Red News Agency

Independent Journalism for Justice and Human Rights.

Category: သဘောထားအမြင်

  • စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

    စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

    “စစ်တပ်ကရင် ဆိုင်နေရတဲ့စစ်မျက်နှာဆိုတာက သူတို့ တကြိမ်မှမကြုံဖူးတဲ့ နိုင်ငံအနှံ့စစ်မျက်နှာတွေ၊ နည်းပညာမြင့် ဒရုန်းစစ်ဆင်ရေးတွေလည်း ပါဝင်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အကြပ်ရိုက်နေတဲ့အခြေအနေ”

    မောင်ဝိ

    ဂန့်ဂေါမြို့နယ်၊ မင်းရွာမှာရှိတဲ့ ရဲစခန်းသိမ်းတိုက်ပွဲက လေယာဥ်ပစ်ကူတောင်းခဲ့တဲ့ ရုပ်သံကို အားလုံးပဲ တွေ့ပြီးကြမယ် ထင်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေက ရဲစခန်းကို ဝင်သိမ်းတဲ့အချိန် တိုက်ပွဲကြားထဲမှာပဲ ရဲမှူး လှိုင်မင်းသိန်းဆီကို ဒုရဲအုပ် အေးမင်းစိုးက တိုက်ပွဲ အခြေအနေ အဆင့်ဆင့် သတင်းပို့နေခဲ့တာပါ။

    တိုက်ပွဲစဖြစ်ချိန်က အခြေအနေကို ထိန်းနိုင်သေးတယ်ဆိုပေမယ့်၊ တိုက်ပွဲကြာလာတဲ့ အချိန်အကျအဆုံးများလာတဲ့အတွက် အဘဆိုသူ (ရဲမှူးလှိုင်မင်းသိန်း)ကို လေယာဥ်ပစ်ကူပေးဖို့ တဖွဖွ ဖုန်းထဲကနေပြောခဲ့တယ်။ တကယ့်လက်တွေ့မှာက ရဲစခန်းသာကျသွားတယ်၊ လေယာဥ်စစ်ကူဆိုတာက ရောက်မလာခဲ့ပါဘူး။

    တော်လှန်ရေးတပ်ဖွဲ့တွေ မင်းရွာရဲစခန်းကို ဝင်စီးနင်းတဲ့အချိန် သိသာစေတဲ့ အရာတွေ ရှိပါတယ်။ မြန်မာတနိုင်ငံလုံးမှာ စစ်ကောင်စီအခြေစိုက်ထားတဲ့ လေတပ်တွေက ၁၅ တပ်နဲ့ အထက်မှာ ရှိပါတယ်။ အနီးစပ်ဆုံးဆိုရင် စစ်ကိုင်းတိုင်းထဲမှာကိုပဲ ဟုမ္မလင်း လေတပ်ဆိုတာရှိတယ်။

    ဟုမ္မလင်းလေတပ်မှာဆိုရင် Bell-206 ရဟတ်ယာဥ် ၆ စီးလောက်ရှိတယ်။ ဒါကိုပဲ သူ့တပ်ဖွဲ့တွေ အကျအရှုံးများနေတဲ့အချိန် ပစ်ကူလာမပေးနိုင်တာပါ။ ဆက်ပြောရရင် မင်းရွာရဲစခန်းထက် ရှမ်းမြောက်က မြို့သိမ်းတိုက်ပွဲတွေ၊ စစ်တပ်စခန်းကုန်းတွေကို လေတပ်က ဦးစားပေးနေရတဲ့ အခြေအနေဖြစ်နေတယ်။ ပြောရရင် တနိုင်ငံလုံး စစ်မျက်နှာ များလာတဲ့အချိန် ဗျာများလာတဲ့ လေတပ်အခြေအနေပါ။

    (more…)

