Red News Agency

Independent Journalism for Justice and Human Rights.

Category: သဘောထားအမြင်

  • တပ်မတော် နိုင်ငံရေးကနေ ဘယ်တော့ထွက်မလဲ

    တပ်မတော် နိုင်ငံရေးကနေ ဘယ်တော့ထွက်မလဲ

    နိုင်ငံတော်လုံခြုံရေး တာဝန်ကို ယူရမဲ့ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်နေမှုနှင့် ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်ရဲ့ အမြင်သဘောထားက ဘာတွေဖြစ်မလဲ။ [embedyt] https://www.youtube.com/watch?v=sXCsO_pUYa0[/embedyt]

    Red News Agency

  • ရခိုင်ကိုအမြစ်ဖြတ်ချေမှုန်းရေးနှင့် အင်အားအလွန်အကျွံ အသုံးပြုမှုရဲ့နောက်ဆက်တွဲ

    ရခိုင်ကိုအမြစ်ဖြတ်ချေမှုန်းရေးနှင့် အင်အားအလွန်အကျွံ အသုံးပြုမှုရဲ့နောက်ဆက်တွဲ

    အစိုးရတစ်ရပ်အနေနဲ့ပြည်သူလူထုရဲ့ အသက်စည်းစိမ်ကို အကာ အကွယ် မပေးနိုင်သည့်အပြင် ပြည်သူလူထုကို အလေးမထား ထင်သလိုလုပ်နေပါက ပြည်သူလူထု အနေနဲ့လည်းမိမိတို့ရဲ့ဆုံးရှုံးနစ်နာမှုများကို သေချာမှတ်တမ်းတင်ပြုစုကာ နိုင်ငံတ ကာသို့ တိုင်တန်းပြီး တရားမျှတမှုကို ရယူနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရခိုင်ကို အမြစ်ဖြတ်ချေမှုန်းဖို့ အစိုးရဖက်က တရားဝင်ခွင့်ပြုထားတယ်လို့ မြန်မာ့တပ်မတော် ဘက်က ထုတ်ဖော်ပြောကြားထားတာမို့ ရခိုင်ပြည်သူလူထုရဲ့ဆုံးရှုံးနစ်နာမှုအတွက် လက်ရှိအစိုးရမှာ တာဝန်အပြည့်အဝရှိနေပါတယ်

    ကောင်းမြတ်နိုင်

    ရခိုင်မှာ လက်ရှိဖြစ်ပျက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း အစိုးရလက်နက်ကိုင်တပ်ဘက်ကတော့ အမြစ်ဖြတ်ချေမှုန်းရေးလို့ တရားဝင်ပြောထားပြီး ဖြစ်ပါတယ်။၂၀၁၈ ဒီဇင်ဘာလကတည်းက စတင်ပြင်းထန်လာနေတဲ့ ပဋိပက္ခဟာခုချိန်ထိ အားကောင်းကောင်းနဲ့ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး နောက်ထပ် ဘယ်လောက်ထိ ပြင်းထန်လာမလဲဆိုတာကို အတိအကျမသိနိုင်ကြပေမယ့် ပိုပြီးပြင်းထန်လာမှာကတော့ သေချာနေပါတယ်။

    ရခိုင်ပြည်နယ်အစိုးရအဖွဲ့က နယ်လုံဝန်ကြီးလက်မှတ် ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုကိစ္စဟာ အစိုးရအနေနဲ့ အာဏာအလွှဲသုံးပြီး အင်အားအလွန်အကျွံအသုံးပြုမှုကို ပြသနေတာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ ဘယ်နေ့ကနေ ဘယ်နေ့ထိ ခေတ္တခဏရှောင်တိမ်းနေရမယ် အဲဒီလို ပြောင်းရွေ့နေစဉ်ကာလအတွင်း အဲဒီရွာသား အားလုံးရဲ့စားဝတ်နေရေးကို ဘယ်လိုတာဝန်ယူဖြေရှင်းပေးမယ်ဆိုတာမပါရှိသလို အဲဒီလို နယ်မြေရှင်းလင်းရေးအတွင်း ပျက်စီး ဆုံးရှုံးသွားတဲ့ ရွေ့ပြောင်းနိုင်တဲ့ပစ္စည်း မရွေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေအတွက် ဘယ်လိုအစားထိုး ဆောင်ရွက်ပေးမယ်ဆိုတာ ဖော်ပြထားတာကို မတွေ့ရပါဘူး။

