“ဟန်ကိုယ့်ဖို့” လုပ်နေတဲ့ သမ္မတရူး စစ်ခေါင်းဆောင် 

“အာဏာသိမ်းပြီးတဲ့နောက် သမ္မတရူးရူးနေတဲ့ စစ်ခေါင်‌ဆောင်မင်းအောင်လှိုင်အဖြစ် ထင်ရှားသလို အခြားတဖက်မှာလည်း စစ်တပ်အဖွဲ့စည်းကြီးရဲ့ စစ်ခေါင်းဆောင်အုပ်စုတွင်းမှာ အာဏာလုတန်ခိုးထွားဖို့ နည်းလမ်းပေါင်းစုံ သုံးနေသူလည်းဖြစ်သည်”

ရန်နိုင် – Wiper 

စစ်အာဏာရှင်တွေဟာ ကိုယ်တိုင်စီစဉ်ထားတဲ့ မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်မတော် ထောက်ခံသူ၊ USDP ပါတီ ထောက်ခံသူ လူနည်းစုတွေရဲ့ ဆန္ဒကိုပုံကြီးချဲ့ အာဏာသိမ်းလိုက်တဲ့နောက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူ လူပင်လယ်ကြီးကိုတော့ ကျည်အစစ်အသုံးပြုပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်။ မဲစာရင်းအမှားဆိုတာ အာဏာသိမ်းချင်လို့ အကြောင်းပြချက်တစ်ခုဖြစ်ကြောင်း ပြည်သူလူထု ကောင်းကောင်း သိကြပေမယ့်လည်း စစ်တပ်ကတော့ မဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းခဲ့ခြင်းကို အထ မြောက်ဖို့အတွက် မဖြစ်မနေရွေးကောက်ပွဲလုပ်ဖို့ ခြေလှမ်းတွေ သွက်နေတာကိုတွေ့နေရပါသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သတမ္မတရူးပြီး အာဏာသိမ်းတာကလည်း အကြောင်းပြချက်တစ်ခုအဖြစ် ခိုင်ခိုင်မာမာရှိခဲ့ပါသည်။ သို့ပေမယ့် ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံအရ စစ်တပ်က အခွင့်ထူးခံနေရာ ရနေပြီးသားဖြစ်သလို စစ်တပ်အတွင်းမှာလည်း ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့်ကို အပြည့်အဝရထားပြီးဖြစ်သည်။ အရေးပါတဲ့ ဝန်ကြီးဌာန () ခုကိုပါ ထိန်းချုပ်ထားနိုင်ခြင်းတို့ကြောင့် စစ်တပ်က တနိုင်ငံလုံး ဒေသန္တရ အုပ်ချုပ်ရေးတည်ဆောက်ဖွဲ့စည်းပုံတွင်ပါ ကျယ်ကျယ်ပြန့်ပြန့်ဩဇာလွှမ်းမိုးထားနိုင်ခဲ့သည်။ NLD နှင့် လျှို့ဝှက်တွေ့ဆုံပွဲမှုများကြောင့် အတိတ်က စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဗိုလ်ချုပ်ကြီးတွ ေကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုပါ ကာကွယ်ပေးထားသလား ထင်ရလောက်အောင် စစ်တပ်အတွက် လုံခြုံခဲ့သည်။

စီးပွားရေးအရလည်း စစ်တပ်ရဲ့အဓိက စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL များမှ တရားဝင်အဖြစ်သော်လည်းကောင်း၊ ခရိုနီကုမ္ပဏီများနှင့် တရားမဝင်စစ်တပ်ပိုင် ပုဂ္ဂလိက စီးပွားရေးများမှတဆင့်ဖြစ်စေ စစ်တပ်ရဲ့ စီးပွားရေးအရ စစ်ခေါင်းဆောင်တွေအတွက် စီးပွားရေးပိုင်ဆိုင်မှုများစွာ ရှိနေခဲ့သည်။ အခြေခံဥပဒေကိုပြင်ဖို့ ဖိအားတဆထက်တဆ မြင့်တက်လာပေမယ့်လည်း မြန်မာ့နိုင်ငံရေးနဲ့ ဈေးကွက်စီးပွားရေးမှာ အခွင့်ထူးခံ နေရာရထားတဲ့ စစ်တပ်အနေနဲ့ထင်ရှားတဲ့ ခြိမ်းခြောက်မှုမျိုး ရှိမနေခဲ့ပေ။

မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(UAE) သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်မှုမြင်ကွင်း

စစ်တပ်အနေနဲ့ တနိုင်ငံလုံးအတိုင်းတာနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနေတာကြောင့် စစ်တပ်နဲ့ဆက်နွယ်နေတဲ့ပိုင်ဆိုင်မှုများလည်း နေ့စဉ်ကြီးထွား တိုးပွားနေတဲ့အချိန်ကာလလည်းဖြစ်သည်။ နောင်ဆယ်စုနှစ်များစွာအထိ နိုင်ငံရေးဩဇာလွမ်းမိုးမှုကို ဆက်ထိန်းထားပြီး စစ်အာဏာရှင်အဆက်ဆက် ချမ်းချမ်းသာသာနေနိုင့်မည့် အခွင့်ရေးရှိနေချိန်ဖြစ်သည်။ တိုင်းပြည် ဆင်းရဲနေချိန်မှာ ချမ်းချမ်းသာသာဖြစ်နေတဲ့စစ်တပ်ရဲ့ စီးပွားရေးလမ်းကြောင်းတွေကို ဝေဖန်လာခဲ့ရင်လည်း စစ်တပ်အနေနဲ့ အရပ်သားအစိုးရရဲ့ နောက်ကွယ်မှာ ပုန်းလျှိုးနေလို့ရနေနိုင်သည့် အခွင့်ရေးကောင်းလည်းရှိနေသည်။

ဒီလိုအဖက်ဖက်ကနေ သာနေတဲ့အချိန်တခုမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဏာသိမ်းလိုက်ခြင်းက စစ်ခေါင်းဆောင်ပိုင်း အုပ်စုကွဲပြားခြင်း၊ အာဏာလုနေခြင်းကြောင့်လား ဆိုတာကို နိုင်ငံတကာပညာရှင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ODI ခေါ် ပင်လယ်ရပ်ခြားနိုင်ငံများ ဖွံ့ဖြိုးရေးအင်စတီကျူက သုတေသီ Anders Kirstein Moeller က သုံးသပ်ရေးသားထားသည်။ စစ်တပ်အတွင်းမှာအုပ်စုလိုက် ရာထူးဖြုတ်ခဲ့တဲ့ဖြစ်စဉ်တွေကြောင့် တပ်တွင်းမှာ ကြီးကြီးမားမာအာဏာလု အာဏာတည်ဆောက်နေတာကြောင့်လို့ ခန့်မှန်းနိုင်သည်။ ၁၉၆၁ ခုနှစ်က တပ်မတော်အရာရှိ (၁၁)ဦးကို တပ်တွင်းကထုတ်ခဲ့တဲ့ဖြစ်စဉ်၊ နေဝင်းအစိုးရဖြုတ်ပြီးနောက် ၁၉၈၈ စောမောင် ရဲ့ အာဏာသိမ်းမှုကို ၁၉၉၂ ဗိုလ်သန်းရွှေက အာဏာဆက်ယူခြင်း၊ ၂၀၀၄ မှာ ဗိုလ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးအုပ်စုကို ဖြုတ်ထုတ်ခြင်း စတဲ့စစ်ခေါင်းဆောင်ပိုင်း အုပ်စုတွေရဲ့ အုပ်စုတွင်း အာဏာပြိုင်ဆိုင်မှုတွေက စစ်တပ်အရာရှိပိုင်းတွေရဲ့ အစုအဖွဲ့လိုက်အာဏာပြိုင်နေတာ သိသာနိုင်သည်။

