Red News Agency

Independent Journalism for Justice and Human Rights.

Category: သဘောထားအမြင်

  • ရှမ်း-မန်းစစ်ဆင်ရေးမှာ မြင်တွေ့ရတဲ့ တော်လှန်ရေး သင်္ခန်းစာ

    ရှမ်း-မန်းစစ်ဆင်ရေးမှာ မြင်တွေ့ရတဲ့ တော်လှန်ရေး သင်္ခန်းစာ

    “NLA နဲ့ မန္တလေး PDF တပ်တွေ ကျောက်မဲ၊ နောင်ချို၊ မတ္တရာ၊ မိုးကုတ် မှာတိုက်ပွဲဝင်နေကြတယ်။ ကျန်နေတဲ့ တိုင်းစစ်ဌာနချုပ်လားရှိုးကို MNDAA စတဲ့ မဟာမိတ်တပ်တွေက စစ်ကူပေးမရအောင် ဝင်ထိန်းလိုက်တယ်။ ရလဒ်ကအောင်မြင်မှုတွေဆိုတာ မျက်မြင်ပဲ ဖြစ်တယ်”

    မောင်ဝိ – Wiper

    ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေကစပြီး TNLA နဲ့ မန္တလေး PDF ဦးဆောင်တဲ့ တပ်တွေက ရှမ်း-မန်း စစ်ဆင်ရေးဆင်နွှဲခဲ့တယ်။ ရှမ်းပြည်နယ်ထဲက ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးစတဲ့ မြို့တွေကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ့ရတယ်။ ၁၀၂၇ တကျော့ပြန်တိုက်ပွဲက အဖွင့်လှတယ်ပြောရမယ်။ နောင်ချိုမြို့နယ်ထဲက ခမရ ၁၁၅ လက်နက်ချတယ်၊ ခမရ ၁၁၄ ကိုသိမ်းပိုက်တယ်။လက်ကျန် ဒုံးတပ် ၆၀၆ ကိုအပြီး သတ်ချေမှုန်းနေတာတွေ့တယ်။

    အခုလို တပ်ရင်းတွေကို ရက်ပိုင်းအတွင်းတိုက်ပြီး၊ တပ်ရင်းတွေကို ခနအတွင်း သိမ်းနိုင်တယ်ဆိုတာ မဟာမိတ်တပ်တွေရဲ့အကူအညီများစွာပါတယ်ဆိုတာ သိစေလိုပါတယ်။ တိုက်ခိုက်တဲ့ တပ်ဖွဲ့တွေကိုကြည့်ရင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နဲ့ အလယ်ပိုင်းက လူငယ်တွေဖြစ်တဲ့ မန္တလေး PDF တပ်တွေ ဖြစ်တာတွေ့ရတယ်။ နောက်ထပ်လည်း မဟာမိတ် တပ်တွေရှိပါသေးတယ်။ အခုလို မဟာမိတ်တပ်တွေ ပေါင်းစပ်လုပ်ကိုင်တဲ့အတွက် စစ်ရေးကအရှိန်အဟုန်နဲ့ တိုးတက်တာ မြင်တွေ့ရတယ်။

    ပေါင်းစပ်ညှိနှိုင်းခြင်းကြောင့် မဟာဗျူဟာကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး တိုက်ပွဲတွင် အားသာချက်ရရှိနိုင်ခြင်း၊ အတူတကွရည်ရွယ်ချက်ဖြင့် တိုက်ပွဲဝင်သောကြောင့် ကူညီမည့်စိတ်ရှိမှုနဲ့ ယုံကြည်မှုကို တိုးတက်စေခြင်း၊ စုပေါင်းညီညာသောအဖွဲ့သည် ချက်ချင်းပြန်လည်တုံ့ပြန်နိုင်ပြီး တိုက်ပွဲရဲ့ အခြေအနေများကို အရှိန်မြန်စွာ ပြောင်းလဲနိုင်ခြင်း၊ အဖွဲ့ဝင်များရဲ့ အပြန်အလှန်ဆက်ဆံရေးကောင်းမွန်မှုကြောင့် အကြံဉာဏ်များကောင်းမွန်ပြီး အရေးပေါ်အခြေအနေများကို အမြန်ဆုံးဖြေရှင်းနိုင်ခြင်းစတဲ့ အကျိုး ကျေးဇူးတွေရလာတာကို မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ မန္တလေးPDF ရဲ့ လက်ရှိအခြေအနေကိုကြည့်ရင်သိနိုင်တယ်။

    (more…)