  • မသာမယာမျက်နှာပေးတွေနဲ့ အမည်ခံ ကာလုံအစည်းအဝေး ဘာထူးလဲ

    မသာမယာမျက်နှာပေးတွေနဲ့ အမည်ခံ ကာလုံအစည်းအဝေး ဘာထူးလဲ

    “စစ်ခေါင်းဆောင်လုပ်ပြီ သူတို့က ဘယ်လိုတစ်ပြိုင်တည်း ဘယ်လို ထိုးဖောက်တိုက်ခိုက်တာတို့  ဆက်သွယ်ရေးလမ်းကြောင်းကို ဘယ်လိုဖြတ်တောက်တာတို့ အမည်ခံကာလုံအစည်းအဝေးမှာ တင်ပြနေတော့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ရေးဗျူဟာ မဟာဗျူဟာတွေအပေါ် အတော်အံ့သြနေပုံပဲ”

    ငြိမ်းမောင်

    စစ်ဆင်ရေး ၁၀၂၇ (Operation 1027) အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်မှုတိုက်ပွဲတွေ အရှိန်အဟုန်မြှင့်တက်နေပြီး အကြမ်းဖက်စစ်ကောင်စီ တပ်အရှုံးများစွာနဲ့ ရင်ဆိုင်နေရချိန်မှာ နေပြည်တော်က ထိုင်ခုံပေါ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အောက်တိုဘာ ၈ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအမည်ခံ ကာလုံအစည်းအဝေး လုပ်ခဲ့တယ်။

    ဒီပွဲကို ယာယီသမ္မတဆိုသူ ရုပ်​သေး မြင့်ဆွေ၊ ဒုသမ္မတဆိုသူ ဟင်နရီဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမည်ခံ တီခွန်မြတ်တို့တက်ရောက်ခဲ့ပြီး ဒုစစ်ခေါင်းဆောင်စိုးဝင်း ၊ကာကွယ်ရေးဝန်ကြီးဆိုသူ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြား ရေးဝန်ကြီးဆိုသူသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဆိုသူဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ စစ်ကောင်စီအတွင်းရေးမှူးဆိုသူ အောင်လင်းဒွေး၊ တွဲဖက်အ တွင်းရေးမှူးဆိုသူ ရဲဝင်းဦးနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့တာတွေ့ရပါတယ်။

    ဒီပွဲမှာ မင်းအောင်လှိုင်က အခုဖြစ်ပွားနေတဲ့  ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖြစ်စဉ်တွေကို စာရွက်ကြည့်ပြီး ရှင်းပြခဲ့တယ်။ အောက်တိုဘာ ၂၇ ရက်မှာ လောက်ကိုင်ဒေသ၊ ချင်းရွှေဟော်ကို အဓိကထားပြီး  MNDAA အဖွဲ့များက တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ဟာ သာမန်အားဖြင့် MNDAA က တိုက်ခိုက်ခြင်းဖြစ်သော်လည်း သမိုင်းအရ ဆက်စပ်မှုများရှိတယ်လို့ ဆိုတယ်။

    ၂၀၀၉ ခုနှစ်ကနေစလို့ လွန်လေပြီးသောကာလက အကြောင်းတွေ မင်းအောင်လှိုင် စမြုပ်ပြန် ချေးခြောက်ရေနှူးစကားဆိုတယ်။ နိုင်ငံအဝှမ်း ဖြစ်ပေါ်နေတဲ့ စစ်အာဏာရှင်ကိုအမြစ်ပြတ်ချေမှုန်းရေး ခုခံတော်လှန်မှုတိုက်ပွဲတွေနဲ့ စစ်ဆင်ရေး ၁၀၂၇ တိုက်ပွဲတွေကိုခွဲပြီး မြင်နေပုံရတယ်။ ခွဲခြားပြီးလည်း ပြောနေတာသတိထားမိတယ်။

    (more…)

  • ငါမသေ ငါ့စခန်းမကျစေရဆိုတာ ရှေ့တန်းရောက် စစ်သားတွေ အတွက်တော့

    ငါမသေ ငါ့စခန်းမကျစေရဆိုတာ ရှေ့တန်းရောက် စစ်သားတွေ အတွက်တော့

    “တပ်စွဲထားတဲ့ တပ်စခန်းတွေအားလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာပါ။ “အစွမ်းအစရှိရင် တမြို့လောက်သိမ်းပြပါလား” ဆိုပြီး လေကျယ်နေတဲ့ စစ်တပ်ထောက်ခံသူတွေကို လက်တွေ့ သိမ်းပြသွားခဲ့တာ”