စစ်တပ်က နိုင်ငံရဲ့ထာဝရ ကယ်တင်ရှင်ဖြစ်ချင်တာကြောင့် အရပ်သားအစိုးရနဲ့ သဘောထားတိုက်ဆိုင် ပြောင်းလဲလိုသူတွေကိုလဲ ဖယ်ရှားရှင်းလင်းလေ့ရှိသည်။ ၁၉၈၈ မ..လ ပါတီမှ နိုင်ငံတော်အာဏာကို စတင်သိမ်းယူစဉ်က ရွေးကောက်ပွဲလုပ်ပြီးလို့ အရပ်သားအစိုးရတက်လာရင် စစ်တန်းလျားပြန်မယ်လို့ ပြောခဲ့တဲ့ ဗိုလ်မှူးချုပ်စောမောင် ကိုစစ်တပ်က အနားပေးခဲ့သည်။ USDP ဥက္ကဌဟောင်း သူရရွှေမန်းက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံတာကြောင့် ၂၀၁၅ မှာ လူသိရှင်ကြားထုတ်ပယ်ခဲ့တာကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးနီးကပ်ကပ်တွေ့ရလေ့ရှိသည့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေ ကိုလည်း ၂၀၂၀ အာဏာမသိမ်းခင်လေးမှာ ရာထူးကနေထုတ်ပယ်ခဲ့သည်။

မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်မှုမြင်ကွင်း။

စစ်တပ်ကနိုင်ငံရဲ့ကယ်တင်ရှင် အဖြစ်ခံယူထားတဲ့ ဗိုလ်သန်းရွှေကလည်း သူယုံကြည်ရတဲ့ သိန်းစိန်ကို သမ္မရာထူးပေးခဲ့သလို၊ ဒုဗိုလ် မောင်အေးရဲ့ လူယုံဖြစ်တဲ့ မင်းအောင်လှိုင်ကလည်း သူယုံကြည်ရသူ သော်လည်းကောင်း သူကိုယ်တိုင်သော်လည်းကောင်း သမ္မတရာထူးရယူဖို့ကြိုးစားနေခြင်းဖြစ်သည်။ အာဏာ စသိမ်းပြီးနောက် အရပ်သားအစိုးရကိုထောက်ခံသည့် မဲစာရင်းများကိုမှားယွင်းနေသည်ဟု အကြောင်းပြပြီး စစ်တပ်ကိုထောက်ခံတဲ့အစိုးရတရပ်ထူထောင်ဖို့ အနိုင်ရပါတီဝင်တွေကို ထောင်ထဲထည့် ထားပြီး ပါတီစုံ ရွေးကောက်ပွဲလုပ်မည်ဟု ကြေငြာခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ()ရက်နေ့မှာ အာဏာသိမ်းပြီး လုံခြုံရေး ကောင်စီဖွဲ့ကာ နိုင်ငံတော်ကိုစစ်တပ်က တစ်နှစ်အုပ်ချုပ်ပြီး နောက်()လမှာ ရွေးကောက်ပွဲ လုပ်မည်ဟု ကြေငြာခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီး နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ၆ လ သက်တမ်းတိုးသည့် အကြိမ်ရေ()ကြိမ်ထိ ရှိလာသည့်တိုင် ပြည်တွင်းမှာ မတည်ငြိမ်သေးသည့်အပြင် စစ်တပ်အတွက် နယ်မြေတွေကျဉ်းမြောင်းလာခဲ့သည်။ ရွေးကောက်ပွဲလုပ်ဖို့ ပါတီဝင်တွေ စည်းရုံးရေးဆင်းဖို့မဖြစ်နိုင်သလို စစ်တပ်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ကိုယ်တိုင် တပ်စခန်းတွေစွန့်ခွာထွက်ပြေးနေရသည့် အခြေနေဖြစ်နေသည်။

