Tag: နိုင်ငံရေးပါတီ

  • ဘုရင်ရူးနဲ့ ဇာတ်ပျက်မှာ ဝန်မင်း ဖြစ်ချင်ကြသူတွေလည်း ရှိနေဆဲ

    ဘုရင်ရူးနဲ့ ဇာတ်ပျက်မှာ ဝန်မင်း ဖြစ်ချင်ကြသူတွေလည်း ရှိနေဆဲ

    “အင်အားအကြီးဆုံးကတော့ ရဲချုပ်ဟောင်း ခင်ရီ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီဖြစ်ပြီး အားလုံးသိတဲ့အတိုင်း နဂိုကတည်းက စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ တပ်ပါတီဖြစ်ပါတယ်။ နောက်ထပ် သာကူး သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ၈၈ မျိုးဆက် ကိုကိုကြီးရဲ့ ပြည်သူ့ပါတီဟာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်နေပါတယ်”

    ကေဂျီ – Wiper 

    အာဏာရှင်ဖြစ်ချင်လွန်းလှသူ မင်းအောင်လှိုင်ရဲ့ အဓိက အားကိုးအားထားပြုနေရတဲ့  အကြမ်းဖက်တပ်မတော်ကြီးဟာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာတဲ့ ၂၀၂၄ ကာလ လက်ရှိအနေအထားမှာတော့ လူထူ အနူလမ်းသလား အဆင့်ကနေ သူတင်ကိုယ်တင်တိုက်လာခိုက်လာရတဲ့ အချိန်အခါမှ အရပ်ထဲ ဖြဲပြတဲ့ ဖိုးသင်းမျောက်လို နေရာဒေသအစုံမှာ အားရပါးရကြီးကို ရှုံးပြနေပါတော့တယ်။ လက်နက်မဲ့ ပြည်သူလူထုအပေါ် နှိပ်စက်ပြ၊ အနိုင်ကျင့်ပြုလုပ်ခဲ့သမျှဟာ အရပ်စကားနဲ့ ပြောရရင်တော့ ဇာတ်ထဲက လူမိုက်ပမာ ဖြစ်နေခဲ့ပါပြီ။ နိုင်ငံတော်အဆင့် စစ်ကြောင်းတွေနဲ့ တုတ်ဆွဲဓားဆွဲကြမ်းပြသမျှဟာလည်း အပြီးသတ် ပတ်တီးအဖွေးသားနဲ့ အောင်မြင်စွာ ဆုတ်ခွာစစ်ဆင်နိုင်ခဲ့ပါတယ် ဆိုတဲ့ အဆင့်က တက်မလာတော့ပါဘူး။

    ဒီလို စစ်တပ်အားကိုးတစ်ခုနဲ့ အခြေအနေမဟန်တော့မှန်းကို သိသာလာတဲ့အခါ မင်းအောင်လှိုင်ဟာ ရနိုင်သလောက်နေရာလေးမှာ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးကာ ရွေးကောက်ပွဲဖြစ်ရုံလေး ကျင်းပလို့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးပြီး လွတ်အောင်ပြေးနိုင်ဖို့ ကြိုးစား ပြင်ဆင်လာပါတယ်။ လက်ရှိစစ်ကောင်စီ လက်အောက်မှာ ပြည်သူလူထုတစ်ရပ်လုံးဟာ လူ့အခွင့်အရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ်ကို ရောက်ရှိနေပါတယ်။