  • မြေပြန့်ဒေသရဲ့ မဟာဗျူဟာထိုးစစ်နဲ့ မန္တလေးသားတို့ရဲ့ စစ်ရေးအားကောင်းလာမှု

    မြေပြန့်ဒေသရဲ့ မဟာဗျူဟာထိုးစစ်နဲ့ မန္တလေးသားတို့ရဲ့ စစ်ရေးအားကောင်းလာမှု

    “နောင်ချိုမြို့ဟာ စစ်ရှုံးကောင်စီရဲ့ စစ်တက္ကသိုလ်တည်ရှိရာ မန္တလေးတိုင်းရဲ့ ပြင်ဦးလွင်မြို့နဲ့ ဆိုရင် ကားလမ်းခရီး တစ်နာရီခန့်စာလောက်သာ အကွာအဝေးရှိတော့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မန္တလေး PDF အပါအဝင် ဒေသခံ PDF တပ်ရင်း၊ ဗျူဟာတွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုတွေဟာလည်း မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့မှာ အားကောင်းစွာ တွေ့မြင်နေရပြန်ပါတယ်”

    ကေဂျီ – Wiper

    တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ပြည်နယ်အသီးသီးက အားကောင်းတဲ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်မှုတွေဟာ ကျွန်တော်တို့လို တော်လှန်ပြည်သူအားလုံးကို များစွာကျေနပ်အားရစေမှာ ဖြစ်ပါတယ်။ ဒီလို အားရကျေနပ်မှုတွေထဲမှာမှ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းမှာ အရှိန်အဟုန်အပြင်းပြင်းနဲ့ ပါဝင်လာခဲ့တဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် – MDY PDFနဲ့ မဟာမိတ်တပ်တွေရဲ့ မန္တလေးတိုင်းအတွင်း ဖော်ဆောင်လာတဲ့ စစ်ဆင်ရေးတွေကြောင့် တော်လှန်ရေးကာလအတွင်း မြေပြန့် တိုင်းဒေသတစ်ခုရဲ့ တော်လှန်အောင်မြင်မှုကို တွေ့မြင်လာပြီမို့လွန်စွာ ကျေနပ်အားရ ဖြစ်နေရပါတယ်။

    အခု စစ်ဆင်ရေး အားကောင်းလာမှုတွေကတော့ မေလ ၁၄ ရက်နေ့က မကွေးတိုင်း ကွပ်ကဲရေးရုံးဦးစီး ကျင်းပတဲ့ အကြပ်သင်တန်းဆင်းပွဲ အပတ်စဉ် ၂ မှာ NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ မြေပြန့်ဒေသမဟာဗျူဟာ ထိုးစစ်ဟာ မကြာခင် စတင်လာတော့မယ်ဆိုတာရဲ့ အစခြေလှမ်းတွေများ ဖြစ်နိုင်လားလို့လည်း တွေးမိနေပါတယ်။

    (more…)

  • ရှုံးဖို့အတွက် အင်္ဂါစုံနေတဲ့ စစ်ခေါင်းဆောင်

    ရှုံးဖို့အတွက် အင်္ဂါစုံနေတဲ့ စစ်ခေါင်းဆောင်

    “ရုရှားပညာရှင်၊ တရုတ်ပညာရှင်တွေနဲ့ ဒရုန်းနည်းပညာကို သင်ယူနေကြောင်း ဖော်ပြခဲ့ကြတယ်။ စစ်ကောင်စီက ဒရုန်းတပ်ဖွဲ့ပြီးတဲ့နောက်မှာလည်း တိုက်ပွဲတွေမှာ ယခင်ထက် ပိုသုံးလာခဲ့တာတွေ ရှိလာခဲ့ပေမယ့် ၁၀၂၇ ဒုတိယအကြိမ် တိုက်ပွဲတွေမှာစစ်တပ်ရဲ့ ဒရုန်းတပ်ဆိုတာကလည်း အမည်ခံသက်သက်မှန်း သိလိုက်ရတယ်။ ပညာမဲ့တွေ စုစည်းထားပြီး နည်းပညာကို သေသေ ချာချာ နားမလည်တဲ့ သူတွေကို အဆင့်မြင့်ဒရုန်းနည်းပညာသင်ပေးတယ်ဆိုတာ နွားကို ပလာတာကျွေးသလို ရီစရာ အခြေနေတခုသာဖြစ်ပါတယ်”

    ရန်နိုင် – Wiper

    ခေတ်သစ်စစ်ပွဲတွေမှာ လက်နက်နဲ့နည်းပညာတွေ ဘယ်လိုပဲပြောင်းလဲလာပေမယ့် စစ်ပွဲနဲ့ ပတ်သတ်တဲ့ အတွေးအခေါ်ပိုင်းအတွက်တော့ တရုတ်စစ်ပညာရှင် ဆွန်ဇူးရဲ့အတွေးအခေါ်တွေက လက်တွေ့ကျ ပြည့်စုံနေတုန်းပါပဲ။ တပ်မှူးကောင်းတစ်ယောက်အတွက် စစ်တိုက်ဖို့ဆိုရင် မိမိရဲ့အခြေနေကို အမှန်အတိုင်း သိဖို့ လိုသလို ရန်သူရဲ့အခြေနေကိုလည်း အမှန်အတိုင်းသိဖို့အလွန်အရေးကြီးလှပါတယ်။ မိမိရဲ့အခြေနေသာ သိပြီး ရန်သူ့အခြေနေကို မသိခြင်းက စစ်ပွဲနိုင်ဖို့ မဖြစ်နိုင်သလို၊ ရန်သူ့အခြေနေကိုသာ သိပြီး မိမိအခြေနေကို မသိရင်လည်း စစ်ပွဲနိုင်ဖို့မဖြစ်ဘူးလို့ ဖော်ပြထားတယ်။ ဆွန်ဇုရဲ့အတွေးခေါ်တွေ ခုချိန်ထိ မှန်ကန်နေဆဲ ဆိုတာ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ရှုံးပွဲတွေကိုကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

