ဝင်းနိမ္မိတာရုံဆရာတော်

ခိုးသားငါးရာရဲ့ ဘဏ္ဍာထိန်း…. အ ဓမ္မ ရဲ့ လူမိုက်ထိန်း

ခိုးသားငါးရာရဲ့ ဘဏ္ဍာထိန်း…. အ ဓမ္မ ရဲ့ လူမိုက်ထိန်း

"အပြစ်မဲ့ပြည်သူတွေဆီက အာဏာကိုလုယူ၊ ကန့်ကွက်တဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာကို သိနေပါလျှက် သတ်ဖြတ်သူဘက် ရပ်တည်ဖို့၊ အစိုးရနဲ့ လက်တွဲကြဖို့ ဖိအားပေး တရားဟောနေတာက အလွန်ထူးတဲ့ သာသနာ့အာဇာနည်ပါဂူကြီးပါပဲ" ရန်နိုင် - Wiper ညီနောင် ကိုးကျိပ်ကိုးယောက်ကို သုတ်သင်ပြီး ထီးနန်းတက်ခဲ့တဲ့ အသောကမင်းကြီးဆိုတာ ဗုဒ္ဓဘာသာကို မြန်မာပြည်ထိပြန့်ပွားအောင် သာသနာပြုခဲ့တဲ့မင်းကြီးဖြစ်တဲ့အကြောင်း အမွှန်းတင်ပြောဟောလေ့ ရှိသူကတော့ ကိုးဘွဲ့ရ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရပဲဖြစ်တယ်။ အသောကမင်းကြီးက ညီတော်တွေကို သွေးချောင်းစီး သတ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကိုးတိုင်း ကိုးဌာနအထိ သာသနာပြန့်ပွား အောင်လုပ်နိုင်ခဲ့သူဖြစ်တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ပြည်သူတွေကို အညှာတာ ကင်းကင်း သတ်ဖြတ်နေပေမယ့် ဆရာ/တကာ ကြည်ဖြူရင် သာသနာပြုမင်းဖြစ်နိုင်တယ်ဆိုပြီး သီတဂူ အရှင်ဉာဏိဿရက…
Read More
ဆရာတော်ကြီးကို ပစ်တယ်၊ ပြည်သူကို လိမ်တယ်၊ ဘယ်မလဲ စစ်တပ်ဂုဏ်သိက္ခာ

ဆရာတော်ကြီးကို ပစ်တယ်၊ ပြည်သူကို လိမ်တယ်၊ ဘယ်မလဲ စစ်တပ်ဂုဏ်သိက္ခာ

"တချိန်လုံးအမျိုးဘာသာ သာသနာဆိုတဲ့ ကတုံးတွေအသံမထွက်ကြဘူး။ ရွှေကျင်ဥက္ကဌ သီတဂူကိုယ်တိုင်က တိတ်ဆိတ်နေတယ်။ အဲ့ဒီအချိန် ဘာသာခြား တယောက်က ပြစ်မှုကျူးလွန်မိမယ်ဆိုရင် ငါတို့အရိုးစည်းရိုးထိုးမယ်ဆိုတဲ့ လူ့အတ္တတွေ ပေါ်လာပါလိမ့်မယ်။ အခုတော့ အဆုံးထိ လိမ်ကြမယ်ဆိုပြီး အထက်ရောအောက်ရော ဝိုင်းလိမ်ကြတယ်" မောင်ဝိ - Wiper ပဲခူးမြို့က ဝင်းနိမ္မိတာရုံစာသင်တိုက်ရဲ့ ပဓာနနာယကဆရာတော်၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တာကြောင့် ပျံလွန်တော်မူသွားခဲ့တဲ့ ဖြစ်စဥ်က အားလုံးသိပြီးဖြစ်မှာပါ။ ဒါနဲ့ပတ်သတ်ပြီး စစ်ကောင်စီ လှည့်ကင်းက ပစ်ခတ်ခဲ့ကြောင်း၊ အခင်းဖြစ်ရာနေရာမှာပဲ ပျံလွန်တော်မူခဲ့ကြောင်း မန္တလေး သာသနာရေးမှူး ကျော်လှိုင်ကနေ နေပြည်တော် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ဆီ အစီရင်ခံတင်ပြထားတဲ့ စာမှာ ဖော်ပြထားတယ်။ ဖြစ်စဥ်နဲ့ပတ်သတ်ပြီး ကံသုံးဆင့်ဆရာတော်…
Read More
ဝင်းနိမ္မိတရုံ ဆရာတော်ကို စစ်ကောင်စီတပ်သားများ ပစ်သတ်ဟု

ဝင်းနိမ္မိတရုံ ဆရာတော်ကို စစ်ကောင်စီတပ်သားများ ပစ်သတ်ဟု

RNA_ဇွန်(၂၀)၊၂၀၂၄ ခုနှစ်။   ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်သားများ ပစ်သတ်ဟု ခရီးထွက်ရာတွင် ကားပေါ်ပါပြီး ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသမှ ဖြစ်စဉ်များကို လျှောက်ထားရာတွင် ထည့်သွင်းမိန့်ကြားထားသည်။   “ဝိုင်းပြီးတော့ ဖောကားပေါ်ကနေ ပစ်လိုက်တာ ခုနှစ်ချက် ရှစ်ချက်လောက်ရှိပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကတော့ တစ်ဘဝတစ်ခန္ဓာ ရုတ်သိမ်းသွားပါတယ်ဘုရား။ ဘုရားတပည့်တော်ကတော့ ခေါင်းကို ကားရဲ့မှန်စထိပါတယ်ဘုရား။ ဘုရားတပည့်တော် ပြင်ဘတ်ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှကြီလားဗျာ ဘုန်ကြီးတွေကို ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရင် စစ်ဗိုလ်စစ်သားတွေ ရက်စက်လှပြီလားလို့။ အရှင်ဘုရားတို့က ဘုရားတဲ့ ဘုန်းကြီးမှန်းမသိလို့ပါတဲ့ ကားတံခါးလည်းပိတ်ထားတော့…
Read More
စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဝင်းနိမ္မိတရုံစာသင်တိုက် ဆရာတော်၏ ရုပ်ကလာပ် ပဲခူးပြန်လည်ပင့်ဆောင်

စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဝင်းနိမ္မိတရုံစာသင်တိုက် ဆရာတော်၏ ရုပ်ကလာပ် ပဲခူးပြန်လည်ပင့်ဆောင်

RNA_ဇွန်(၂၀)၊၂၀၂၄ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမန်နေ့က ပျံလွန်တော်မူခဲ့ရသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ် ပဲခူးမြို့ ကျောင်းတိုက်သို့ ယနေ့ (ဇွန်လ ၂၀ ရက်) နံနက် ၄ နာရီတွင် ပြန်လည်ပင့်ဆောင်ခဲ့ပြီဟု သိရသည်။ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) ၌ ယနေ့ ကျင်းပမည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးသွားတက်သည့် ခရီးစဉ်အတွင်း စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်း ဖြစ်သည်။ (more…)
Read More