ပြည်တော်ဝင်အိပ်မက်

မန္တလေးသားတို့ရဲ့ ပြည်တော်ဝင် အိပ်မက်

မန္တလေးသားတို့ရဲ့ ပြည်တော်ဝင် အိပ်မက်

"ကနောင် ဆိုတဲ့အမည်နာမဟာ ကုန်းဘောင်ခေတ် မန္တလေးနဲ့နိုင်ငံအတွက် ရဲစွမ်းသတ္တိပြည့်စွာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တဲ့ ကနောင်မင်းသားကြီးရဲ့ အမည်ကို အစွဲပြုကာ သတ်မှတ်ခဲ့တဲ့စစ်ဆင်ရေးတစ်ခုဖြစ်ပြီး အဆိုပါ အမည်နာမကိုအသုံးပြုခဲ့တဲ့ မန္တလေး PDF အနေဖြင့် ဘယ်လောက်ထိ ကိုယ့်မြို့ကိုယ့်ရွာကိုချစ်လဲဆိုတာကို သိသာစေပါတယ်" ချမ်းမင်း - Wiper ရှမ်းမြောက်က တစ်ကျော့ပြန်စစ်ပွဲတွေနဲ့အတူ ပြည်သူတွေကြား ရေပန်းစားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုရှိပါတယ်။ အဲ့တပ်ဖွဲ့ကတော့ မန္တလေးPDF ပါ။ မန္တလေးPDF ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြားသော PDF တပ်ဖွဲ့တွေကဲ့သို့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေထံ စစ်ပညာသင်ကြားပြီးဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီး တော်လှန်ရေးအစောပိုင်းကာလတစ်လျှောက်လုံးမှာ ခြေသံလုံလုံ၊သတင်းလုံလုံနဲ့ ပြင်ဆင်မှုတွေများစွာပြုလုပ်ခဲ့တဲ့ တပ်ဖွဲ့တစ်ခုလို့ဆိုနိုင်ပါတယ်။ တော်လှန်ရေး အစောပိုင်းကာလက တောင်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ၊ ကရင်နီကလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေ၊ ချင်းပြည်နယ်က…
Read More