နိုင်ငံရေးပါတီ

လွတ်မြောက်ဒေသတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဗဟိုနိုင်ငံရေးသင်တန်းကျောင်း ဖွင့်လှစ်နေ 

လွတ်မြောက်ဒေသတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဗဟိုနိုင်ငံရေးသင်တန်းကျောင်း ဖွင့်လှစ်နေ 

RNA_ဇူလိုင်(၂)၊၂၀၂၃ ခုနှစ်။ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုနိုင်ငံရေးသင်တန်းကျောင်းကို လွတ်မြောက်ဒေသရှိ ဗဟိုငြိမ်းချမ်းရေးဌာနတည်ရှိရာ ဒေသတွင် ဖွင့်လှစ်သင်ကြားပေးနေကြောင်း ယမန်နေ့က ထုတ်ပြန်အသိပေးထားသည်။ ဗဟိုနိုင်ငံရေးသင်တန်းကျောင်း အပတ်စဉ် ၁ ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့က ဖွင့်လှစ်သင်ကြားခဲ့ပြီး ယနေ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့အထိ လွတ်မြောက်ဒေသတွင် အပတ်စဉ် (၂) အထိ အောင်မြင်စွာ သင်ကြား ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
“ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

“ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

RNA_ဧပြီ(၂)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲမှတ်ပုံမတင်သည့် ပါတီများကို ဖျက်သိမ်းကြောင်း ကြေညာသည့်အပေါ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှဦးဆောင်ကာ PDF များ၏ ဝန်းရံမှုဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆားလင်းကြီးမြို့နယ်အတွင်း ယနေ့ ဆန္ဒပြခဲ့ကြသည်။ (more…)
Read More
NLD သည် တပ်ဦးပါတီမဟုတ်

NLD သည် တပ်ဦးပါတီမဟုတ်

ကနေ့ခေတ်ဟာ ပါလီမန်အသွင်ဆောင်ထားတဲ့ စစ်အာဏာရှင်စနစ် လွှမ်းမိုးတဲ့ခေတ်လို့ အမှန်တိုင်းမမြင်သေးဘူးဆိုရင် နောက်ဆက်တွဲစဉ်းစားချက်မှန်သမျှ အကုန်လွဲချော်ပါလိမ့်မယ်။ဒုတိယအလွဲက ဒီချုပ်ပါတီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတာဝန်ကို ထမ်းဆောင်နေတယ်ဆိုတဲ့ တပ်ဦးပါတီလို့ ထင်မြင်ယူဆတဲ့အမှားဖြစ်ပါတယ် ကျော်ကိုကို ဒီရက်ပိုင်း နိုင်ငံရေးလောကထဲက လူတွေကြားမှာ အများဆုံးပြောဖြစ်တဲ့အကြောင်းက ရွေးကောက်ပွဲကိစ္စပါ။ရွေးကောက်ပွဲကို လက်ခံလား လက်မခံဘူးလားဆိုတာက စပြီးတော့ လက်ခံရင် ဘယ်ပါတီကို မဲပေးမှာလဲနဲ့ အဆုံးသတ်ပြီး လက်မခံရင် ဘာလို့လက်မခံသလဲဆိုတဲ့ မေးခွန်းနဲ့ အစပျိုးတတ်ကြပါတယ်။ ကျနော့်သဘောက အစောတည်းက ရှင်းရှင်းပြတ်ပြတ်ပြောပြီးသားပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံအသက်သွင်း အတည်ပြုတဲ့ ဘယ်လုပ်ရပ်မဆို ဆန့်ကျင်တဲ့အတွက် ရွေးကောက်ပွဲဆိုတာကို ထည့်စဉ်းစားစရာကို မလိုတော့တာပါ။ဒါပေမယ့် နိုင်ငံရေးအရ ပြောတာဆိုရင် နှစ်ပိုင်းခွဲပြောရပါလိမ့်မယ်။ဒါမှ အများအမြင်ရှင်းမှာမို့လို့ပါ။ တပိုင်းက ပုဂ္ဂလိကနိုင်ငံရေးအမြင်ပါ။တဦးတည်းကိုပဲ ကိုယ်စားပြုပါတယ်။လက်ရှိခေတ်အခြေအနေကို ကိုယ့်ဘဝအမြင်နဲ့ ချိန်ထိုးသုံးသပ်ပြီး…
Read More