    ဒီထုတ်ပြန်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို အတိအလင်း ချိုးဖောက်ရာရောက်သလို လူ့အခွင့်အ ရေး နိုင်ငံတကာစစ်မျဉ်းတွေကို ချိုးဖောက်ရာလည်းရောက်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များပါ ၃၅၆ မှာတော့ “နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွေ့ပြောင်းနိုင်သောပစ္စည်း မရွေ့ပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်း ၍ ဥပဒေအရ အကာအကွယ်ပေးရမည် “လို့ အတိအကျ ရေးသားဖော်ပြထားပါတယ်။

    (more…)

  • လူမျိုးရေးထောင်ချောက်မှကင်းလွတ်သူဗိုလ်မှူးစောလွင်

    လူမျိုးရေးထောင်ချောက်မှကင်းလွတ်သူဗိုလ်မှူးစောလွင်

    ဖိနှိပ်သူ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးမလုပ်သရွေ့ အကုန်လုံး စစ်ကျွန်ဘဝမှာပဲ ရှိနေကြရဦးမှာပါ။ စီးပွားရေးအရ လက်ဝါးကြီးအုပ်ထားတဲ့ အရင်းရှင်၊ခရိုနီတွေကို မတွန်းလှန်မချင်း ကျနော်တို့ နင်းပြားအဆင့်က တက်နိုင်ကြမှာမဟုတ်ပါဘူး။ တကယ်က တိုက်ပွဲတခုမှာ ၊ လှုပ်ရှားမှုအဆင့်တဆင့်မှာ၊ တော်လှန်ရေးတရပ်မှာ ဖြူဖြူ မည်းမည်း အတူတွဲပြီး ဖိနှိပ်သူကို တွန်းလှန်ပစ်ဖို့ပဲ လိုအပ်ပါတယ်

    ကျော်ကိုကို (၁၅.၆.၂၀၂၀)

    ကျနော်တို့ဆီမှာ အတော်ညံစီနေတဲ့ အငြင်းအခုန်တခုကို တွေ့နေ၊မြင်နေ၊ကြားနေရပါတယ်။ဒီဇာတ်လမ်းက အမေရိကမှာ လူမည်းတွေရှင်သန်ရပ်တည်ရေးလှုပ်ရှားမှုစတင်ပြီးနောက်ပိုင်း ဒီကလူငယ်အချို့က လှုပ်ရှားမှုပြုလုပ်လာတဲ့ ကမ်ပိန်းတခုကနေ စခဲ့တာလို့ ပြောရပါလိမ့်မယ်။”Don’t Call me K- words” ငါ့ကို ကကြီးလို့ မခေါ်နဲ့ ဆိုတဲ့ လှုပ်ရှားမှုပါ။ရှေ့မှာလည်း အလားတူ လှုပ်ရှားမှုတခုကို ရခိုင်လူငယ်တွေ ပြုလုပ်ခဲ့ဖူးပါတယ်။အခု ကမ်ပိန်းနဲ့ ဆင်တူဆိုပေမယ့် အရှေ့နဲ့အနောက်လွဲပါတယ်။ Call me Arakenese campaign ဖြစ်ပါတယ်။ ငါ့ကို အရကန်လို့ခေါ်ပါဆိုတဲ့ တောင်းဆိုလှုပ်ရှားမှုပါ။ဒီလှုပ်ရှားမှုနှစ်ခုစလုံးကို ကျနော် နှိုင်းယှဉ်သုံးသပ်ကြည့်မိသလို ထောက်ပြဝေဖန်စရာတွေလည်းရှိနေပါတယ်။

    ငါ့ကို ဘယ်လိုခေါ်ပါ ဒါမှမဟုတ် ငါ့ကိုဘယ်လိုမခေါ်ပါနဲ့ စသဖြင့် မိမိတို့ကိုယ်ကို မည်သို့မည်ပုံ ခေါ်ဆိုသုံးစွဲပေးဖို့ မိမိတို့ရဲ့ အမှတ်သရုပ်ကို အတိအကျပုံဖော်တဲ့ identity politics ကို သူတို့နှစ်အုပ်စုစလုံး အသုံးချနေတဲ့နေရာမှာ တူပါတယ်။ကွဲလွဲချက်က ဒီနိုင်ငံမှာ ရခိုင်ကို အရကန်လို့ခေါ်ဖို့ရာ တိုက်တွန်းမှုအပေါ် ကန့်ကွက်သံ၊ဝေဖန်သံ ဘာတခုမှမထွက်ဘဲ ပြီးသွားပြီး အခုတခါလုပ်တဲ့ ကမ်ပိန်းကျခါမှ kalar ခေါ်ရေး၊ မခေါ်ရေးဟာ ဘက်ပေါင်းစုံက အငြင်းပွားစရာဖြစ်လို့လာခဲ့ပါတယ်။