    မိမိကိုယ်ကိုအထင်ကြီးထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ အာဏာသိမ်းဖြစ်စဉ်နဲ့အတူ တနိုင်ငံလုံးကို စစ်တိုက်ဖို့ စိန်ခေါ်လိုက်တယ်။ လက်နက်မဲ့တဲ့ ပြည်သူတွေကို စစ်အင်အားအပြည့်အစုံရှိနေတဲ့ သူရဲ့စစ်တပ်က အနိုင်ရမှာပဲလို့ အပိုင်တွက်ခဲ့တယ်။ အာဏာသိမ်းမယ်၊ အကြမ်းဖက်သတ်ဖြတ်ပြလိုက်မယ် အချိန်တန်တောခိုသွားရင် အုပ်စုခွဲ၊ သွေးခွဲပြီး အချိန်ဆွဲတိုက်လိုက်ရင် တော်လှန်သူတွေရှုံးသွားမှာပဲလို့ တွက်ခဲ့တယ်။ မင်းအောင်လှိုင်ရင်ဆိုင်ရမည့်ရန်သူဖြစ်တဲ့ တော်လှန်ပြည်သူတွေကို လျှော့တွက်ခဲ့တယ်။ ကမ္ဘာကြီးက ရွာကြီးဖြစ်ပြီး နည်းပညာတွေတိုးတက်နေချိန်မှာ ပညာတတ်လူငယ်တွေရဲ့ အရည်အချင်းကို လျှော့တွက်ခဲ့ ခြင်းလဲဖြစ်တယ်။ ဒါတွေက စစ်ပွဲဖန်တီးတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်သူ့အကြောင်းကို သေသေချာချာမသိဘူးဆိုတဲ့ အမှားကြီးတခုပဲ၊ ဒီအမှားကြောင့် မင်းအောင်လှိုင်အတွက် တနိုင်ငံလုံးမှာစစ်ရှုံး နေရတာပဲ။

    (more…)

  • ရှမ်းမြောက်မှာ ကြိုက်တဲ့မြို့ကိုသိမ်း အသေခံတိုက်မဲ့သူ မရှိတော့

    ရှမ်းမြောက်မှာ ကြိုက်တဲ့မြို့ကိုသိမ်း အသေခံတိုက်မဲ့သူ မရှိတော့

    “ရှမ်းမြောက်က တစ်ကျော့ပြန်စစ်ပွဲတွေအတွင်း အသုံးပြုရန်အတွက် အခုမှ သင်တန်းဆင်းခါစ စစ်မှုထမ်းအပတ်စဥ် ၁ အဖွဲ့တွေနဲ့ ပျူစောထီးအင်အားထောင်ချီကို လားရှိုး၊ ပြင်ဦးလွင်ဘက်သို့ပို့ဆောင်ထားတယ်လို့သိရပါတယ်”

    ချမ်းမင်း

    ဒီရက်ပိုင်း ရှမ်းမြောက်ကစစ်ပွဲတွေနဲ့ ပတ်သတ်ပြီး အကြမ်းဖက်စစ်တပ်အနေနဲ့ အတော်လေး ရတက်မအေးတဲ့ခံစားချက်မျိုး ခံစားနေရတာကို တွေ့လာရပါတယ်။ အထူးသဖြင့် စစ်တပ်ဘက်က အစဥ်တစိုက်ရပ်တည်ခဲ့ပြီး လော်ဘီလုပ်ပေးနေတဲ့ သဇင်ဦး၊ ကျော်မျိုးမင်းနဲ့ ကျော်စိုးဦးတို့လို စစ်တပ်လော်ဘီတွေကိုယ်တိုင်တောင် ယခုတစ်ကြိမ်မှာတော့ ၁၀၂၇ စစ်ဆင်ရေးတုန်းကလို စကားကို အကုန်မပြောတော့ဘဲ စစ်တပ်က အရေးနိမ့်နေကြောင်းတွေ၊ အနီးစပ်ဆုံး နောင်ချိုမြို့တိုက်ပွဲမှာဆိုရင်လည်း မြို့ကျဖို့အတော်လေးနီးစပ်နေကြောင်းတွေကို သူတို့ကိုယ်တိုင်ပင်ထုတ်ပြောလာပြီး မင်းအောင်လှိုင်တို့အုပ်စုရဲ့ လုပ်ရည်ကိုင်ရည်ကို မသိမသာဖြင့်မေးခွန်းထုတ်ပြောဆိုမှုတွေပြုလုပ်ခဲ့တယ်ဆိုတာကိုလည်း သတိထားမိပါတယ်။

