပိတ်မိနေသော အသက် (၆၃) နှစ်အရွယ် အမျိုးသမီးကြီးအား ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၅၈ မိနစ်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်အဖွဲ့က အသိပေးထားသည်။ (more…)
Read More
စစ်ကိုင်း ဗလီ ၃ လုံးပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ၂၄၀ ခန့် သေဆုံးနိုင်

စစ်ကိုင်း ဗလီ ၃ လုံးပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ၂၄၀ ခန့် သေဆုံးနိုင်

RNA_မတ်(၃၁)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းမြို့ရှိ ဗလီ ၃ လုံး ငလျင်လှုပ်ခဲ့သည့်နေ့က ပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ၂၄၀ ခန့် သေဆုံးနိုင်ပြီး စစ်ကိုင်းမြို့တွင် အလောင်း ၃၀၀ ကျော် ရှာဖွေတွေ့ရှိထားပြီဟု ရှာဖွေကယ်ဆယ်ရေးလုပ်သူများနှင့် ဒေသခံများထံမှ သိရသည်။ အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် သောကြာ (ဂျူမူအာဟ်) စုပေါင်းဝတ်ပြုနေကြချိန် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့သည့်အတွက် စစ်ကိုင်းမြို့မှ မြို့မဗလီ၊ မြို့တော်ဗလီနှင့် မိုယ်းကျဂျာမေ့အ်ဗလီတို့ ပြိုကျခဲ့ရသည့်အတွက် ဝတ်ပြုဆုတောင်းနေကြသည့် အစ္စလာမ်ဘာသာဝင်များ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ရာသီဥတုပူပြင်းနေသည့်အတွက် စစ်ကိုင်းမြို့ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးနေသည့် အဆောက်အဦများအတွင်းမှ…
Read More
စစ်ကိုင်း ငလျင်ဘေးခံစားရသူများကို ယနေ့ညနေအထိ ကယ်ဆယ်မှု မပြုလုပ်နိုင်သေး

စစ်ကိုင်း ငလျင်ဘေးခံစားရသူများကို ယနေ့ညနေအထိ ကယ်ဆယ်မှု မပြုလုပ်နိုင်သေး

RNA_မတ်(၂၉)၊၂၀၂၅ ခုနှစ်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် စစ်ကောင်စီ၏ တပ်မ ၃၃ အထိုင်ချတပ်စွဲပြီး စိုးမိုးနယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူများကို ၂၄ နာရီအကျော်အထိ အကူအညီများပေးနိုင်ခြင်း (ကယ်ဆယ်ရေးလုပ်ငန်းများ) မရှိသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် အပျက်အစီးများသော်လည်း စက်ယန္တရားများဖြင့်သာလုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ယနေ့ညနေပိုင်းအထိ ပိတ်မိနေသူ အများအပြားကို မကယ်ထုတ်နိုင်သေးကြောင်း၊ စစ်ကိုင်းမြို့တွင် သာသနိကအဆောက်အအုံများတွင်လည်းပျက်စီးမှုရှိပြီး ဒေသခံများအကြား ပြောကြားနေမှုတွင် သေဆုံးသူ ၃၀၀ ခန့်ရှိပြီး အရေအတွက်ထပ်တိုးနေသည်ဟု သိရသည်။ (more…)
Read More
ဗလီအဆောက်အဦ ပြိုကျပြီး သေဆုံးသူ (၂)ဦးအတွက် NUG တာဝန်ရှိသူများက (၂) သိန်းကျပ်လှူဒါန်း

ဗလီအဆောက်အဦ ပြိုကျပြီး သေဆုံးသူ (၂)ဦးအတွက် NUG တာဝန်ရှိသူများက (၂) သိန်းကျပ်လှူဒါန်း

RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။စစ်ကိုင်းတိုင်းအတွင်းရှိ ဗလီတခုတွင် ဝတ်ပြုဆုတောင်းနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီအဆောက်အဦ ပြိုကျပြီး (၂) ဦးသေဆုံးခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ် ပအဖတာဝန်ခံနှင့်အတူ တာဝန်ရှိသူများက (၂) သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ (more…)
Read More
ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်း ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ထုတ်ပြန်ချက်အရ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်သည်ဟု သိရသည်။ အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ဇောက်တိမ်အမျိုးအစား ငလျင်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင်…
Read More