    ပြည်သူလူထုဟာ နေ့စဉ်တွေ့ကြုံနေရတဲ့ အကျပ်အတည်းတွေကြားမှာ တော်လှန်ရေးနဲ့ လူအခွင့်အရေး ဆုံးရှုံးမှုတွေကို လွန်ဆန်ကြဖို့ထက် နေထိုင်စားသောက်နိုင်ရုံလောက်ကိုပဲ မနည်းကို ရုန်းကန်နေကြရပါတယ်။ ဒီအချက်ပေါ်မှာ အခွင့်အရေးရယူပြီး မင်းအောင်လှိုင်ဟာ ၂၀၁၀ တုန်းက ဦးသန်းရွှေ အကွက်လိုမျိုး ခင်းလာနိုင်ပါတယ်။ ပြည်သူလူထုအားလုံး ကျပ်တည်းဆင်းရဲပြီး ဒုက္ခရောက်နေမှ မင်းအောင်လှိုင်အတွက် ကယ်တင်ရှင်ဇာတ်ကို ခင်းလို့ကောင်းမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံးကို ဒုက္ခမရောက် မဖြစ်ရလေအောင်လည်း ကြိုးစားလုပ်ဆောင်နေပါတယ်။

    (more…)

  • လွတ်မြောက်ဒေသတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဗဟိုနိုင်ငံရေးသင်တန်းကျောင်း ဖွင့်လှစ်နေ 

    လွတ်မြောက်ဒေသတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဗဟိုနိုင်ငံရေးသင်တန်းကျောင်း ဖွင့်လှစ်နေ 

    RNA_ဇူလိုင်(၂)၊၂၀၂၃ ခုနှစ်။

    ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုနိုင်ငံရေးသင်တန်းကျောင်းကို လွတ်မြောက်ဒေသရှိ ဗဟိုငြိမ်းချမ်းရေးဌာနတည်ရှိရာ ဒေသတွင် ဖွင့်လှစ်သင်ကြားပေးနေကြောင်း ယမန်နေ့က ထုတ်ပြန်အသိပေးထားသည်။

    ဗဟိုနိုင်ငံရေးသင်တန်းကျောင်း အပတ်စဉ် ၁ ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့က ဖွင့်လှစ်သင်ကြားခဲ့ပြီး ယနေ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့အထိ လွတ်မြောက်ဒေသတွင် အပတ်စဉ် (၂) အထိ အောင်မြင်စွာ သင်ကြား ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ယမန်နေ့က ထုတ်ပြန်ထားသည်။

    (more…)

  • “ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

    “ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

    RNA_ဧပြီ(၂)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲမှတ်ပုံမတင်သည့် ပါတီများကို ဖျက်သိမ်းကြောင်း ကြေညာသည့်အပေါ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှဦးဆောင်ကာ PDF များ၏ ဝန်းရံမှုဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆားလင်းကြီးမြို့နယ်အတွင်း ယနေ့ ဆန္ဒပြခဲ့ကြသည်။

    (more…)

  • NLD သည် တပ်ဦးပါတီမဟုတ်

    NLD သည် တပ်ဦးပါတီမဟုတ်

    ကနေ့ခေတ်ဟာ ပါလီမန်အသွင်ဆောင်ထားတဲ့ စစ်အာဏာရှင်စနစ် လွှမ်းမိုးတဲ့ခေတ်လို့ အမှန်တိုင်းမမြင်သေးဘူးဆိုရင် နောက်ဆက်တွဲစဉ်းစားချက်မှန်သမျှ အကုန်လွဲချော်ပါလိမ့်မယ်။ဒုတိယအလွဲက ဒီချုပ်ပါတီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတာဝန်ကို ထမ်းဆောင်နေတယ်ဆိုတဲ့ တပ်ဦးပါတီလို့ ထင်မြင်ယူဆတဲ့အမှားဖြစ်ပါတယ်

    ကျော်ကိုကို

    ဒီရက်ပိုင်း နိုင်ငံရေးလောကထဲက လူတွေကြားမှာ အများဆုံးပြောဖြစ်တဲ့အကြောင်းက ရွေးကောက်ပွဲကိစ္စပါ။ရွေးကောက်ပွဲကို လက်ခံလား လက်မခံဘူးလားဆိုတာက စပြီးတော့ လက်ခံရင် ဘယ်ပါတီကို မဲပေးမှာလဲနဲ့ အဆုံးသတ်ပြီး လက်မခံရင် ဘာလို့လက်မခံသလဲဆိုတဲ့ မေးခွန်းနဲ့ အစပျိုးတတ်ကြပါတယ်။