    ၂၀၂၁ ခုနှစ်နွေဦးတော်လှန်ရေးအစမှသည် ၁၀၂၇ စစ်ဆင်ရေးမတိုင်မီအထိ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို စစ်တပ်လော်ဘီတွေမှအစဥ်အဆက်ပင် ခုထိဘယ်နှစ်မြို့သိမ်းပြီးပြီလည်း၊ အရေးကြီးတဲ့တပ်စခန်း၊ ဗျူဟာမြောက်စခန်းဘယ်နှစ်ခုကို သိမ်းပြီးပြီမို့လဲ ဆိုတဲ့မေးခွန်းတွေထုတ်ကာ လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ဗျူဟာမြောက်ထိုးစစ်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အတွင်းမှာတော့ စစ်တပ်ရဲ့ဗျူဟာမြောက်စခန်းတွေ ရာနဲ့ချီ၊ ကုန်သွယ် ရေး၊ စစ်ရေးအရအရေးပါတဲ့မြို့တွေ ဆယ်ဂဏာန်းထပ်မနည်း သိမ်းပိုက်ပြနိုင်ခဲ့တဲ့အပြင် အဆစ်အနေဖြင့် စစ်တပ်ရဲ့တိုက်ခိုက်ရေး တပ်မမှူး၊ တပ်ရင်းမှူး၊ ဗျူဟာမှူးတွေကိုပါ အရှင်ဖမ်းဆီးတာတွေ၊ စစ်မြေပြင်အတွင်း ရှင်းလင်းတာတွေပြုလုပ်နိုင်ခဲ့တာအားလုံးအသိပါ။

    (more…)

  • စစ်ကောင်စီအတွက် ဆေးမမှီနိုင်တော့ပါ

    စစ်ကောင်စီအတွက် ဆေးမမှီနိုင်တော့ပါ

    “စစ်မြေပြင်မှာတော့ အောက်ခြေစစ်သားတွေဟာ တိုက်ရဲခိုက်ရဲပြီး တိုက်နိုင်ခိုက်နိုင်တဲ့ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်တွေဟာ လုံးဝကို ပျောက်ဆုံးသွားကြပြီ ဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းသိမ်း တိုက်ပွဲတွေကို ခုခံကြတဲ့အခါမှာတော့ ရှုံးနိမ့်မှုတွေကိုပဲ ရင်ဆိုင်နေရပါတယ်”

    ကေဂျီ

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဟာ ပြန်လည်စတင်လာခဲ့ပါပြီ။ ညီနောင်မဟာမိတ် ၃ ဖွဲ့အတွက် အောင်ပွဲတွေများစွာရရှိခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကြိမ်အဖြစ် တစ်ကျော့ပြန် တိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့တွေမှာ သာမကဘဲ မန္တလေးတိုင်းအတွင်းက မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေမှာပါ စတင်လာခဲ့တာဖြစ်ပါတယ်။ TNLA နဲ့အတူ မဟာမိတ်တွေ ပူးပေါင်းပါဝင်တိုက်ခိုက်လာပါတယ်။

    ဒီလိုတိုက်ပွဲတွေ မစတင်ခင် လပိုင်းအလိုလောက်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းဟာ မကြာခင် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပေါ်လာတော့မယ်ဆိုတာကို စစ်ရေးနဲ့ နိုင်ငံရေးသုံးသပ်သူတွေက ကြိုတင်မှန်းဆထားကြပါတယ်။ ပထမအကြိမ် ၁၀၂၇ စစ်ဆင်ရေးအဖြစ် စတင်တိုက်ခိုက်ခဲ့ချိန်က ၂ လကျော် စစ်ဆင်ရေးအတွင်း ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ရရှိခဲ့ပြီး ၂၀၂၄၊ ဇန်နဝါရီလ ၁၁ ရက်နေ့ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟိုင်ဂင် အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုကာ အပစ်အခတ်ရပ်စဲခဲ့တာဖြစ်ပါတယ်။

    (more…)

  • ဘုရင်ရူးနဲ့ ဇာတ်ပျက်မှာ ဝန်မင်း ဖြစ်ချင်ကြသူတွေလည်း ရှိနေဆဲ

    ဘုရင်ရူးနဲ့ ဇာတ်ပျက်မှာ ဝန်မင်း ဖြစ်ချင်ကြသူတွေလည်း ရှိနေဆဲ

    “အင်အားအကြီးဆုံးကတော့ ရဲချုပ်ဟောင်း ခင်ရီ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီဖြစ်ပြီး အားလုံးသိတဲ့အတိုင်း နဂိုကတည်းက စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ တပ်ပါတီဖြစ်ပါတယ်။ နောက်ထပ် သာကူး သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ၈၈ မျိုးဆက် ကိုကိုကြီးရဲ့ ပြည်သူ့ပါတီဟာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်နေပါတယ်”