    ကျနော့်ရဲ့ နိုင်ငံရေးအမြင်အရ လူမျိုးတမျိုးကို ဘယ်လိုခေါ်ရမယ် ဘယ်လိုမခေါ်ရဘူးဆိုတဲ့ အမှတ်သရုပ်လက္ခဏာနိုင်ငံရေးအပေါ်မှာ ဘာမှမှတ်ချက်ပေးလိုခြင်း ဆန္ဒတစွန်းတစမဖြစ်ပေါ်ပါဘူး။ဘာကြောင့်လဲဆိုရင် ကျနော်လက်ခံထားတဲ့ နိုင်ငံရေးအဘိဓမ္မာအရ အမှတ်အသား သရုပ်သကန်ဟာ အနှစ်သာရမဟုတ်တဲ့ကိစ္စဖြစ်တဲ့အပြင် လက်တွေ့ကျတဲ့ လူတန်းစားပဠိပက္ခကို ထင်ဟပ်နေတဲ့ ကိစ္စရပ်လည်း မဟုတ်နေလို့ပါဘဲ။ကျနော်လက်ခံထားတဲ့ အဘိဓမ္မာအရ လူတန်းစားကွဲပြားခြားနားမှုကသာ မတရားမှု၊လူ လူချင်း ဖိနှိပ်သွေးစုပ်မှု၊အထက်တန်းလွှာက အာဏာချုပ်ကိုင်မှု စတာတွေအားလုံးရဲ့ မြစ်ဖျားခံရာ တခုတည်းသောအကြောင်းရင်းဖြစ်တယ်လို့ ယုံကြည်တာပါ။ gender, sexual orientation, religious factors လိင်၊လိင်စိတ်ခံယူမှု၊ဘာသာရေးအခြေခံကွဲပြားခြားနားမှု အစရှိတဲ့ အကြောင်းခြင်းရာများဟာ social class လို့ခေါ်တဲ့ လူမှုအတန်းအစားကွဲပြားခြားနားမှုနဲ့ အပြန်အလှန် ဆက်စပ်နေတဲ့အကြောင်းအရာတွေမှန်သော်ငြားလည်း အဓိကအားဖြင့် လွှမ်းမိုးထားနိုင်တဲ့ အကြောင်းတရားတွေတော့ မဟုတ်ပါဘူး။ ဆိုလိုချင်တာက ဘဝအပေါ် သေရေးရှင်ရေးဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိ ခြယ်လှယ်နိုင်စွမ်းမရှိတဲ့ အခြေခံမကျတဲ့ တရားတွေလို့ပဲ ဆိုချင်ပါတယ်။

    (more…)

  • မုံရွာအောင်ရှင်သို့တုန့်ပြန်ချက်

    မုံရွာအောင်ရှင်သို့တုန့်ပြန်ချက်

    တချိန်က ဒီချုပ်ပါတီ အဖိနှိပ်ခံနေရချိန်မှာ ကျောင်းသားနဲ့ပြည်သူဟာ ဒီပါတီကို စစ်အာဏာရှင်လက်ချက်က အကာအကွယ်ပေးခဲ့တဲ့အတွက် အချို့ကိစ္စတွေမှာ ပြောချင်ပါရက်နဲ့ မပြောထွက်ခဲ့တာမျိုး၊ ဗူးလေးရာဖရုံဆင့်သလို ဖြစ်မှာစိုးလို့ မျိုသိပ်ခဲ့ရတာမျိုးတွေ