    မောင်ဝိ

    စစ်တပ်အတွင်းမှာ ချမှတ်ထားတဲ့ မူဝါဒ အတော်များများက လိုက်နာနိုင်ရင် အတော်ကောင်းမယ်လို့ ဆိုရပါမယ်။ စစ်တပ်ဝန်းအတွင်း ဝင်လိုက်တာနဲ့ မူဝါဒ ဆိုင်းဘုတ် အသီးသီးကို တွေ့နိုင်ပါတယ်။ “တပ်နေပျော်၍ စစ်တိုက်တော်ရမည်”၊ “ငါမသေငါ့စခန်းမကျစေရ” စသဖြင့်ပေါ့။ ဒါတွေဟာ လူမြင်ကောင်းအောင်လုပ်ထားတဲ့ ဆိုင်းဘုတ် တခုပဲ အဖြစ်သာ မြင်တွေ့ရတော့မှာပါ။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဦးဆောင်ပြီး၊အောက်တိုဘာလ ၂၇ ရက်နေ့စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” အတွင်းမှာဆိုရင် လက်ရှိ စစ်တပ်တွင်းက စစ်သားတွေရဲ့ စစ်ရေးစွမ်းရည်ကို ပိုပြီး မြင်သာစေနိုင်ပါတယ်။

    အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ အထိ၊ ၁၀ ရက်တာ ထိုးစစ်အတွင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ စစ်ကောင်စီရဲ့ စစ်ရေးအရအရေးပါတဲ့ တပ်စခန်းအကြီး၊ စခန်း အငယ်များ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများ၊ စစ်တပ် လက်အောက်ခံပြည်သူ့ စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း (၁၂၀) ကျော်ကို သိမ်းပိုက်ခဲ့ပြီး၊ တင့်ကားကြီးများ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများနဲ့ လေယာဥ်ပစ်လက်နက်ကြီးများ၊ စစ်လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ပါတယ်။

    Photo : The Kokang

    အခုလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှု နောက်မှာ​တော့၊ စစ်သားတွေအပါအဝင် စစ်တပ်ထောက်ခံသူတွေရဲ့ စိတ်ဓာတ်အင်အား ကျဆင်းလာခဲ့တာပါ။ ဒီတော့ စစ်တပ်က ဘာလုပ်ပြရသလဲဆိုတော့ တိုက်လေယာဥ်၊ ဟောင်ဝှစ်ဇာ စတာတွေထုတ်သုံးပြီး၊ (Fire Power) ပစ်အားကို အသုံးပြုလာကြတယ်။ အသိသာဆုံးဆိုရင် အောက်တိုဘာလ ၂၈ ရက်နေ့ညမှာဆိုရင် စစ်တပ်က လားရှိုးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်နေတာကို ရုပ်သံတွေမှာပါတွေ့ရတယ်။

    (more…)

  • စစ်တပ်က ဘာလို့ တိုက်တိုင်း ရှုံးနိမ့်နေတာလဲ?

    စစ်တပ်က ဘာလို့ တိုက်တိုင်း ရှုံးနိမ့်နေတာလဲ?

    “ငါ့စခန်းလာတိုက်တာနဲ့ ထွက်ပြေးမယ်ဆိုတာက စစ်သားအယောက် ၁၀၀မှာ ၇၀ လောက်ရှိပါတယ်” မယုံမရှိပါနဲ့။ အထက်လူကြီးဆိုတဲ့သူတွေက ဘယ်လိုအမိန့်ပေးပေး၊ ဝါဒဖြန့်ချန်နယ်တွေက ဘယ်လိုလိမ်ပေးနေလည်း “ဟုတ်ရင်ကျော် ပုတ်ရင်ပေါ်” ဆိုသလို စစ်တပ်မကောင်းကြောင်း စစ်သားတွေက ပိုသိပါတယ်။

