Category: ဆောင်းပါး

  • နွေဦးတော်လှန်ရေးရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတဲ့ ၂၀၂၃

    နွေဦးတော်လှန်ရေးရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတဲ့ ၂၀၂၃

    “နိုင်ငံတစ်နိုင်ငံမှာ အာဏာတည်ရှိရာဟာ ပြည်သူသာဖြစ်တယ်။ စစ်တပ်အနေနဲ့လည်း လက်နက်အားကိုး ဘယ်လိုပဲ အနိုင်ကျင့်နေပေမယ့် ပြည်သူလက်မခံတဲ့ အခြေအနေကြုံလာတဲ့အချိန်မှာ အရှုံးနဲ့သာရင်ဆိုင်ရမှာ”
    ********************

    မောင်ဝိ

    ဒီကနေ့အချိန်မှာတော့ စစ်ကောင်စီချုပ်ငြိမ်းဖို့ မကြာတော့ဘူးလို့ ပြောရနိုင်တဲ့အခြေအနေဖြစ်နေပြီ။ ဘာ့ကြောင့်လဲဆိုတော့ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး ရေချိန်ဟာ တနှစ်ထက်တနှစ်ပိုမိုမြင့်တက်လာတာကြောင့်ပဲ ဖြစ်တယ်။ ၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေး ၃ နှစ်အတွင်း စစ်ရေး နိုင်ငံရေးနဲ့ နိုင်ငံတကာ အရေးတွေအပါအဝင် စစ်ကောင်စီဘက်မှာ ပြိုကျနေပြီး တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးရတဲ့ နှစ်လို့ ပြောရပါတယ်။

    အသိသာဆုံးနဲ့ အထင်ရှားဆုံး နားလည်အောင် ပြောရမယ်ဆိုရင်၊ ၂၀၂၂ ခုနှစ်မှာ စစ်တပ်ထောက်ခံသူတွေဘက်က “ဘယ်တပ်ရင်းတွေ သိမ်းပြီးပြီလဲ” ဆိုတဲ့ မေးခွန်းထုတ်မှုမျိုးနဲ့ တော်လှန်ရေးကို ချိုးနှိမ်ခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ “မြို့တွေကို တိုက်တော့ မြို့ပျက်တာပဲ အဖက်တင်တယ်” ဆိုတဲ့ပြောဆိုမှုတွေနဲ့ အစားထိုးလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်ဟာ မြို့သိမ်းနိုင်တဲ့အထိ အောင်မြင်မှုတွေ စစ်ကောင်စီရဲ့ တပ်စခန်းနဲ့ ဗျူဟာကုန်းများစွာကို သိမ်းဆည်းနိုင်ခဲ့တယ်။ မြို့သိမ်းပြီး အုပ်ချုပ်ရေးတွေပါ အကောင် အထည်ဖော်လာနိုင်တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၂-၂၀၂၃ ကာလအပိုင်းအခြားအတွင်း စစ်ရေးအရတိုးတက်လာမှုပဲ ဖြစ်တယ်။

    ၂၀၂၂ စစ်ရေးအခြေအနေ

    ၂၀၂၂ ကာလအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ COC တည်ဆောက်နိုင်မှု အားနည်းချက်များ၊ စစ်ရေးစွမ်းရည်များ အနေနဲ့လိုအပ်ချက် တချို့ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် အတွင်းမှာဆိုရင် စစ်ကောင်စီဘက်က လက်နက်အင်အားပြည့်စုံမှုမရှိတဲ့ အညာဒေသကို ပစ်မှတ်ထား ဖိနှိပ်မှုတွေလုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ကိုယ်ထူကိုယ်ထနဲ့ လက်နက်စွဲကိုင်ပြီး တော်လှန်ရေးအားကောင်းပါတယ်ဆိုတဲ့ စစ်ကိုင်း၊ မကွေးစတဲ့ အညာဒေသကို အဓိကထား တိုက်ခိုက်ခဲ့တာဖြစ်တယ်။

    အသိသာဆုံးဆိုရင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီရဲ့ Mi-35 ရဟတ်ယာဥ်နဲ့ ပတ်ခတ်မှုနဲ့ နှိုင်းယှဥ်ပြလိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ ကလေး သူငယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့တာဖြစ်ပြီး၊ အခုလိုပုံစံမျိုးနဲ့ အညာဒေသရှိ လက်နက်အင်အားလုံလောက်မှုမရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။

    (more…)

  • စစ်ကောင်စီအပေါ် ဖိအားပေး ခြိမ်းခြောက်လာတဲ့ ရခိုင်စစ်မျက်နှာ

    စစ်ကောင်စီအပေါ် ဖိအားပေး ခြိမ်းခြောက်လာတဲ့ ရခိုင်စစ်မျက်နှာ

    “အင်အားကြီးထွားလာတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့လာရချိန်မှာတော့ ခံစစ်အသွင်ကို တဖြေးဖြေးပြောင်းလဲလာပြီး မကြာခင်မှာ ရခိုင်စစ်မျက်နှာအများအပြားကို စစ်ကောင်စီအနေနဲ့ လက်လွှတ်ဆုံးရှုံးလာရမှာ”