    ကျော်ကိုကို

    ရန်ကုန်ခေတ်သစ်မီဒီယာနဲ့ ဒီချုပ်ပြောရေးဆိုခွင့်ရသူ မုံရွာအောင်ရှင်တို့ အမေးအဖြေလုပ်ထားတာကို ဖတ်ရပါတယ်။ဗကသက မူပိုင်ဖြစ်တဲ့ ခွပ်ဒေါင်းအလံကို ဒီချုပ်အပါအဝင် ၂၀၀၈ခြေဥအောက်က ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီအသီးသီးက ယူငင်သုံးစွဲနေတာကို ကန့်ကွက်တဲ့ ကြေညာချက်တွေ ထုတ်ပြီးချိန်မှာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒီချုပ်ရဲ့သဘောထားကို မုံရွာအောင်ရှင်က ပြောထားတာပါ။

    ဒီနေရာမှာ တိုက်ပွဲဝင်သမဂ္ဂခွပ်ဒေါင်းအလံကို ကျနော်တို့အနေနဲ့ ပြန်တောင်းတယ်လို့ မသုံးစွဲလိုပါဘူး။ နိုင်ငံရေးအရပြောရရင် ကိုယ်ကျေကျေနပ်နပ်ပေးထားတာမဟုတ်တဲ့အတွက်ကြောင့် ပြန်တောင်းနေတာမျိုးမဟုတ်ဘဲ သဘောတူခွင့်ပြုချက်မပါဘဲ ယူငင်သုံးစွဲနေမှုကို ဆက်လက်မလုပ်ဆောင်တော့ဖို့ ကန့်ကွက်နေတာလို့ သုံးစွဲရင်ပိုအဓိပ္ပါယ်ရှိမယ်ထင်ပါတယ်။

    ဗကသက ကြေညာချက်ထုတ်ခြင်း မထုတ်ခြင်းဟာ ကျနော်နဲ့ တခြားစီကိစ္စရပ်တွေပါ။ကျနော့်အနေနဲ့ လက်ရှိဗကသမှာ တာဝန်လည်းမရှိတော့သလို ဘယ်အစုအဖွဲ့နဲ့မှလည်း အနီးကပ်ပတ်သက်နေခြင်းမရှိတဲ့အတွက် သူတို့ဖာသာ ကြေညာချက်ထုတ်ခြင်း မထုတ်ခြင်းသည် ကျနော့်ရဲ့ ကာယကံ၊ဝစီကံ၊မနောကံ ကံသုံးပါးအပြုအမူများဖြင့် ပါဝင်ပတ်သက်ခဲ့ခြင်း အလျဉ်းမရှိသော ကိစ္စရပ်များသာဖြစ်တယ်လို့ တင်ကြို သတိပေးပါရစေ။အလားတူပင် သူတို့တွေ၏ ဘယ်အကြိမ်မြောက်ညီလာခံက ဆုံးဖြတ်ချက်ဖြစ်စေ ကျနော် စိတ်ဝင်စားလိမ့်မည်မဟုတ်ဟု ထပ်မံ အသိပေးပါရစေ။

    (more…)

  • “တစ်ခုသော HAPPY BIRTHDAY လှုပ်ရှားမှု”

    “တစ်ခုသော HAPPY BIRTHDAY လှုပ်ရှားမှု”

    “တစ်ချိန်က မိုးထဲရေထဲကာလမှာ ကျောင်းသားတစ်စုရဲ့ မွေးနေ့အထိမ်းအမှတ်လေးတစ်ခုကို ပြန်သတိရလာမိလို့ ရေးလိုက်တာပါ။ ဘာအခွင့်အရေးမှမျှော်ကိုးပြီး ကြွားဝါတာမဟုတ်ပေမယ့် အဲဒီအချိန်ကာလက ဒါလုပ်လို့ ဖမ်းမိရင် စစ်ကြောရေးမှာ မသေရုံတမည် နှိပ်စက်ခံရမယ်ဆိုတာ သိသလို၊ ရာသက်ပန်ကျောင်းနားရမှာ၊ နှစ်ရှည်ထောင်ကျမှာတွေကို သိသိရက်နဲ့ လုပ်ခဲ့ကြတယ်ဆိုတာ အခုပြန်ပြောလို့ရပြီဖြစ်တဲ့ကာလမှာ မှတ်တမ်းတင်ချင်ရုံလေးပါပဲ။ကျွန်တော်တို့ ချစ်ခဲ့ကြတယ်။ချစ်နေဆဲပဲ။ဆက်၍လဲ ချစ်သွားချင်ပါသေးတယ်”