    မောင်ဝိ

    စစ်တပ်ကဘာလို့ စစ်ပွဲတွေမှာ တိုက်တိုင်းရှုံးနေတာလဲဆိုတာကို ပြောပြချင်ပါတယ်။ အခုလက်ရှိ ဖြစ်ခဲ့တဲ့ ၁၀၂၇ ရှမ်းမြောက် စစ်ဆင်ရေးကစပြောရမယ် ထင်ပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ဦးဆောင်ပြီး၊ စစ်ဆင်ရေးကာလ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့ထိကို စခန်းကြီး၊ စခန်းငယ် ပေါင်း ၉၀ ကျော်၊ တင့်နဲ့သံချပ်ကာ ၆ စီး သိမ်းဆည်းရမိခဲ့တယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က ကျဆုံးစစ်သားတွေလည်း များပြားခဲ့တယ်လို့ ဒေသခံကိုးကန့်သတင်း မီဒီယာရဲ့ ထုတ်ပြန်ချက်တွေမှာ မြင်တွေ့နေရပါတယ်။

    ပထမဆုံးကတော့ စစ်ကောင်စီတပ်ရဲ့ အဓိက စစ်ရှုံးရတဲ့အကြောင်းရင်းက လက်နက်ငယ် ဆိုရင်ပိုမှန်ပါလိမ့်မယ်။ စစ်တပ်ဘက်ကနေ လေကြောင်းပစ်ကူ၊ အမြောက်လက်နက်ကြီး ပစ်ကူပေးတယ်ဆိုတာ မှန်ပါတယ်။ ဒါကလည်း အကန့်အသတ်နဲ့ပါပဲ။ ရှေ့တန်းမှာ သူတင်ကိုယ်တင် ပစ်ရပြီဆိုတော့ လက်နက်ငယ်တွေက အရမ်းစကားပြောပါတယ်။ အခုစစ်တပ်မှာ ထုတ်ပေးတဲ့ သေနတ်တွေက MA series သေနတ်တွေပေါ့။

    မြင်ရသလောက်ဆိုရင် စစ်တပ်က တိုက်ပွဲတွေမှာ စက်ကလေး အနေနဲ့ MA-2 ကိုင်တာရှိမယ်၊ မြေပြင်ချေမှုန်းရေးအတွက် MA- 1၊ MA-13နဲ့ 30 Carbine စသဖြင့်ပေါ့။ ဒီသေနတ်တွေကို မကောင်းဘူးလား မေးရင် စစ်တပ်ပိုင် ကပစတွေက ထုတ်တာမို့ အရည်အသွေး (QC) မပြည့်မှီဘူးလို့ ဆိုချင်ပါတယ်။ 

    Photo: Kokang – 1027 Operation

    (more…)

  • တော်လှန်ရေးအလှည့်အပြောင်းကြီး လာတော့မလား

    တော်လှန်ရေးအလှည့်အပြောင်းကြီး လာတော့မလား

    “စစ်တပ်ဘက်က တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်ခဲ့တဲ့ ကာမိုင်းဒေသဆိုတာ ၁၉၇၁ ခုနှစ်က စစ်တပ်နဲ့ ဗကပ အဖွဲ့ အကြီးအကျယ်တိုက်ပွဲဖြစ်ပွားခဲ့ စစ်တပ်သမိုင်းတစ်လျှောက် ဂုဏ်အယူရဆုံးတိုက်ပွဲလို့ဆိုနိုင်မဲ့ ကွမ်းလုံရက်၄၀ တိုက်ပွဲဖြစ်ပွားခဲ့ရာဒေသ”