    မောင်ဝိ

    နွေဦးတော်လှန်ရေးကာလ အတွင်း စစ်ရေးတိုးတက်လာမှု၊ စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန်ထိုးနှက်နိုင်ခဲ့တဲ့ စစ်ဆင်ရေးကိုပြောပါဆိုရင် “၁၀၂၇” စစ်ဆင်ရေးကို ပြောရပါမယ်။ အဲ့ဒီစစ်ဆင်ရေးတွေဟာ စစ်ကောင်စီတပ်တွေကို ကြုံသလိုတိုက်ခိုက်တာမဟုတ်ပဲ ဗျူဟာမြောက် ထိုးစစ်ဆင်နေခဲ့တာတွေကို တွေ့ရပါတယ်။ ဒါ့အပြင်

    ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နယ်မြေတွေကိုကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်တဲ့ အိန္ဒိယ-မြန်မာနယ်စပ်၊ ရှမ်းမြောက်ဒေသရှိ တရုတ်- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများအပြင်၊ မြဝတီ- ကော့ကရိတ် လမ်းမတွေကိုပါ ထိန်းချုပ်လာနိုင်တာတွေ့ရတယ်။

    ဒီနေရာမှာ မေ့ထားလို့မရတာက စစ်ကောင်စီတပ်တွေ ကြောက်ရွံ့လာတဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အတွင်းက ရက္ခိုင့်တပ်တော်- AA အကြောင်းပဲ ဖြစ်တယ်။ ဒီထဲကမှ စစ်တပ်အာဏာမသိမ်းခင်က ရခိုင်ပြည်အတွင်းက တိုက်ပွဲ အခြေအနေတချို့ကို ခလရ (၃၅) ရဲ့ တပ်ကြပ်ကြီး ပြောပြလို့ သိခွင့်ရခဲ့တယ်။

    ဖြစ်စဥ်က၂၀၂၀ ပြည့်နှစ်၊ ၁၂ လပိုင်း ၊၂၆ ရက်နေ့မှာ ခလရ (၃၅)၊ ခလရ (၁) နဲ့ နယ်မြေခံ စစ်ကောင်စီတပ်ရင်း (၁)ရင်းတို့ဟာ အမ်းမြို့နယ်ကနေ AA တပ်ဖွဲ့ဝင်တွေရှိနိုင်တဲ့ နေရာတွေကို ချီစစ်ဆင်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန် အမ်းမြို့နယ်နဲ့ စညှင်းရွာကြား၊ မြေပုံမြို့နယ်အစပ်မှာ AA တပ်ဖွဲ့ဝင်တွေရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။

    အဲဒီ တိုက်ပွဲအတွင်း ရှေ့ဆုံးကနေ ချီစစ်ဆင်တဲ့ ခလရ (၁) တပ်ရင်း တစ်ရင်းလုံးဟာ အဆက်အသွယ်ပြတ်တောက်သွားပြီး ကစဥ့်ကလျားထွက်ပြေးသွားခဲ့ကြတယ်။ ဒါဟာ အာဏာမသိမ်းခင်အချိန် စစ်ကြောင်း တခါထိုးရင် တပ်ရင်း (၃) ရင်းခန့်နဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေခဲ့တဲ့ အချိန်က စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းအခြေအနေပဲဖြစ်တယ်။

    (more…)

  • ကျရှုံးခါနီးမှ ငြိမ်းချမ်းရေးလိုချင်တယ် ပြောလာတဲ့ အာဏာသိမ်းစစ်တပ်

    ကျရှုံးခါနီးမှ ငြိမ်းချမ်းရေးလိုချင်တယ် ပြောလာတဲ့ အာဏာသိမ်းစစ်တပ်

    “မင်းအောင်လှိုင်ဘက်က ငြိမ်းချမ်းရေးစကားခေါ်နေပေမယ့် လက်ရှိမြေပြင်မှာတော့ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နားတဝိုက်အထိ ဖိအားပေးခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်”

    မောင်ဝိ

    ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ဒီကနေ့မှာ ၃ နှစ်အထိရှိလာခဲ့ပြီဖြစ်တယ်။ ဒီနေရာမှာ ပြည်သူတွေဘာ့ကြောင့်သွေးမအေးသေးတာလဲဆိုတာ သတိထားမိမယ် ထင်ပါတယ်။ ၁၉၈၈ ခုနှစ် တော်လှန်ရေးကာလအတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ဝါဒမှိုင်းများ၊ ဆက်သွယ်ရေးပြတ်တောက်မှုများ၊ သတင်းစီးဆင်းမှုအားနည်းခြင်းတို့ကြောင့် ပြည်သူအများစုဟာ လပိုင်းအတွင်း ပုံမှန်အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ ဒီကနေ့လို နွေဦးတော်လှန်ရေးကာလမှာတော့ စစ်တပ်အာဏာသိမ်းချိန် ပြည်သူတရပ်လုံးဟာစစ်ဆိုရင် ရေတောင်စစ်မသောက်ဘူးဆိုတဲ့အထိ ခါးခါးသီးသီး ဖြစ်နေကြပါတယ်။