အာဏာသိမ်း ၃ နှစ်ကျော်လာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်ညီနောင်()ဖွဲ့က မြို့(၂၀)ကျော်နဲ့ စစ်စခန်း (၄၀၀)ကျော်ထိ သိမ်းပိုက်ပြီးချိန် ၂၀၂၄ မတ်လ (၂၇)ရက်နေ့ တပ်မတော်နေ့အခမ်းအနားမှာတော့ တနိုင်ငံလုံးပါဝင်တဲ့ ရွေးကောက်မှတဆင့်လျှောချပြီး အပိုင်းလိုက်မဲပေးစနစ်နဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြောင်းလဲ ကြေငြာလာခဲ့သည်။ ယခင်က ၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေငြာခဲ့ ပေမယ့် ၂၀၂၃၊ စက်တင်ဘာလ ()ရက်နေ့မှာတော့ (/၂၀၂၄) ..က အစည်းအဝေးမှာ တနိုင်ငံလုံး အကြားအလပ်မရှိ မဲပေးနိုင်ဖို့  ၂၀၂၄ မှာ သန်းခေါင်းစာရင်းအပြီးစီး ကောက်ယူပြီးရင် ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောကြားခဲ့ပြန်သည်။

လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်ကနိုင်ငံတော်အာဏာကို မတရားသိမ်းထားတဲ့သူ ဖြစ်နေသည်။ ဒါ့ကြောင့်လည်း မတရားမှုဆန့်ကျင်၊ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တိုက်ပွဲတွေဖြစ်ပွား နေပြီး တနိုင်ငံလုံးမှာ စစ်ခေါင်းဆောင်တွေ ထိန်းချုပ်ထားနိုင်တာက နေပြည်တော်ကွက်ကွက်လေးပဲ ရှိနေတော့သည်။ ဒီလိုနယ်မြေကျဉ်းကျဉ်းလေးပဲ ကျန်နေပေမယ့်လည်း ရွေးကောက်ပွဲဖြစ်မြောက်ဖို့ နည်းမျိုးစုံသုံးပြီး သန်းခေါင်စာရင်းကောက်ယူခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပါတီများလှုပ်ရှားနေခြင်း စတဲ့ ပုံစံမျိုးစုံနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြနေသည်။ လူမှုရေး၊ သန့်ရှင်းရေး၊ ကျန်းမာရေး လှုပ်ရှားမှုတွေမှာ ပါတီတဆိပ်တွေသုံးပြီး ပါတီတွေရဲ့ လှုပ်ရှားမှုတွေ အသွင် သတင်းလွှင့်ဖော်ပြနေခြင်း၊ အီလက်ထရောနစ် မဲပေးစက် စမ်းသပ်နေတာတွေကိုလည်း ရွေးကောက်ပွဲ အတွက်ပြင်ဆင်နေခြင်း ဟု ဖော်ပြခဲ့သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် စစ်ရေးအခြေအနေအရ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေတွေလက်လွှတ်ခဲ့ရသလို ရခိုင်ပြည်နယ်တခုလုံးနီးပါးကိုလည်း လက်လွှတ်ရတော့မည်။ ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး စသည့်အလယ်ပိုင်းတိုင်းတွေမှာလည်း နယ်မြေစိုးမိုးမှု လုံးဝမရှိတော့တာကြောင့် ဧရာဝတီတိုင်းလို စစ်တပ် အုပ်ချုပ်မှုအောက်မှာရှိနေသေးတဲ့ တိုင်းဒေသတွေကိုအခြေပြုပြီး ရွေးကောက်ပွဲအတွက်လှုပ်ရှားနေသည့်အသွင်နဲ့ လစဉ်လုပ်ဆောင်နေခဲ့ သည်။ ပန်းခင်းလမ်းစီမံချက် အဆင့်() နိုင်ငံသားကတ် လုပ်ဖို့စာရင်းလုပ်ခြင်း၊ အဆင့်() နိုင်ငံသားကတ် အချက်အလတ်ဖြည့်ခြင်း၊ အဆင့်() နိုင်ငံသားကတ်တွေ ထုတ်ပေးခြင်းစတဲ့ အဆင့်တွေနဲ့ လစဉ်လုပ်ဆောင်နေတာတွေ့ရသည်။ 