    မင်းသွေးသစ်

    မြန်မာပြည်မှာ စစ်အစိုးရ ဖိနှိပ်မှုကြီးနေတဲ့ ကာလတုန်းက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ မေဂျာမတူ၊ အသက်အရွယ်မတူကြပေမယ့် ယုံကြည်ချက်တူကြတဲ့ လူငယ်တစ်စု စုစည်းမိကြတယ်။အသိအမှတ်ပြုသူမရှိ၊ အလံလွှဲသူမရှိ ကိုယ့်ကိုကိုယ်ဗကသလို့ ခံယူပြီး အမှန်တရားနဲ့တိုင်းပြည်အတွက် နိုင်ရာတာဝန်ထမ်းခဲ့စဉ်ကပေါ့။

    “ငါတို့ အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အထိမ်းအမှတ်လေးတစ်ခု လုပ်ပေးကြရအောင်ကွာ။ဘာပဲဖြစ်ဖြစ် ဒီသတင်းကို အကျယ်ချုပ်နေတဲ့ သူကြားရင် ကျောင်းသားလူငယ်တွေထဲမှာလဲ သူ့ကိုမမေ့သေးကြောင်း၊ ထောက်ခံကြောင်း သိရရင် စိတ်အားတက်မှာပဲ”

    “ဘယ်လိုလုပ်ကြမှာလဲကွ။မလွယ်ဘူးထင်တယ်။ဆွမ်းကပ်ဖို့လဲ လိုက်ရဲတဲ့သံဃာတွေက အကုန်ထောင်ထဲမှာ၊ မွေးနေ့ပွဲကိုယ့်ဟာကိုယ် လုပ်ပေးဖို့အတွက်လဲ မွေးနေ့ကိတ်မှာရင် ဆိုင်တွေက လုပ်ပေးရဲကြမယ်မထင်ဘူး”
    “အားလုံးဝိုင်းစုလိုက်ရင် ပိုက်ဆံနည်းနည်းတော့ရမှာပဲ။ငါ့အသိတစ်ယောက်ကို အကူအညီတောင်းပြီး ဓါတ်ပုံလေးတွေ ထုတ်ခိုင်းမယ်ကွာ။ကျောင်းထဲမှာ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုလေးတစ်ခု လုပ်ကြမယ်။အားလုံးသိုသိုသိပ်သိပ်လုပ်ရင် ဘာရှော့မှ မရှိနိုင်ပါဘူး”

    (more…)

  • လီလီပန်းကလေးများရဲ့ ဇာတ်လမ်းအစမှ ဝမ်းနည်းခြင်းမှတ်တမ်းစာ သဝဏ်လွှာအဆုံး

    လီလီပန်းကလေးများရဲ့ ဇာတ်လမ်းအစမှ ဝမ်းနည်းခြင်းမှတ်တမ်းစာ သဝဏ်လွှာအဆုံး

    နိုင်ငံရေးအရ လုပ်ဖော်ကိုင်ဖက်များ သွေးသားတော်စပ်မှုအရ ညီအစ်ကိုရင်းချာ သွေးရင်းသားရင်းများဖြစ်စေကာမူ အယူအဆ မညီမျှ လောဘ အာဏာ ရမ္မက် ဆူပွက်ထန်ပြင်းမှုများက လူသားတို့၏ ရင်အစုံကို ကိုင်ဆုတ်ရိုက်ခတ်လာသည့်အခါ ။ ရဲဘော်ရဲဘက်အချင်းချင်း ညီနောင်သားရင်း အချင်းချင်းကြားမှာ အာဏာလွန်ဆွဲမှုများ မတော်လောဘများ ခါးသီးအမျက်အညှိုးများ အမုန်းအာဃတမီးတောက်များ အလျှံလျှံညီးညီး တောက်လောင်ကျွမ်းခဲ့ကြသည်