    မှတ်မှတ်ရရအဖြစ်အပျက်တခုကို ပြောပြချင်ပါတယ်။ ၂၀၂၁ အစောပိုင်းကာလမှာ CDM ပြုလုပ်ပြီး ပြည်သူနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့တဲ့ အသက် ၅၀ ကျော် ကျောင်းဆရာမတဦးအကြောင်း ဖြစ်ပါတယ်။ သူဟာ မြို့နယ်ရဲ့ပညာရေး သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်တာကြောင့် စစ်တပ်ကဖမ်းဆီးပြီး စစ်ကြောရေးကို ပို့ခဲ့ပါတယ်။ စစ်ကြောရေးမှာ လူမဆန်စွာ အနိုင်ကျင့်နှိပ်စက်မှုတွေ အပါအဝင်၊ဒီလက်နဲ့ လက် ၃ ချောင်းထောင်ခဲ့တာလားဆိုပြီး လက် ၃ ချောင်းလုံးအချိုးခံလိုက်ရပါတယ်။ ဒါ့အပြင် ညအိပ်ချိန်မပေးဘဲ အလှည့်ကျနဲ့ တနည်းမဟုတ်တနည်းဖြင့် နှိပ်စက်ခဲ့တယ်။ ပြောရမယ်ဆိုရင် အာဏာသိမ်းခါစအချိန် လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြချိန်မှာတောင် အခုလို စစ်တပ်က ရက်စက်ခဲ့ခြင်း ဖြစ်တယ်။

    အာဏာသိမ်းကာလ ၁ နှစ်ကျော်လာချိန်မှာတော့ စစ်တပ်ဟာ တော်လှန်ရေး အားကောင်းတဲ့ ကျေးရွာနေ ပြည်သူတွေအပေါ်  စံချိန်တင် ရက်စက်ခဲ့ပါတော့တယ်။ တချို့သော ဒေသခံပြည်သူတွေဟာ မိသားစုဘဝရပ်တည်ရေးအတွက် လုံးပန်းနေကြရပြီး၊ တော်လှန်ရေးအပေါ် အာရုံမစိုက်မိတာမျိုးရှိကြပါတယ်။ ဒါပေမယ့် စစ်တပ်က ဒေသခံလူထုရဲ့ နေအိမ်တွေမီးရှို့၊ မိသားစုဝင်တွေအပေါ် သတ်ဖြတ်ခြင်းတွေပြုလုပ်လာတဲ့အပေါ် မှာ နာကျဥ်းမှုတွေနဲ့ တွယ်တာငဲ့ကွက်ရမယ့်အရာတွေ မရှိတော့တာကြောင့် စစ်အာဏာရှင် ချုပ်ငြိမ်းရေးဟာ ခုချိန်ထိသွေးမအေးကြပဲ ပိုမိုပါဝင်လာကြခြင်းဖြစ်တယ်။ ဒါအပြင် စစ်ကောင်စီ တပ်သားအများစုဟာ တိုက်ပွဲမှာ သူတို့သာ အသာစီးအနိုင်ရခဲ့မယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ပြုမူခဲ့တာကိုလည်း ပဇီကြီး၊ အနန့်ပါ၊ လက်ယက်ကုန်းစတဲ့ ဖြစ်စဥ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။

    (more…)

  • စစ်တပ်အသည်းအသန်ခုခံနေရတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်-ချင်းလမ်းကြောင်း

    စစ်တပ်အသည်းအသန်ခုခံနေရတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်-ချင်းလမ်းကြောင်း

    “AA ဟာ ရှင်းဝစခန်းကို ဝင်ရောက်တိုက်ခိုက်နေပါပြီ။ ပလက်ဝမှာဆိုရင်လည်း တပ်ရင်းကတစ်ရင်းပဲ ရှိပါတယ်။ နောက်ဆုံးမှာ မီးဝဗျူဟာကုန်းကို AA က ရသွားရင်တော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပြင်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ကိုပါ ဆက်သွယ်နိုင်မယ့်လမ်းကြောင်းကို စိုးမိုးနိုင်တော့မှာ”

    လှဆောင်

    မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်မှာ စစ်တပ်အတွက် အရေးကြီးတဲ့ နေရာ ၅ ခု ရှိပါတယ်။အဲဒါတွေကတော့ ကုလားတန်မြစ်ဘေးက တရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူဟာကုန်း၊ ရှင်းဝစခန်း၊ ပလက်ဝမြို့နဲ့ မီးဝဗျူဟာကုန်းတို့ ဖြစ်ပါတယ်။

    အဲဒီနေရာ ၄ ခုလုံးဟာ ကုလားတန်မြစ်ဘေးတလျှောက်မှာ တည်ရှိနေတာဖြစ်ပြီး အိန္ဒိယ-ရခိုင်ပြည်နယ်-ချင်းပြည်နယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာပါ။