စစ်ကောင်စ်ီပြုလုပ်နေတဲ့ အီလက်ထရောနစ် စနစ်မဲပေးဖို့အတွက် eID စနစ်အရ ဇီဝအချက်အလက်တွေ ကောက်ယူခြင်း စသည့်လှုပ်ရှားမှုတွေကို စိုးမိုးနယ်မြေကွက်ကွက် ကလေးမှာ လစဉ်လုပ်ဆောင်ပြနေပြီး ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေကြောင်း စစ်တပ်ပိုင်သတင်းစာတွေမှာ ဖော်ပြနေခဲ့သည်။ စစ်ပွဲတွေရှုံး နယ်မြေတွေ လက်လွှတ်နေရပေမယ့် ရွေးကောက်ပွဲအတွက်လှုပ်ရှားမှုတွေ ဖော်ပြပြီး နိုင်ငံရေး လှည့်ကွက်တွေနဲ့ နိုင်ငံတကာကိုလည်း လှည့်စားနိုင်ဖို့ ကြိုးစားနေခြင်းဖြစ်သည်။

ပြည်သူတွေကိုလည်း နည်းမျိုးစုံနဲ့အချက်အလက်တွေ အတင်းအကျပ်စုဆောင်းနေတာတွေလည်း ကြုံနေရ သည်။ စက်ရုံအလုပ်သမားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေကိုလည်း အတင်းအကျပ် eID ကတ်အတွက် Biomatric Data တွေကို စုဆောင်း ကောက်ယူနေသည်။ ဆန်ဝယ်၊ ဆီဝယ်ရင်လည်း မှတ်ပုံကတ်ပြပြီး တန်းဆီနေရတဲ့ အာဏာသိမ်းမင်းအောင်လှိုင် လက်ထက်မှာ နည်းမျိုးစုံနဲ့ပြည်သူတွေနဲ့ အချက်အလက်တွေ စုဆောင်းခံနေရသည်။ ပြည်သူတွေအပေါ်၊ နိုင်ငံအပေါ် မရိုးသားတဲ့ စစ်တပ်က ပြည်သူတွေရဲ့အချက်အလက် တွေကိုနည်းမျိုးစုံနဲ့ရယူပြီး ရွေးကောက်ပွဲမှာအသုံးချနိုင်မလားဆိုတာ စိုးရိမ်နေကြရသည်။ မလုပ်ရဲတာ ဘာမျှမရှိဘူးလို့ ပြောခဲ့တဲ့စစ်ခေါင်းဆောင် မင်းအောင်လှိုင် စကားကြောင့် ပြည်သူလူထုရဲ့ အချက်အလက် တွေကို ရွေးကောက်ပွဲမဲရလဒ်တွေအဖြစ် အသုံးချနိုင်သွားမလားလို့ သတိထားနေရသည်။

အာဏာသိမ်းပြီးတဲ့နောက် သမ္မတရူးရူးနေတဲ့ စစ်ခေါင်‌ဆောင်မင်းအောင်လှိုင်အဖြစ် ထင်ရှားသလို အခြားတဖက်မှာလည်း စစ်တပ်အဖွဲ့စည်းကြီးရဲ့ စစ်ခေါင်းဆောင်အုပ်စုတွင်းမှာ အာဏာလုတန်ခိုးထွားဖို့ နည်းလမ်းပေါင်းစုံ သုံးနေသူလည်းဖြစ်သည်။ အာဏာသိမ်းမင်းအောင်လှိုင်က ဒုသမ္မတ တယောက်လုံးရှိနေပါလျှက် ၂၀၂၂ ဇန်နဝါရီလ(၁၂)ရက် ပြည်ထောင်စုနေ့မှ သမ္မတတစ်ယောက်အဆောင်ယောင်တွေဖြစ်တဲ့ စလွယ်ကိုဝတ်ဆင်၊ ခေါင်းဘောင်း ပေါင်းပြီး ဗိုလ်ရှု့သဘင် ကျင်းပခဲ့သည်။ ၂၀၂၃၊ ဇန်နဝါရီလ()ရက်နေ့မှာလည်း သမ္မတရဲ့ စလွယ်ကို လွယ်ပြီး နိုင်ငံတော်ဂုဏ်ထူးဆောင် ဆုတံဆိပ်တွေ ပေးခဲ့သည်။ ဒီလို အယောင်ဆောင်သမ္မတလုပ်ခဲ့တာကြောင့် စစ်ခေါင်းဆောင်ရဲ့ သမ္မတရူးတဲ့ဆန္ဒကတော့ ပြည့်သွားပြီလို့သတ်မှတ်လို့ရနိုင်ပြီ။ 