    ကေဂျီ – Wiper 

    အာဏာရှင်ဖြစ်ချင်လွန်းလှသူ မင်းအောင်လှိုင်ရဲ့ အဓိက အားကိုးအားထားပြုနေရတဲ့  အကြမ်းဖက်တပ်မတော်ကြီးဟာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာတဲ့ ၂၀၂၄ ကာလ လက်ရှိအနေအထားမှာတော့ လူထူ အနူလမ်းသလား အဆင့်ကနေ သူတင်ကိုယ်တင်တိုက်လာခိုက်လာရတဲ့ အချိန်အခါမှ အရပ်ထဲ ဖြဲပြတဲ့ ဖိုးသင်းမျောက်လို နေရာဒေသအစုံမှာ အားရပါးရကြီးကို ရှုံးပြနေပါတော့တယ်။ လက်နက်မဲ့ ပြည်သူလူထုအပေါ် နှိပ်စက်ပြ၊ အနိုင်ကျင့်ပြုလုပ်ခဲ့သမျှဟာ အရပ်စကားနဲ့ ပြောရရင်တော့ ဇာတ်ထဲက လူမိုက်ပမာ ဖြစ်နေခဲ့ပါပြီ။ နိုင်ငံတော်အဆင့် စစ်ကြောင်းတွေနဲ့ တုတ်ဆွဲဓားဆွဲကြမ်းပြသမျှဟာလည်း အပြီးသတ် ပတ်တီးအဖွေးသားနဲ့ အောင်မြင်စွာ ဆုတ်ခွာစစ်ဆင်နိုင်ခဲ့ပါတယ် ဆိုတဲ့ အဆင့်က တက်မလာတော့ပါဘူး။

    ဒီလို စစ်တပ်အားကိုးတစ်ခုနဲ့ အခြေအနေမဟန်တော့မှန်းကို သိသာလာတဲ့အခါ မင်းအောင်လှိုင်ဟာ ရနိုင်သလောက်နေရာလေးမှာ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးကာ ရွေးကောက်ပွဲဖြစ်ရုံလေး ကျင်းပလို့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးပြီး လွတ်အောင်ပြေးနိုင်ဖို့ ကြိုးစား ပြင်ဆင်လာပါတယ်။ လက်ရှိစစ်ကောင်စီ လက်အောက်မှာ ပြည်သူလူထုတစ်ရပ်လုံးဟာ လူ့အခွင့်အရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ်ကို ရောက်ရှိနေပါတယ်။

    ပြည်သူလူထုဟာ နေ့စဉ်တွေ့ကြုံနေရတဲ့ အကျပ်အတည်းတွေကြားမှာ တော်လှန်ရေးနဲ့ လူအခွင့်အရေး ဆုံးရှုံးမှုတွေကို လွန်ဆန်ကြဖို့ထက် နေထိုင်စားသောက်နိုင်ရုံလောက်ကိုပဲ မနည်းကို ရုန်းကန်နေကြရပါတယ်။ ဒီအချက်ပေါ်မှာ အခွင့်အရေးရယူပြီး မင်းအောင်လှိုင်ဟာ ၂၀၁၀ တုန်းက ဦးသန်းရွှေ အကွက်လိုမျိုး ခင်းလာနိုင်ပါတယ်။ ပြည်သူလူထုအားလုံး ကျပ်တည်းဆင်းရဲပြီး ဒုက္ခရောက်နေမှ မင်းအောင်လှိုင်အတွက် ကယ်တင်ရှင်ဇာတ်ကို ခင်းလို့ကောင်းမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံးကို ဒုက္ခမရောက် မဖြစ်ရလေအောင်လည်း ကြိုးစားလုပ်ဆောင်နေပါတယ်။

    (more…)

  • “ဟန်ကိုယ့်ဖို့” လုပ်နေတဲ့ သမ္မတရူး စစ်ခေါင်းဆောင် 

    “ဟန်ကိုယ့်ဖို့” လုပ်နေတဲ့ သမ္မတရူး စစ်ခေါင်းဆောင် 

    “အာဏာသိမ်းပြီးတဲ့နောက် သမ္မတရူးရူးနေတဲ့ စစ်ခေါင်‌ဆောင်မင်းအောင်လှိုင်အဖြစ် ထင်ရှားသလို အခြားတဖက်မှာလည်း စစ်တပ်အဖွဲ့စည်းကြီးရဲ့ စစ်ခေါင်းဆောင်အုပ်စုတွင်းမှာ အာဏာလုတန်ခိုးထွားဖို့ နည်းလမ်းပေါင်းစုံ သုံးနေသူလည်းဖြစ်သည်”