    ကုလားတန်ဘက်စုံစီမံကိန်းကိုတော့ ဦးသိန်းစိန်အစိုးရမတိုင်ခင်ကတည်းက နှစ်နိုင်ငံ အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အခုအချိန် စစ်တွေက နိုင်ငံတကာသင်္ဘောတွေဆိုက်ကပ်နိုင်တဲ့ ဆိမ်ကမ်းဟာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပါပြီ။ အဲဒီကုန်သွယ်ရေးလမ်းကြောင်းဟာ အိန္ဒိယနိုင်ငံအတွက် အရေးကြီးသလို ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တိုးတက်ဖို့အတွက်လည်း အရေးပါတဲ့ဒေသဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရတုန်းက အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး နှစ်နိုင်ငံခွဲထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ဟာ ဒေသနှစ်ခုအဖြစ်ကွဲထွက်ပြီး အိန္ဒိယနိုင်ငံကိုခွသွားတဲ့ ပုံစံမျိုးဖြစ်တာကြောင့် နှစ်နိုင်ငံလုံးဟာ နှစ်ပိုင်းဆီကွဲသွားခဲ့ပါတယ်။

    (more…)

  • မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    “လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် (၄) ဖြတ် လုပ်ခြင်းကို ခံနေရ”

    မောင်ဝိ 

    ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ပြည့်ကာနီး ကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ မြို့ကြီးတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေး သိသိသာသာ တိုးတက်လာချိန်ကို အဓိကပြောပါဆိုရင် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်ပဲ မြောက်ပိုင်းမဟာမိတ် () ဖွဲ့က ဦးဆောင်ခဲ့တဲ့ ရှမ်းမြောက်က စစ်ဆင်ရေးကို စစ်ခေါင်းဆောင်ကိုယ်တိုင် ထိတ်လန့်လာတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။ 

    ၁၀၂၇ မစတင်ခင် ၂ ပတ်လောက်အလိုကတည်းကစစ်တပ်အနေနဲ့ စာထုတ်ပြီး သူ့တပ်ရင်းတွေကို အကြောင်းကြားထားခဲ့တာဖြစ်တယ်လို့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာ ပါခဲ့တဲ့ အရာရှိဖြစ်သူထံမှ သိရပါတယ်။ ၁၀၂၇ မစတင်ခင် အောက်တိုဘာ ၇ ရက်နေ့လောက်ကတည်းက လုံထန်ဘက်မှာ တိုက်ပွဲအသေးစားလေးတွေ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မနက် ၂ နာရီလောက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်ကို အရင်ဝင်သိမ်းခဲ့ပါတယ်။ ဒီနောက် ဟိုပန်နဲ့ ချင်းရွှေဟော်က ကားနဲ့ ၂၅ မိနစ်လောက်သွားရတဲ့ ဟိုပန် ဖောင်ဆိပ်စခန်းမှာကလည်း စစ်တပ်က တပ်စွဲထားတဲ့ အင်အား ၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    ၁၀၂၇ စတင်ခဲ့တဲ့ မနက်ပိုင်း ၄ နာရီလောက်မှာ MNDAA နဲ့မဟာမိတ် ပူးပေါင်း အင်အား ၂၀၀၀ ခန့်ဟာ ဟိုပန်တံတားကို ဝင်စီးခဲ့ပါတယ်။ ဒီနောက် ဖောင်ဆိပ် စစ်ကောင်စီ စခန်းကျခဲ့တယ်။ အဲ့အချိန် ဟိုပန်ထဲက တပ်တွေက လက်နက်ကြီး တွေနဲ့ ဖောင်ဆိပ်တံတားဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့်၊ စစ်တပ်ကအင်အားနဲ့ ပြန်တိုက်နိုင်တာမျိုး မရှိခဲ့ပါဘူး။ ဟိုပန်ဖောင်ဆိပ်ကို သိမ်းပြီး မဟာမိတ်ပူးပေါင်းအဖွဲ့က တံတားကိုဖျက်ခဲ့ပါတယ်။ ဖောင်ဆိပ်ဘက်ကနေ ကွမ်လုံဘက်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆက်တက်တယ်။ ကွမ်းလုံမရောက်ခင် ကောင်းကျဲဘက်မှာ မြောက်ပိုင်း ၃ ဖွဲမှ အဖွဲ့ ၄ နေရာလောက်ခွဲပြီး၊ ကွမ်လုံမှာရှိတဲ့တပ်တွေကို ဒရော့ဗုံးချတာ၊ ရနိုင်မယ်ထင်တဲ့နေရာတွေကိုဝင်ပစ်တယ်။

    (more…)

