စစ်ကောင်စီအတွက် အိမ်မက်ဆိုးများပေးနေသော AA

“ရှမ်းမြောက်တွင် စစ်ရေးခဏ ငြိမ်သက်သွားသော်လည်း ရခိုင်ဒေသတွင် စစ်ကောင်စီ၏ စခန်းကုန်းများ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံနေရပြီး ယခု မင်းပြားမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မကြာမီတွင် မင်းပြားမြို့ကိုပါ စစ်ကောင်စီမှ လက်လွှတ် ဆုံးရှူံးရတော့မည်”
***********************
သူရိန်

၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်မှာ တိုက်ပွဲတွေ ရပ်တန့်ပြီးနောက်ပိုင်းတွင် ရခိုင်ဒေသအတွင်း စစ်ကောင်စီအထိနာပြီး စစ်စခန်းများလက်လွှတ် ဆုံးရှုံးမှုများနှင့် စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ အလုံးအရင်းလိုက် လက်နက်ချပြီး ထွက်ပြေးမှုများနှင့် သိမ်းဆည်းရရှိသည့် ဗျူဟာကုန်း များ၊ အဓိကစစ်စခန်းများကို တဟုန်းထိုး တိုက်ခိုက်သိမ်းပိုက်ပြီး ကျန်ရှိသည့် စစ်စခန်းများကိုလဲ တိုက်ခိုက်လျက်ရှိပြီး ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြေငြာချက်ထုတ်ထားသည်။

ရက္ခိုင့်တပ်တော် AA သည် အာဏာသိမ်းပြီးနောက် လှုပ်ရှားမှုမရှိ ငြိမ်သက်နေခြင်းကို တစ်နိုင်ငံလုံးမှ ပြည်သူများအနေဖြင့် အထင်အမြင် လွဲမှားမှုများရှိခဲ့သည်။ စစ်တပ်နှင့် အပစ်ရပ်ခဲ့ချိန်က တကယ်မြေပြင် သတင်းအမှန်ကို မသိခြင်းကြောင့် ဖြစ်လိမ့်မည်။ အာဏာသိမ်းပြီးအချိန်ကာလကတည်းက ရက္ခိုင့်တပ်တော် AA သည် ထွက်ပြေးလာသောမြို့ပြမှ လူငယ်များကို လက်ခံခဲ့ပြီး စစ်သင်တန်း သင်ကြားပေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိပြီး ဆိုရှယ် မီဒီယာ ပေါ်သို့ သတင်းမပြန့်စေရန် လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များ လျိုဝှတ်စွာ လုပ်ဆောင်သင့်သဖြင့် အာဏသိမ်းဖြစ်စဉ်တွင် ပါဝင်မပတ်သက်သည့် ပုံစံမျိုးဖြင့် တိုးတိတ်စွာ လုပ်ဆောင်လာခဲ့သည်။

ရက္ခိုင့်တပ်တော် AA သည် ညီနောင်မဟာမိတ် အဖွဲ့အစည်း (၃) ဖွဲ့သည် ဆယ်စုနှစ်နီးပါး အချိန်ကာလတစ်ခုကို နိုင်ငံရေးစားပွဲဝိုင်းတွင်သာမက စစ်မြေပြင်၌ပါ တစ်ယောက်ကိုတစ်ယောက် အသက်၊ သွေး၊ ချွေး ပေးဆပ်မှုများစွာဖြင့် စည်းစည်းလုံးလုံး အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ကြသော စစ်ရေး၊ နိုင်ငံရေး ညီနောင်မဟာမိတ်များဖြစ်ကြသည့်အပြင် တစ်ဖွဲ၏ နိုင်ငံရေးရည်မှန်းချက်ကို တစ်ဖွဲက လေးစား အသိအမှတ်ပြုပြီး မည်သည့်ကိစ္စတွင်မဆို စိတ်ရင်းစေတနာမှန်ဖြင့် အကောင်းဆုံးဖေးမကူညီခဲ့ကြသည်။


“တစ်ဖွဲ့၏ပြဿနာသည် သုံးဖွဲစလုံး၏ ပြဿနာဖြစ်သည်” ဟူသော မူဝါဒကို ချမှတ်ပြီး ယနေ့အချိန်အထိ ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ချက်ထားသည်။


ကိုးကန့် ( MNTJP/MNDAA)၊ တအာင်း၊ ( PSLF/TNLA )နှင့် ရခိုင် (ULA/AA) သုံးဖွဲ့သည် မြန်မာနိုင်ငံရှိမည်သည့်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မတူညီသော နိုင်ငံရေး၊ စစ်ရေး စိန်ခေါ်မှုများကို စည်းစည်းလုံးလုံးတိုက်ပွဲဝင်ခဲ့ကာ မယိမ်းမယိုင်သောခံယူချက်၊ ဇွဲသတ္တိအပြည့်၊ သစ္စာရှိရှိ၊ ရဲရဲရင့်ရင့် ညီနောင်မဟာမိတ်ပီသစွာ ဖြတ်သန်းလျှောက်လှမ်းလာခဲ့ကြပြီး အတူတကွ တိုက်ပွဲဝင်နေဆဲ ဖြစ်သည့်အပြင် အနာဂတ်တွင်လည်းဆက်လက်ပြီး လက်တွဲခိုင်မာစွာ ရပ်တည်သွားမည်ဟု အတိအလင်းပြောကြားထားသည်။