    ရန်နိုင် – Wiper 

    စစ်အာဏာရှင်တွေဟာ ကိုယ်တိုင်စီစဉ်ထားတဲ့ မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်မတော် ထောက်ခံသူ၊ USDP ပါတီ ထောက်ခံသူ လူနည်းစုတွေရဲ့ ဆန္ဒကိုပုံကြီးချဲ့ အာဏာသိမ်းလိုက်တဲ့နောက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူ လူပင်လယ်ကြီးကိုတော့ ကျည်အစစ်အသုံးပြုပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်။ မဲစာရင်းအမှားဆိုတာ အာဏာသိမ်းချင်လို့ အကြောင်းပြချက်တစ်ခုဖြစ်ကြောင်း ပြည်သူလူထု ကောင်းကောင်း သိကြပေမယ့်လည်း စစ်တပ်ကတော့ မဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းခဲ့ခြင်းကို အထ မြောက်ဖို့အတွက် မဖြစ်မနေရွေးကောက်ပွဲလုပ်ဖို့ ခြေလှမ်းတွေ သွက်နေတာကိုတွေ့နေရပါသည်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သတမ္မတရူးပြီး အာဏာသိမ်းတာကလည်း အကြောင်းပြချက်တစ်ခုအဖြစ် ခိုင်ခိုင်မာမာရှိခဲ့ပါသည်။ သို့ပေမယ့် ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံအရ စစ်တပ်က အခွင့်ထူးခံနေရာ ရနေပြီးသားဖြစ်သလို စစ်တပ်အတွင်းမှာလည်း ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့်ကို အပြည့်အဝရထားပြီးဖြစ်သည်။ အရေးပါတဲ့ ဝန်ကြီးဌာန () ခုကိုပါ ထိန်းချုပ်ထားနိုင်ခြင်းတို့ကြောင့် စစ်တပ်က တနိုင်ငံလုံး ဒေသန္တရ အုပ်ချုပ်ရေးတည်ဆောက်ဖွဲ့စည်းပုံတွင်ပါ ကျယ်ကျယ်ပြန့်ပြန့်ဩဇာလွှမ်းမိုးထားနိုင်ခဲ့သည်။ NLD နှင့် လျှို့ဝှက်တွေ့ဆုံပွဲမှုများကြောင့် အတိတ်က စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဗိုလ်ချုပ်ကြီးတွ ေကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုပါ ကာကွယ်ပေးထားသလား ထင်ရလောက်အောင် စစ်တပ်အတွက် လုံခြုံခဲ့သည်။

    စီးပွားရေးအရလည်း စစ်တပ်ရဲ့အဓိက စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL များမှ တရားဝင်အဖြစ်သော်လည်းကောင်း၊ ခရိုနီကုမ္ပဏီများနှင့် တရားမဝင်စစ်တပ်ပိုင် ပုဂ္ဂလိက စီးပွားရေးများမှတဆင့်ဖြစ်စေ စစ်တပ်ရဲ့ စီးပွားရေးအရ စစ်ခေါင်းဆောင်တွေအတွက် စီးပွားရေးပိုင်ဆိုင်မှုများစွာ ရှိနေခဲ့သည်။ အခြေခံဥပဒေကိုပြင်ဖို့ ဖိအားတဆထက်တဆ မြင့်တက်လာပေမယ့်လည်း မြန်မာ့နိုင်ငံရေးနဲ့ ဈေးကွက်စီးပွားရေးမှာ အခွင့်ထူးခံ နေရာရထားတဲ့ စစ်တပ်အနေနဲ့ထင်ရှားတဲ့ ခြိမ်းခြောက်မှုမျိုး ရှိမနေခဲ့ပေ။

    (more…)

  • ခိုးသားငါးရာရဲ့ ဘဏ္ဍာထိန်း…. အ ဓမ္မ ရဲ့ လူမိုက်ထိန်း

    ခိုးသားငါးရာရဲ့ ဘဏ္ဍာထိန်း…. အ ဓမ္မ ရဲ့ လူမိုက်ထိန်း

    “အပြစ်မဲ့ပြည်သူတွေဆီက အာဏာကိုလုယူ၊ ကန့်ကွက်တဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာကို သိနေပါလျှက် သတ်ဖြတ်သူဘက် ရပ်တည်ဖို့၊ အစိုးရနဲ့ လက်တွဲကြဖို့ ဖိအားပေး တရားဟောနေတာက အလွန်ထူးတဲ့ သာသနာ့အာဇာနည်ပါဂူကြီးပါပဲ”