  • စစ်ကောင်စီနဲ့ မြောက်ပိုင်း ညီနောင် ၃ဖွဲ့တွေ့ဆုံမှု ဘာလဲ ဘယ်လဲ

    စစ်ကောင်စီနဲ့ မြောက်ပိုင်း ညီနောင် ၃ဖွဲ့တွေ့ဆုံမှု ဘာလဲ ဘယ်လဲ

    “မြောက်ပိုင်းညီနောင် ၃ဖွဲ့ကို ရှုံးခဲ့ရင် စစ်ကောင်စီအနေနဲ့ နယ်မြေဆုံးရှုံးတာတစ်ခုကလွဲပြီး လက်ရှိထိုင်ခုံပေါ်ကနေ ဆင်းပေးစရာ မရှိနိုင်တာကိုတွေ့ရှိရပါတယ်။ သို့သော် NUG ကိုသာ ရှုံးနိမ့်ခဲ့ရင် စစ်ကောင်စီအနေနဲ့ ခုံပေါ်က ခွေးကျ ကျမှာဖြစ်သလို နောက်ကြောင်းပြန်အရေးယူမှုတွေကြောင့် အာဏာသိမ်းမှုမှာ ပါ၀င်တဲ့ မင်းအောင်လှိုင်မှ အစ အောက်ခြေ တိုင်းမှူး၊ဗိုလ်မှူးတွေအထိ ကြိုးစင်တက်ရမှာ”
    ************************************
    ရာဟု ( Simon)

    အောက်တိုဘာ ၂၇ရက်နေ့တွင် MNDAA ၊ TNLA နှင့် AA အစရှိတဲ့ ညီနောင် ၃ ဖော်မှ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်မှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး သမိုင်းဝင်တိုက်ပွဲတွေကို စတင်ဖော်ဆောင်ခဲ့ပါတယ်။

    တိုက်ပွဲစတင်လျှင် စတင်ခြင်းနေ့မှာပဲ ဖွဲ့စည်းပုံနဲ့ စည်းကမ်းပိုင်း၊ တိုက်ခိုက်ရေးပိုင်းလျော့ရဲနေတဲ့ စစ်ကောင်စီရဲ့ တပ်တွေဟာ ညီနောင် ၃ဖော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအောက်မှာ အထိနာခဲ့ပြီး ရုတ်ချည်းဆိုသလို ချင်းရွှေဟော်အပြင် စစ်ကောင်စီ၏ အရေးပါသည့် ခံစစ်စခန်းများကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် လက်နက်ချ အညံ့ခံသူတွေလည်း ရှိခဲ့ပြီး လက်နက်ခဲယမ်းမျိုးစုံကိုလည်း ဆုံးရှုံးခဲ့ရတာကိုတွေ့ရှိရပါတယ် ။

    အခုဆို ၁၀၂၇ စစ်ဆင်ရေးရဲ့ တစ်လကျော်အချိန်ကာလတစ်ခုကိုရောက်လာတဲ့ အချိန်မှာတော့ စစ်ကောင်စီဘက်မှ မြို့​ပေါင်း ၅ မြို့၊ စစ်စခန်း​ပေါင်း ၂၀၀ ​ကျော်နဲ့ မြန်မာ-တရုတ်နယ်စပ်ဂိတ် ၅ ဂိတ်နှင့် လက်နက်ခဲယမ်းများစွာကို ညီ​နောင်မဟာမိတ် ၃ ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့သလို နယ်စပ်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ အာဏာစက်နဲ့ ထိန်းချုပ်မှုဟာလည်း တစ်စစီပြိုလဲသွားတာကို တွေ့မြင်ခဲ့ရပါတယ်။

    ဒီလို စစ်ရေးအရရော ၊ နယ်မြေစိုးမိုးမှုအရပါ ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ၁လကျော်ကြာတဲ့အချိန်မှာပဲ တရုတ်ရဲ့ ကြား၀င်စေ့စပ်ပေးမှုနဲ့အတူ ညီနောင် ၃ဖော်နဲ့ ကနဦးညှိနှိုင်းဆွေးနွေးရေးလုပ်ပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှု တစ်ခုလုပ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ထုတ်ဖော်ပြောကြားခဲ့သလို၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mao Ning’s မှလည်း ပြောကြားခဲ့ပါတယ်။

    စစ်ကောင်စီ၏ အကြံအစည်
    ~~~~~~~~~~~~~~~~~

    အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီလကနေစပြီး အာဏာသိမ်းဖြစ်စဥ်ကိုကျူးလွန်ပြီးတဲ့နောက်ပိုင်း ပြည်သူလူထုရဲ့ လက်နက်ကိုင်တော်လှန်မှုကို အလူးအလဲခံနေရတဲ့အပြင် နိုင်ငံတကာဖိအားတွေရဲ့ ဒဏ်၊ စီးပွားရေး၊ နိုင်ငံရေး ၊ သံတမန်ရေး အစရှိတဲ့ ကဏ္ဍပေါင်းစုံအသီးသီးမှာလည်း သမိုင်းတလျောက်မကြုံဘူးလောက်အောင်ကို ရင်ဆိုင်ကြုံတွေ့နေရတာကိုလည်း မြင်နေရပါတယ်။