    ချမ်းမင်း

    ကွမ်းလုံမြို့နယ်၊ ကာမိုင်းဒေသရှိ စစ်ကောင်စီ ၏ ခလရ ၁၄၃ တပ်ရင်းတစ်ရင်းလုံးမြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ထံ အောက်တိုဘာလ ၃၀ ရက်နေ့က လက်နက်ခဲယမ်း အများအပြားဖြင့် အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုတွေ့ရပါတယ်။ မြေပြင်သတင်းတွေအရဆိုရင် အောက်တိုဘာလ၂၉ ရက်နေ့ညပိုင်းကတည်းက MNDAA က တာဝန်ရှိသူတွေနဲ့ ခလရ၁၄၃ တပ်ရင်းမှ တာဝန်ရှိသူတွေ နှစ်ဖက်ညှိနှိုင်းကြပြီး အခုလို လက်နက်ချအညံ့ခံခဲ့တယ်လို့ သိရပါတယ်။

    ခလရ ၁၄၃ ရှေ့တန်းစခန်းက လက်နက်ချအလင်းဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေထဲ ဒုတပ်ရင်းမှူး တစ်ဦးအပါအဝင်တပ်ခွဲမှုး၂ ဦးလည်းပါဝင်ပြီး စုစုပေါင်းအင်အား၄၁ ဦးအထိ ပါဝင်တယ်လို့ သိရပါတယ်။ ယခု စစ်တပ်ဘက်က တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်ခဲ့တဲ့ ကာမိုင်းဒေသဆိုတာ ၁၉၇၁ ခုနှစ်က စစ်တပ်နဲ့ ဗကပ အဖွဲ့ အကြီးအကျယ်တိုက်ပွဲဖြစ်ပွားခဲ့ စစ်တပ်သမိုင်းတစ်လျှောက် ဂုဏ်အယူရဆုံးတိုက်ပွဲလို့ဆိုနိုင်မဲ့ ကွမ်းလုံရက်၄၀ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသပဲ ဖြစ်ပါတယ်။

    Photo: Kokang – 1027 Operation 

    (more…)

  • ၁၀၂၇ စစ်ဆင်ရေးကို အတုယူကြ၊ စစ်ရေးအရှိန်မြှင့်တင်ကြ၊ လွတ်မြောက်ရေးအတွက် ရုန်းထွက်ကြ

    ၁၀၂၇ စစ်ဆင်ရေးကို အတုယူကြ၊ စစ်ရေးအရှိန်မြှင့်တင်ကြ၊ လွတ်မြောက်ရေးအတွက် ရုန်းထွက်ကြ

    “ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ရေးကြသည့် အညာသူ အညာသားများကို စစ်ကောင်စီမည်သည့်အခါမျှ အနိုင်ယူနိုင်မည် မဟုတ်သော်လည်း လက်နက်ခဲယမ်းရှားပါးသည့် ပြဿနာကြောင့် တော်လှန်ရေးရဲဘော်များ၏ အသက်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များ ဆုံးရှုံးနေရသည်မှာ အားလုံးအသိ”

    လင်းယုန်

    တောင်ပိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်ပြီးတော့ အညာဒေသရှိ တော်လှန်ရေးအင်အားစုများကို နီးစပ်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပြည်သူများ၊ ဒေသခံတော်လှန်ရေးအင်အားစုများအချင်းချင်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ဝိုင်းဝန်းကူညီ ပေးရန်လိုအပ်ပါသည်။

    အညာဒေသအတွင်းရှိ မြို့၊ ရွာတော်တော်များများသည် စစ်ကောင်စီ၏လွှမ်း မိုးမှုနှင့် အမျိုး၊ ဘာသာ၊ သာသနာကိုအကြောင်းပြပြီး ချုပ်ကိုင်ထိန်းချုပ်မှုအောက်တွင်နှစ်ပေါင်းများစွာကျင်လည် ဖြတ်သန်းလာခဲ့ကြသည့်ဒေသများဖြစ်သည်။ မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူ့စစ်များ၊ ပျူစောထီးအမည်ခံ စစ်တပ်ထောက်ခံသူများနှင့် စစ်အုပ်စုများက အညာဒေသခံပြည်သူများကို ဒုက္ခ ပေါင်းစုံပေးပြီး ဖိနှိပ်တိုက်ခိုက်နေကြောင်းတွေ့ရသည်။