    ရန်နိုင် – Wiper

    ညီနောင် ကိုးကျိပ်ကိုးယောက်ကို သုတ်သင်ပြီး ထီးနန်းတက်ခဲ့တဲ့ အသောကမင်းကြီးဆိုတာ ဗုဒ္ဓဘာသာကို မြန်မာပြည်ထိပြန့်ပွားအောင် သာသနာပြုခဲ့တဲ့မင်းကြီးဖြစ်တဲ့အကြောင်း အမွှန်းတင်ပြောဟောလေ့ ရှိသူကတော့ ကိုးဘွဲ့ရ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရပဲဖြစ်တယ်။ အသောကမင်းကြီးက ညီတော်တွေကို သွေးချောင်းစီး သတ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကိုးတိုင်း ကိုးဌာနအထိ သာသနာပြန့်ပွား အောင်လုပ်နိုင်ခဲ့သူဖြစ်တယ်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ပြည်သူတွေကို အညှာတာ ကင်းကင်း သတ်ဖြတ်နေပေမယ့် ဆရာ/တကာ ကြည်ဖြူရင် သာသနာပြုမင်းဖြစ်နိုင်တယ်ဆိုပြီး သီတဂူ အရှင်ဉာဏိဿရက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နောက်ကွယ်ကမြှောက်ပင့် ထောက်ခံနေသူ ဖြစ်တယ်။ အသောကမင်းကြီးက ညီနောင်တွေကို အားလုံးရှင်းလင်းပြီး ထီးနန်းကိုရခဲ့ပေမယ် (၄)နှစ်ကြာတဲ့အထိ ဘိသိတ်မခံယူ မင်းအဖြစ်မယူသေးပဲ အုပ်ချုပ်မယ့်နယ်မြေတွေကိုသိမ်းပိုက်ခဲ့တယ်။ စစ်ဘုရင်တို့ရဲ့ ဓလေ့အရ စစ်ပွဲအတွင်းရန်သူကိုမည်သို့ဆက်ဆံသည် အတိအကျမသိရပေမယ့် အိန္ဒိယအင်ပါယာ တခုလုံးကို ကျယ်ပြန့်စွာတိုက်ခိုက်သိမ်းယူခဲ့တယ်။

    အိန္ဒိယအင်ပါယာကို ပထမဆုံးတည်ထောင်ခဲ့တဲ့ အဖိုးဖြစ်သူ စန္ဒဂုတ္တမောရိယ ဘုရင်ကြီး မသိမ်းပိုက်နိုင်ခဲ့တဲ့ အိန္ဒယနိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေထိအောင် သိမ်းပိုက်ခဲ့ပြီး ကျယ်ပြန့်တဲ့ အင်ပါယာကိုထူထောင်ခဲ့သူဖြစ်တယ်။ အမေ မတူတဲ့ညီနောင် ကိုးကျိပ်ကိုးယောက်ကို သတ်ခဲ့ပြီး အင်ပါယာတည်ထောင်ဖို့အတွက် တိုင်းနိုင်ငံငယ်လေးတွေကို နန်းသက် (၈)နှစ်ကြာတဲ့အထိ တိုက်ခိုက်ပြီး ငြိမ်ဝပ်ပိပြားအောင် တည်ဆောက်ခဲ့တယ်။ စစ်ဘုရင်ဖြစ်တဲ့ အတွက် လက်ရဲဇက်ရဲ နောက်လိုက်တွေနဲ့ ရက်စက်တဲ့စစ်ပွဲတွေကို အကြိမ်ကြိမ် တိုက်ခဲ့တယ်။ နောက်လိုက်တွေ လက်ရဲဇက်ရဲ ဘယ်လောက်ထိရှိလဲဆိုရင် ကမ်းပေးတဲ့ အသောကမင်းရဲ့ လက်ကို ဆုတ်ကိုင်လိုက်တဲ့ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကို ဓါးနဲ့ပိုင်းဖို့ထိ ရွယ်ခဲ့တယ်လို့ သီတဂူအရှင်ဉာဏိသရက ဟောလေ့ရှိတယ်။

    (more…)

  • စစ်ကောင်စီကျရှုံးတော့မှာ ဘာ့ကြောင့် သေချာနေရတာလဲ

    စစ်ကောင်စီကျရှုံးတော့မှာ ဘာ့ကြောင့် သေချာနေရတာလဲ

    “လက်နက်ကိုင်တော်လှန်ရေးဟာ ၃ နှစ်ကျော်ကာလအကြာမှာပဲ သမိုင်းအဆက်ဆက် သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်တွေကို ထိခိုက်ကျရှုံးလောက်အောင်၊ ပုံပျက်ယိုင်နဲ့ပြီး ပြိုကျလာအောင်အထိ စွမ်းဆောင်ပြနိုင်လာခဲ့ပါပြီ”

    ကေဂျီ – Wiper

    ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟိုင်ဂင်အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ချိန်မှာတော့ ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းမြောက်မှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တော့တာဆိုလို့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ မှုဆယ် ၅ မြို့ သာကျန်ရှိပါတော့တယ်။ အပစ်အခတ်ရပ်စဲပြီး ၅ လ ကျော်လာချိန်မှာတော့ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖော်တို့ရဲ့ အသီးသီး စစ်ရေးပြင်ဆင်လာမှုတွေကို တွေ့မြင်လာရပြီး ဘယ်အချိန် ထပေါက်ကွဲမယ်မသိရတဲ့ ဖျက်အားပြင်း ဗုံးတလုံးလို အနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