    (more…)

  • စိန်ခေါ်မှုများအတွင်း အခြေအနေမဟန်ရင် ထွက်ပြေးကြမယ့်ဗိုလ်ချုပ်များ

    စိန်ခေါ်မှုများအတွင်း အခြေအနေမဟန်ရင် ထွက်ပြေးကြမယ့်ဗိုလ်ချုပ်များ

    “တနိုင်ငံလုံးစစ်မျက်နှာ ဖွင့်ထားရတဲ့ စစ်ကောင်စီအနေနဲ့ တပ်တွင်း ပြုန်းတီးအင်အားတွေကြောင့် လက်နက်အင်အားသာရှိပြီး၊ စစ်တိုက်မယ့် လူအင်အားမရှိတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်အပေါ် ရင်ဆိုင်နိုင်စွမ်းမရှိတော့တာ အားလုံးအမြင်ပါ”

    မောင်ဝိ

    တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန်နောက်မှာတော့ စစ်တပ်ထံမှ တကြိမ်မှ မကြုံဖူး၊ မကြားဖူးခဲ့တဲ့ ထုတ်ပြန်ချက်တွေ၊ လုပ်ဆောင်ချက်ကို မြင်တွေ့လာရပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့မှာ “နိုင်ငံတော်ကာကွယ်ရေး တာဝန်ပြန်လည်ထမ်းဆောင်ရန် ခွင့်မဲ့/စစ်ပြေး စစ်သည်များက ပြန်လည်ဆန္ဒပြုလာတာရှိလို့ သာမန်ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမယ်လို့” စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

    စစ်တပ်ကနေ ထွက်လာတဲ့သူတွေမှာ အကြောင်းပြချက်မျိုးစုံရှိကြပါတယ်။ စစ်တပ်ရဲ့ မတရားမှုကို သိရှိလာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့သူတွေကို (CDM) အဖြစ် ပြည်သူလူထုက သတ်မှတ်ကြပါတယ်။ ဒါ့အပြင် (CDM) အဖြစ်မခံယူဘဲ စစ်တပ်ထဲမှာမနေလိုတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူတွေ၊ လက်နက်ချ၊ အလင်းဝင် စသဖြင့်​ရှိပါတယ်။ အဲ့ဒီလို စစ်တပ်မှာ မနေချင်လို့ ထွက်လာသူတွေကို စစ်တပ်ပိုင် မြဝတီ၊ မြန်မာ့အသံတွေက တကူးတက ထုတ်ပြန် စည်းရုံး နေရတယ်ဆိုကတည်းက စစ်တပ်ရဲ့ လက်ရှိအခြေအနေကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။

    နောက်ထပ်လည်း ဖြစ်စဥ်တခု ရှိပါသေးတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲအတွင်းက နောက်ဆက်တွဲ ဖြစ်စဥ်တစ်ခုပါ။ နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်က စစ်ကောင်စီအလံကို ဖြုတ်ချပြီး၊ချင်းအမျိုးသား အလံတော်ကို လွှင့်ထူနိုင်ခဲ့ပါတယ်။ ရိခေါဒါရ်မြို့သိမ်း တိုက်ပွဲအတွင်းမှာဆိုရင် စစ်တပ်ဘက်မှ စစ်သား (၄၀)ကျော် နိုဝင်ဘာ ၁၃ နေ့မှာ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်နယ်စပ်ရွာဖြစ်တဲ့ ဇိုခွာထာရ်ရွာဘက်ကို လက်နက်ချထွက်ပြေးသွားတယ်လို့ ကြားသိရတယ်။

    (more…)