၁၀၂၇ စစ်ဆင်ရေး စပြီးသည့်နောက်ပိုင်း ၁၃ ရက်အကြာတွင် ရှမ်းမြောက်တွင် အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်တွင် အစပြုလာပြီး နိုဝင်ဘာ ၈ ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် ရက္ခိုင့်တပ်တော် AA အခြေစိုက်လှုပ်ရှားနေသော နေရာများကို စစ်ကောင်စီဘက်မှ စတင်တိုက်ခိုက်ခြင်းများ ပြုလုပ်လာပြီး ယခင်ထက်ပိုပြီး စစ်ရေးလှုပ်ရှားမှုများ လုပ်လာခြင်း၊ ရေလမ်းကြောင်းများကို ပိတ်ပင်တားဆီးမှုများရှိလာခြင်းနှင့် ပြည်သူများဖမ်းဆီး စစ်ဆေးမှုများ လုပ်လာခြင်း၊ ရခိုင်အခြေစိုက် သတင်းမီဒီယာများကို ပိတ်ပင် တားဆီး ပြီး သတင်းသမားများကို ဖမ်းဆီးခြင်းများ ကို လုပ်ဆောင်မှုများကို စစ်ကောင်စီတပ်ကလည်း ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် AA အနေဖြင့် ရခိုင်ဒေသအတွင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့ရာ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒုံးပိုက်စခန်းကို ပထမဦးဆုံးသိမ်းပိုက်လိုက်ပြီးနောက် ချိန်ခါလီနယ်ခြားစောင့် တပ်စခန်းအပါအဝင် စစ်ကောင်စီ၏ တပ်စခန်းများအား တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်၊ ရဲစခန်း အပါအဝင် စခန်းပေါင်း ၄၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ရက္ခိုင့်တပ်တော် AA နှင့် PDF၊ BPLA အပြင် ယော PDF တို့အပြင် အခြားသောမဟာမိတ်တပ်ပေါင်းစုများနှင့်အတူ ရခိုင်ဒေသအတွင်းရှိ ဗျူဟာကုန်းများတစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီ၏ အဓိက စစ်ရေးအရ အရေးပါသော တရွန်အိုင်ရွာဗျူဟာကုန်း၊ နူးဗူး ဗျူဟာကုန်း၊ မြစ်ဝဗျူဟာကုန်း နှင့် ချင်းလက်ဝဗျူဟာကုန်းတို့ အား သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးသော စစ်စခန်းများကိုလည်း တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ရက္ခိုင့်တပ်တော်နှင့် အတူ မဟာမိတ်အဖွဲ့များ ပူးပေါင်းစစ်ဆင်ရေး လုပ်ဆောင်ချက်သည် ရှမ်းမြောက်တိုက်ပွဲကဲ့သို့ စစ်ကောင်စီ၏ တပ်စခန်း များကို တပြိုင်တည်း တိုက်ခိုက်မှုတို့ကြောင့် စစ်ကောင်စီသည်ရေကြောင်း၊ လေကြောင်းတို့မှ လက်နက်ကြီး ပစ်ကူ၊ ဗုံးကြဲနေသော်လည်း စစ်စခန်းများ တစ်ခုပြီး တစ်ခု လက်လွှတ်ရသည်ကို တွေ့မြင်ရသည်။ ရခိုင့်တပ်တော် AA၏ တဟုန်ထိုး ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီသည် ရှမ်းမြောက်ကို လက်လွှတ်ဆုံးရှူံးခဲ့သလို ရခိုင်ပြည်နယ်ကိုလဲ ထပ်မံလက်လွှတ် ဆုံးရှုံးတော့မည်ကို မြင်တွေ့နေရသည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရခိုင့်တပ်တော်၏ စစ်ရေးလှုပ်ရှားမှုသည် စစ်ကောင်စီကို အထိနာဆုံးဖြစ်လိမ့်မည် အစုလိုက်အပြုံလိုက် အလံဖြူပြလက်နက်ချ စစ်သားများစွာနှင့်အတူ ထွက်ပြေးမှုများ ကိုလဲ တွေ့ရသည်။ ရှမ်းမြောက်တွင် စစ်ရေးခဏ ငြိမ်သက်သွားသော်လည်း ရခိုင်ဒေသတွင် စစ်ကောင်စီ၏ စခန်းကုန်းများ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံနေရပြီး ယခု မင်းပြားမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မကြာမီတွင် မင်းပြားမြို့ကိုပါ စစ်ကောင်စီမှ လက်လွှတ် ဆုံးရှူံးရတော့မည်ဖြစ်သည်။

ရက္ခိုင့်တပ်တော် AA ၏ နိုဝင်ဘာ ၁၃ ရက်မှ စတင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ လေးလအတွင်း ပလက်ဝဒေသ တစ်ခုလုံးကို AA မှ ထိန်းချုပ်ထားနိုင်ပြီး ပလက်ဝဒေသ တစ်ခုလုံးတွင် စစ်ကောင်စီကင်းစင်နယ်မြေ တစ်ခု အဖြစ် AA မှ ထိန်းချုပ်ထားနိုင်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း နေရာအများ အပြား ရခိုင့်တပ်တော် AA မှ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ AA၏ ယခု စစ်ရေးအရှိန်ဖြင့် ဆက်တိုက်တိုက်ခိုက်သွားလျှင်ပင် ရခိုင်ဒေသသည် မကြာသော အချိန်တွင် စစ်ကောင်စီ ကင်းစင်နယ်မြေ အဖြစ်သို့ ရောက်ရှိလာတော့မည်ဖြစ်သည်ကို တွေ့ရသည်။ ။

#RedNewsAgency

By Editor