    စစ်ကောင်စီဟာ ဇွန်လ ၁၂ရက်နေ့ လောက်ကစပြီး လားရှိုးမူဆယ် လမ်းပေါ်က ကောင်းဟုန်၊ နမ့်ဖ၊ မန်နားရွာအနီးက လမ်းများနဲ့ နမ္မတူသီပေါ လမ်းပိုင်းနေရာတချို့ကို မြေတူးစက်နဲ့ တူးပြီးဖျက်ဆီးကာ သွားလာလို့ မရနိုင်အောင် လုပ်ဆောင်လာခဲ့ပါတယ်။ လားရှိုးမြို့ပေါ်မှာလည်း စစ်ကောင်စီဟာ လက်နက်ကြီးတွေ၊ တရုတ်ထုတ်နဲ့ ရုရှားထုတ် ဒရုန်းတွေကို ပြင်ဆင်ထားပြီး မြို့အပြင်မှာရှိတဲ့ စစ်စခန်းတွေကိုလည်း အင်အားဖြည့်တင်းနေပါတယ်။ စစ်ကောင်စီဟာ  ဟိုင်ဂင်သဘောတူညီချက်များကို သွေဖီပြီး ကိုးကန့်နဲ့ တအာင်းဒေသတွေကို လက်နက်ကြီး ပစ်တာတွေ၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

    (more…)

  • အနောက်တံခါး ပိုင်ရှင်ပြောင်းသွားသော်

    အနောက်တံခါး ပိုင်ရှင်ပြောင်းသွားသော်

    “ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ အာရက္ခတပ်တော် AA ကတော့ စစ်ရေးအရ စစ်ကောင်စီကို အဖက်ဖက်က ဖိထားနိုင်သလို စစ်အင်အားအတွက်လည်း အင်အားကောင်းတဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့အဖြစ် MNDAA, TNLA တို့နဲ့ မဟာမိတ်ဖွဲ့ထားနိုင်သလို ၁၀၂၇ စစ်ဆင်ရေးကြီးကိုဆင်နွှဲပြီး အကြမ်းဖက်စစ်တပ်ကို ကောင်းကောင်း ဦးနှိမ်ထားနိုင်ခဲ့တယ်”

    ရန်နိုင်

    တနိုင်ငံလုံးမှာ စစ်ရုံးနေတဲ့ စစ်ကောင်စီအတွက် ရခိုင်ပြည်နယ်ကို ကြည်း၊ ရေ၊ လေ အင်အားအကုန်သုံးပြီး ကာကွယ်နေသလို ရဲခွေး၊ စစ်ခွေးတွေကိုလည်း ဘုရင့်နောင်ဖောင်ဖျက်တဲ့ စစ်ဗျူဟာနဲ့ အသေခံတိုက်ခိုင်းနေ ပေမယ့်လည်း ရှက်ဖို့ကောင်းတဲ့စစ်ရေးအရှုံးတွေပဲ ကြုံနေတယ်။ လက်နက်ကိုင်အချင်းချင်းမနိုင်တော့လို့ အရပ်သားတွေကို တိုက်ခိုက်နေပေမယ့်လည်း စစ်ကောင်စီရဲ့စစ်ရာဇဝတ်ကျူးလွန်တာတွေပဲ အဖတ်တင်ခဲ့တယ်။

    ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် အောင်မြင်မှုဆိုတာက အာရက္ခတပ်တော် AA ရဲ့ အဖမ်းမခံရပဲ၊ တိုက်ပွဲမှာမကျဆုံးပဲ ထွက်ပြေးနိုင်ခြင်းက အမြင့်ဆုံးအောင်မြင်မှုပဲဖြစ်နေတယ်။ ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နဲ့ မောင်တောခရိုင်ထဲက ဗူးသီးတောင်မြို့ကို အပြီးသတ်သိမ်းပိုက်ပြီးရင် ရခိုင်ပြည်နယ် မြောက်ပိုင်းတခုလုံးက စစ်တပ်ကင်းစင်မြေဖြစ်သွားပြီ။ 

    အိန္ဒိယနိုင်ငံ နယ်စပ်ကိုသာမကပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့နယ်စပ်ကုန်သွယ်မှုကိုပါ ထိန်းချုပ်နိုင်တော့မှာဖြစ်တယ်။ အာရက္ခတပ်တော် AA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၃ နိုဝင်ဘာလကတည်းက နေ့စဉ်စစ်ကောင်စီတပ်စခန်းကိုတွေကို သိမ်းပိုက်နေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဆိုရင် ဗူးသီးတောင် မြို့တခုပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေနိုင်တော့တယ်။ ဗူးသီးတောင်မြို့မှာလည်း ကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်တိုက်ရင်း အသေမခံပဲ လက်နက်ချဖို့ နောက်ဆုံးအဆင့်အဖြစ် အသိပေးကြေညာနေပြီဖြစ်တယ်။ 

    (more…)