  • မျက်ဝါးထင်ထင်မြင်လာရတဲ့ စစ်တပ်ရဲ့ ပြိုလဲနေမှုများ

    မျက်ဝါးထင်ထင်မြင်လာရတဲ့ စစ်တပ်ရဲ့ ပြိုလဲနေမှုများ

    “လက်ရှိအချိန်မှာ စစ်တပ်ရဲ့တပ်ရင်းအလိုက် ရှုံးနိမ့် ထွက်ပြေး အညံ့ခံ လက်နက်ချအလင်းဝင်လာကြရတာ (ရဲတပ်ရင်းတွေမပါ) တပ်ရင်း (၁၀) ရင်း အထိရှိခဲ့ပါပြီ။ လက်နက်ချ အညံ့ခံခဲ့ရတဲ့ စစ်​ကောင်စီ တပ်ရင်းတွေကတော့ ခလရ ၁၄၃၊ ခမရ ၃၃၉၊ ခမရ ၃၅၁၊ ခမရ ၃၅၈၊ ခမရ ၄၃၀၊ ခလရ ၈၁၊ ခလရ ၁၂၅၊ ခမရ ၄၂၅၊ ခမရ ၆၊ ခလရ ၁၂၉ တို့ဖြစ်ကြပါတယ်”
    *************************
    မောင်ဝိ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့အခြေစိုက် ခလရ(၁၂၅)တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင်ကာ လက်နက်ချအလင်းဝင်လာတယ်လို့ MNDAA က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ အလင်းဝင်လာတဲ့ ခလရ (၁၂၅)ဟာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်ပြီး လောက်ကိုင်အခြေစိုက်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လောက်ကိုင်-ဒကစ) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း (၇) ခုအနက်မှ တစ်ခုဖြစ်ပြီး နိုဝင်ဘာလ (၂၈) ရက်နေ့က လက်နက်ချအလင်းဝင်လာတာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အလင်းဝင်လာသူဟာ ၂၇၂ ဦးဖြစ်ပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာလည်း လောက်ကိုင် (ဒကစ) လက်အောက်ခံ ခမရ(၁၂၉) တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၂၆ ဦးဟာ MNDAA နဲ့ မဟာမိတ်တပ်များထံ ပူးပေါင်း အလင်းဝင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြပါသေးတယ်။ ဒီဖြစ်စဥ်တွေက ဘာကိုပြသနေလဲဆိုတော့ စစ်ကောင်စီရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အဖက်ဖက်က ရှုံးနိမ့်တယ်ဆိုတာထက် သူ့လက်အောက်ခံ တပ်ရင်းတွေ ကိုယ်တိုင်က စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိခြင်းဖြစ်တယ်။ တနည်းပြောရရင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစလို့ လက်ရှိစစ်ဗိုလ်ချုပ်တွေရဲ့ အရည်အချင်းကို ပြသရာရောက်ပါတယ်။

    ၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ထိုအချိန်က ပြည်သူတရပ်လုံးက မင်းအောက်လှိုင်ဦးဆောင်တဲ့ အုပ်ချုပ်သူတွေကို မုန်းတီးနေပေမယ့်၊ သူ့လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေရဲ့ လေးစားမှု၊ အားထားမှုကို အထိုက်အလျောက်ရရှိထားပါသေးတယ်။ နိုင်ငံတကာမှာလည်း တရုတ်၊ ရုရှားစတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အကာကွယ်ပေးမှု၊ ထောက်ပံ့မှုကို အထိုက်အလျောက်ရရှိခဲ့တာဖြစ်တယ်။

    (more…)

  • စစ်ကောင်စီ အစည်းအဝေး မင်းအောင်လှိုင် ဘာတွေပြောပြီး ဘာတွေထူးသွားလဲ

    စစ်ကောင်စီ အစည်းအဝေး မင်းအောင်လှိုင် ဘာတွေပြောပြီး ဘာတွေထူးသွားလဲ

    “စစ်ရှုံးတယ်ဆိုတာ၊ လက်အောက်ငယ်သား အရာရှိတွေအများအပြား လက်နက်ချအလင်းဝင်သွားတဲ့ ကိစ္စတွေကို ထည့်မပြော။ စခန်းစွန့်ပြီး ထွက်ပြေးနေကြတဲ့အကြောင်း လုံးဝမဟရဲ”

    ငြိမ်းမောင်

    တိုက်ပွဲတွေနိုင်ငံအဝှမ်း အရှိန်မြင့်သထက် မြင့်တက်နေပြီး နိုင်ငံအဝှမ်း စစ်မျက်နှာဖွင့်နေရတဲ့ အာဏာလုစစ်ကောင်စီက  နိုဝင်ဘာ ၂၉ ရက်နေ့မှာ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒီပွဲကို စစ်အုပ်စု ခေါင်းဆောင်တွေ တက်ကြပါတယ်။ မင်းအောင်လှိုင်က ထုံစံအတိုင်း ဒီမိုကရေစီအရေး၊ လက်နက်ကိုင်အဖွဲ့များအရေး၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တိုက်ခိုက်ခံနေရတဲ့ အခြေအနေတွေကို ချပြဆွေးနွေးသွားခဲ့တယ်။

    ကာလုံအစည်းအဝေး ဘာအစည်းအဝေးဆိုပြီး ခေါင်းစဉ်တပ်နေပေမယ့် နေရာထိုင်ခုံအခင်းအကျင်း လူပါဝင်မှု အနေအထားနည်းနည်းပဲ ကွာတာကလွဲရင် ပြောနေတဲ့စကားတွေနဲ့ အကြောင်းအရာတွေက ထူးထူးထွေထွေ သိပ်မတွေ့ရပါဘူး။ မင်းအောင်လှိုင် စီမံခန့်ခွဲမှု ညွှန်ကြားနိုင်မှု စွမ်းစွမ်း တမံလုပ်ပြနိုင်မှု ဘာတစ်ခုမှမရှိခဲ့သလို အဲဒီအစည်းအဝေးမှာ ပြောသွားတာမတွေ့ရပါဘူး။

    KIA အဖွဲ့က တပ်အင်အားများ တိုးချဲ့နေပုံအပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့မကွေး တိုင်းဒေသကြီးတွေမှာ စစ်ကောင်စီတပ်သားတွေ အတိုက်ခံနေရကြောင်း၊ ဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင် ဦးစီးတဲ့​အဖွဲ့က MNDAA လက်ကျန်အဖွဲ့နဲ့ ကိုးကန့်များကို စည်းရုံးပြီး အထူးဒေသအဖြစ် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း မင်းအောင်လှိုင်ထည့်ပြောသွားပါတယ်။