စစ်ခေါင်းဆောင်အုပ်စုအတွင်း တန်ခိုးထွားဖို့ကြိုးစားနေတာကတော့ နိုင်ငံတဝန်းလုံးတည်ငြိမ်မှုရှိမနေတာ ကြောင့် ရွေးကောက်ပွဲလုပ်ဖို့အတွက်မလွယ်ကူသလို တကယ့်သမ္မတဖြစ်ဖို့ဆိုတာလည်း အလှမ်းဝေးနေဆဲ ဖြစ်သည်။ သို့ပေမယ့် မလုပ်ရဲတာဘာမျှမရှိဘူးဆိုတဲ့ စကားနဲ့အညီ အလှမ်းဝေးနေဆဲဖြစ်တဲ့ သမ္မတဖြစ်ဖို့ အတွက် ရွေးကောက်ပွဲကိုမဖြစ် ဖြစ်တဲ့နည်းလမ်းနဲ့ တရွေ့ရွေ့ဖန်တီးနေတာကို တွေ့နေရသည်။ အာဏာရှင် လူနည်းစုအတ္တအတွက် တည်ငြိမ်စပြုနေတဲ့နိုင်ငံကိုဖျက်ဆီး၊ ပြည်သူလူထု ဆန္ဒမပါတဲ့ ရွေးကောက်ပွဲကို အတင်းအကျပ် ဖန်တီးရယူဖို့ကြိုးစားနေသည်။

မင်းအောင်လှိုင်ရဲ့ အတ္တပဲဖြစ်ဖြစ်၊ စစ်ခေါင်းဆောင်အုပ်စုတွင်း အာဏာလုပွဲပဲဖြစ်ဖြစ် စစ်အာဏာသိမ်းခြင်းကြောင့် စစ်ရေး၊ နိုင်ငံရေးကို လူကြီး၊ လူငယ်မရွေး စိတ်ဝင်စားလာကြရသည်။ လက်ရှိစစ်ရေးမှာ လူငယ်တွေ တတပ်တအားနဲ့ အသာရနေသလို နိုင်ငံရေးမှာလည်း စစ်တပ်ရဲ့လိမ်ညာလှည့်စား နေတာတွေ ကြောင့် လူငယ်တွေနိုင်ငံရေးပါး အတန်အသင့် ဝနေကြပြီဖြစ်သည်။

ဒီလို နိုင်ငံရေးအရ ညာလို့မရတော့တဲ့ အချိန်မှာ စစ်ရေးကလည်းအရှုံးတွေချည်းဖြစ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ခြေလှမ်းစိပ်စိပ်လှမ်းလာနေတဲ့ ပါတီစုံရွေးကောက်ပွဲ ဆိုတာကတော့ စိတ်ကူးယဉ် ဆန်မှုတစ်ခုဖြစ်နိုင်သလို၊ ပြည်သူတွေရဲ့ စွမ်းအားတွေကို လျှော့တွက်နေတာလည်း ဖြစ်နိုင်သည်။ ခုလို အဖက်ဖက်က ရှုံးနိမ့်နေချိန်ထိ အရှုံးကိုလက်မခံသေး၊ ပြည်သူတွေရဲ့စွမ်းအားကို လျှော့တွက်နေသေးတယ် ဆိုရင်တော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သမ္မတရူးအိပ်မက်ကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နိုင်ပွဲတွေကပဲ ဆုံးဖြတ်ပေးသွားပါလိမ့်မည်။ ။ 

Red News Agency

By Editor