    သက်ဝေ

    ခုလို ဇူလိုင်လ မိုးရေစက်တွေကြားမှာ ချစ်ခင်လေးစားရသော ဆရာသမားတစ်ယောက်ရေးသားခဲ့သည် ဦးထုပ်မြင့်မြင့်ဆောင်းသူများဆိုသော ရသခံစားမှု အက်ဆေးဆောင်းပါးလေးကို တခုတ်တရနှင့် သတိတရရှိနေမိသည်။ အလားတူ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ဟောကြားမိန့်မှာဖူးသော လူဆိုတာ ကံတွေ ဉာဏ်တွေ တလူလူလွှင့်ထူထားသော လူသားများဖြစ်သည်ဆိုသော တရားတော်ကို ညွှတ်နူးစွာ နာယူနေမိသည်။ ထိုမျှမက စာပေဟောပြောပွဲစင်မြင့်များပေါ်တွင် ဆရာဦးအောင်သင်း အမြဲလိုလို ပြောကြားတတ်သည့် လူနှင့် တိရစ္ဆာန်တို့၏ အဓိကကွဲပြားခြားနားချက်များကိုလည်း ရှင်းလင်းပြတ်သားစွာ ပြန်လည်ကြားယောင်နေမိသည်။

    လူဆိုသည်ကား ။ လူဆိုသည်မှာ ကမ္ဘာပေါ်ရှိ သတ္တဝါများအနက် အယဉ်ကျေးဆုံး သက်ရှိသတ္တဝါတစ်မျိုးဖြစ်ကြောင်း ခေတ်သစ်လူမှုဗေဒဆိုင်ရာ ပညာရှင်များက အသိအမှတ်ပြု ထုတ်ဖော်ပြောကြားခဲ့ကြသည်။ ဧကန်စင်စစ်လည်း လူသည် သဘာဝအလှအပတရားအား သိမြင်ခံစားတတ်ကြသူများ။ အရာရာကို နားလည်သဘောပေါက်အောင် ပိုင်းခြားသိမြင်တတ်ကြသူများ ။ အကျိုးအပြစ် ရလဒ်များကို ခွဲခြမ်းစိတ်ဖြာတတ်ကြများ စာနာဖေးမတတ်ကြသူများ ဖြစ်ကြသည်။ တစ်နည်း လူတို့သည် ခေတ်မီယဉ်ကျေးသူများ သဘောထားပျော့ပျောင်းနူးညံ့သူများ အသိပညာ အတတ်ပညာနှင့်ပြည့်စုံသူများ အတွေးအခေါ် အမြော်အမြင်ရင့်ကျက်သူများလည်း ဖြစ်ကြသည်။

    သို့ရာတွင် ။ သို့ရာတွင် လူသားတို့၏ ရပ်တည်ရှင်သန်မှု မည်သို့ပင် ထပ်တူကျစေကာမူ ၎င်းလူသားတစ်ဦးချင်းစီ၏ နောက်ကွယ်မှ နောက်ခံအကြောင်းတရားက လူသားတစ်ဦးနှင့် အခြားလူသားတစ်ဦးကြား အဖွဲ့အစည်း တစ်ခု့နှင့် အခြားအဖွဲ့အစည်းတစ်ခုကြား နိုင်ငံတစ်နိုင်ငံနှင့် အခြားနိုင်ငံတစ်နိုင်ငံကြား မှာ အယူုအဆရေးရာ ဝါဒရေးရာအားပြိုင်မှု များကြောင့် မမျှော်မှန်းနိုင်သော အမုန်းတရားမီးတောက်များ တောက်လောင်ခဲ့ကြရသည်။ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများစွာ ထိခိုက်ဆုံးရှုံးနာကျင်ရသော အကြမ်းဖက်စစ်ပွဲများ ဖြစ်ပွားခဲ့ကြရသည်။ အာဏာ ပါဝါနှင့် အကျိုးစီးပွားကြောင့် နူးညံ့သော နှလုံးသားများ ခက်ထန်ကြမ်းတမ်းလာခဲ့ကြ။ သွေးချင်းသားချင်း ညီနောင်အရင်းအချာများအချင်းချင်းကြား နှလုံးစိတ်ဝမ်း မငြိမ်းဖွယ်ရာ အာဃတမီးလျှံများ အလျှံတငြီးငြီး ။ သွေးပျက်ထိတ်လန့်ဖွယ် မျက်ရည်တို့သွေးချောင်းစီးခဲ့ရ။ အနာတရများ ဒဏ်ရာဒဏ်ချက်များ ထူပြောခဲ့ရ။ ခုလို တစ်ခုသော ဇူလိုင်လရဲ့ မိုးရေစက်တွေကြားမှ ကြေကွဲထိခိုက် ဆွတ်ကျင်မောလျခဲ့ရသည့် အနက်ရောင်သမိုင်းမှတ်တမ်းတစ်စ။

    (more…)