    (more…)

  • စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရှမ်းရှေ့ကို အဆုံးရှုံးခံပြီး မန္တလေးကို ခံစစ်တည်တော့မလား

    စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရှမ်းရှေ့ကို အဆုံးရှုံးခံပြီး မန္တလေးကို ခံစစ်တည်တော့မလား

    “သိပ်မကြာခင်အချိန်မှာပဲ ပြင်ဦးလွင် ဒါမှမဟုတ် နောင်ချိုဟာ စစ်ကောင်စီအတွက် ရှေ့တန်းခံစစ်ဖြစ်လာနိုင်ပြီး မန္တလေးကတော့ နေပြည်တော်အတွက် ဒုတိယခံစစ်ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ”

    လှဆောင်

    ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ပြောင်မြောက်တဲ့ဗျူဟာကြောင့် ဗိုလ်မင်းအောင်လှိုင်တို့တစ်သိုက် နေပြည်တော်မှာ ခေါင်းမီးတောက်နေမယ်ဆိုတာ ပြေးကြည့်စရာမလိုပါဘူး။ ရုပ်ရှင်ကားတွေထဲကလို မြေပုံကြီးတွေ၊ ပုံစံငယ်အရုပ်လေးတွေနဲ့ ဟိုထောက်ဒီထောက်လုပ်ရင်း အလုပ်လည်း ရှုပ်နေမယ်ဆိုတာလည်း အသေအချာပါ။

    ညီနောင် ၃ ဖွဲ့ဘက်ကလည်း ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့အချိန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြှင့်မယ်လို့ ပေါ်တင်ကြေညာထားပြီးသားပါ။ အခုတောင် တစ်နိုင်လုံးနီးနီး တိုက်ပွဲတွေက အရှိန်မြင့်နေတာဖြစ်ပါတယ်။

    တကယ်ဆို မင်းအောင်လှိုင်ရဲ့ တပ်ရင်းမှူးတွေ၊ တပ်မမှူးတွေဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သိပ်မကြာခင်မှာပဲ အခြေအနေအမှန်ကို ရိပ်စားသင့်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်တွေသာကြီးလာပြီး ပညာကောင်းကောင်းမတက်တာကြောင့် လာဘ်စားဖို့ပဲသိတဲ့ အဲဒီအောက်ခြေအရာရှိတွေဟာ အသိ သတိ မဆင်ခြင်နိုင်ခဲ့ပါဘူး။ မုံးကိုးမှာ တပ်မမှူးတစ်ယောက် သေဆုံးခဲ့တာကို ကြည့်ရင် အထင်းသားမြင်နိုင်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းမှာဆိုလည်း ခွန်ဆာလက်နက်ချတုန်းက စစ်တပ်က မောင်ပိုင်စီးခဲ့တဲ့ မိုင်းကျက်စခန်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းနိုင်ခဲ့ပါတယ်။ အဲဒီစခန်းဟာ စစ်တပ်အတွက်တော့ “ဝ” ဘက်ကလာမယ့် ထိုးစစ်ကို ခုခံဖို့ပြင်ထားတဲ့ ရှေ့တန်းခံစစ်စခန်းဖြစ်ပါတယ်။ အဲဒီစခန်းဟာ လားရှိုးမြို့ကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် အဓိကအရေးပါတဲ့ နေရာပါ။

    အဲဒီစခန်းမကျရေးအတွက် မင်းအောင်လှိုင်ဟာ လေကြောင်းနဲ့လက်နက်ကြီးပစ်ကူ အကြိမ် ၁၀၀ ကျော် ကူညီခဲ့ပေမဲ့ နောက်ဆုံးတော့ TNLA လက်ထဲ ကျရောက်ခဲ့ပါတယ်။ အဲဒီစခန်းမှာရှိတဲ့ တပ်ရင်းမှူးကို TNLA က လက်နက်ချဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ စစ်ကူတောင်းထားတာကြောင့် ခေါင်းမာတဲ့တပ်ရင်းမှူးဟာ တစ်လနီးပါးကြာ ခုခံခဲ့ပါတယ်။

    အဲဒီစခန်းဟာ ကုန်းတွင်းပိတ်စခန်းတစ်ခုဖြစ်ပြီး လားရှိုးမြို့နယ်ရဲ့ အရှေ့မြောက်ဘက်၊ သန္နီမြို့နယ်ရဲ့ ရှေ့တောင်ဘက်နဲ့ ကွမ်းလုံမြို့နယ်ရဲ့ အနောက်တောင်ဘက်မှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီစခန်းကို စစ်ကူလာနိုင်မယ့်လမ်းကြောင်းတွေဟာ ဖြတ်တောက်ခံထားရပါတယ်။

    (more…)