    ကျနော့်သဘောက အစောတည်းက ရှင်းရှင်းပြတ်ပြတ်ပြောပြီးသားပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံအသက်သွင်း အတည်ပြုတဲ့ ဘယ်လုပ်ရပ်မဆို ဆန့်ကျင်တဲ့အတွက် ရွေးကောက်ပွဲဆိုတာကို ထည့်စဉ်းစားစရာကို မလိုတော့တာပါ။ဒါပေမယ့် နိုင်ငံရေးအရ ပြောတာဆိုရင် နှစ်ပိုင်းခွဲပြောရပါလိမ့်မယ်။ဒါမှ အများအမြင်ရှင်းမှာမို့လို့ပါ။

    တပိုင်းက ပုဂ္ဂလိကနိုင်ငံရေးအမြင်ပါ။တဦးတည်းကိုပဲ ကိုယ်စားပြုပါတယ်။လက်ရှိခေတ်အခြေအနေကို ကိုယ့်ဘဝအမြင်နဲ့ ချိန်ထိုးသုံးသပ်ပြီး ကောက်ချက်ချ၊ဆုံးဖြတ်ချက်ချလို့ရတဲ့ သဘောထားပါ။အခုက စစ်အာဏာရှင်စနစ်ကြီးအောက်မှာပဲ ရှိနေပါသေးတယ်။အစိုးရ၊လွှတ်တော်၊တရားရုံးအပြင် လက်နက်ကိုင်တပ်အားလုံးနဲ့အကျဉ်းထောင်တွေအကုန် စစ်တပ်ရဲ့ ဗြောင်ကျကျစွက်ဖက်လွှမ်းမိုးမှုနဲ့ မကင်းဘူး။စစ်အုပ်စုပိုင် စီးပွားရေးအချက်အချာတွေက ကြီးကြီးမားမားရှိလို့ ပြည်သူတွေရဲ့ နေ့စဉ်စားဝတ်နေမှုဘဝအပေါ် လွှမ်းမိုးချုပ်ကိုင်ထားဆဲပဲ။တရားဥပဒေနဲ့အညီသာဆိုရင် ဘယ်တိုင်းပြည်မှာမှ စစ်တပ်က နိုင်ငံရေးလုပ်ခွင့်မရှိသလို စီးပွားရေးလုပ်ခွင့်လည်းမရှိဘူး။ဒီမှာတော့ စစ်တပ်က နေရာတကာပါဝင်စွက်ဖက်နေတာဖြစ်တယ်။ဒီစနစ်ကိုမကြိုက်ဘူး။မကြိုက်တဲ့အတွက်ဆန့်ကျင်တယ်။ဖျက်သိမ်းဖို့ အမြဲမပြတ်ကြိုးစားနေတယ်။ရတဲ့နေရာက ရတဲ့အခွင့်အရေးကိုယူပြီး လှုပ်ရှားမှာဖြစ်တယ်။ဒီစနစ်ကို မကူညီ မပံ့ပိုးနိုင်လို့ မဲမပေးဘဲနေတာဖြစ်တယ်။ဒါကိုမှ မသိသားဆိုးဝါးတဲ့သူက စနစ်မကြိုက်ရင် ဘေးထိုင်မပြောနဲ့ ဝင်မဲပေးလို့ ပြောလာတယ်။ကျွန်စနစ်ကို မကြိုက်တဲ့သူကို ကိုယ်တိုင်ဝင်ကျွန်ခံကြည့်ပါလားလို့ ပြောတဲ့ ဦးနှောက်ကို ပြတိုက်ပို့ထားရမယ်။

    (more…)