    စစ်ကိုင်းနှင့်အနီးစပ်ဆုံးတိုင်းရင်းသား လက်နက်ကိုင်များဖြစ်ကြသည့် ချင်း (CNF/CNA) နှင့် ကချင် (KIO/KIA)၊ မကွေးတိုင်းနှင့်အနီးစပ်ဆုံးနေရာ ရက္ခိုင့်တပ်တော်(ULA/AA)၊ ပဲခူးတိုင်းနှင့်အနီးစပ်ဆုံး (KNU/KNLA) တို့မှ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်ဖော်ဆောင်ရန်လိုအပ်ပါသည်။ ထိုနည်းတူ NUG ၏ ကာကွယ်ရေးဌာနဘက်မှလည်း လက်တွေ့ကူညီ စစ်ရေးမြှင့်တင်ရန် လိုအပ်ပါသည်။ ဒေသတွင်း တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ရုန်းထွက်ကြရန် လိုအပ်ပါသည်။

    People’s Defence Force – Salin ရဲဘော်များ

    (more…)

  • ခံစစ်ကောင်းကောင်းမရှိ တိုက်စစ်ကောင်းကောင်းမရှိတဲ့ စစ်ကောင်စီတပ်

    ခံစစ်ကောင်းကောင်းမရှိ တိုက်စစ်ကောင်းကောင်းမရှိတဲ့ စစ်ကောင်စီတပ်

    “ရက်ပိုင်းအတွင်း စစ်စခန်း ၇၀ ကျော်နဲ့ မြို့တွေကိုပါသိမ်းတယ်၊ တချို့မြို့တွေကိုတော့ အပြင်ကနေထိန်းချုပ်ထားနိုင်တယ်ဆိုတာကို ကြည့်ရင် အင်အားကြီးတဲ့ စစ်ရေးဖြစ်တယ်”

    ချမ်းမင်း

    အခုရက်ပိုင်းအတွင်း နွေဦးတော်လှန်ရေးနဲ့ဆက်စပ်နေတဲ့ စစ်ရေးသတင်းတွေနဲ့ပတ်သတ်ပြီး ရှမ်းမြောက်ဘက်က MNDA ၊ TNLAနဲ့ AA မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အတော်လေး ဟိုလေးတစ်ကျော်နဲ့ နာမည်ကြီးနေပါတယ်။

    ၂၀၂၁ ခုနှစ်အာဏာသိမ်းနောက်ပိုင်းအတွင်း အဆိုပါညီနောင်မဟာမိတ်သုံးဖော်အနေနဲ့ စစ်ရေးလှုပ်ရှားမှု သိပ်မရှိတာမို့ စစ်တပ်က သတိမထားမိလိုက်တဲ့အချိန်မှာ အခုလို စစ်ဆင်ရေးကြီးကြီးမားမား ပြုလုပ်လိုက်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက်တော့ စိတ်ဓာတ်ရေးအရကော၊ အောင်မြင်မှုအရပါ အကျိုးအမြတ်ကြီးကြီးမားမားရလိုက်တယ်လို့ဆိုနိုင်ပါတယ်။

    ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ကြောင်းကြေငြာပြီးတာနဲ့ နိုင်ငံအနှံ့မှာရှိတဲ့ တခြားသော တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံကလည်း မြောက်ပိုင်းသုံးဖွဲ့ရဲ့၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။ အဲသလိုပါပဲ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်းမှာ BPLA နဲ့ PLA တို့ကလည်း ပူးပေါင်းပါဝင်နေပါတယ်။

    (more…)

  • တရုတ်စွန့်ပစ်ခံဖြစ်လာတဲ့ အာဏာရှင်တစ်စု

    တရုတ်စွန့်ပစ်ခံဖြစ်လာတဲ့ အာဏာရှင်တစ်စု

    “နိုင်မြင်းကိုသိလာတဲ့ တရုတ်ဟာ အာဏာသိမ်းစစ်တပ်ကို တဖြည်းဖြည်း ဖယ်ကျဉ်လာပါတယ်”

    လှဆောင်

    အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အမေရိကန်ကို နာမည်တပ်ပြီး မကောင်းကြောင်းပြောနေတဲ့အချိန်မှာပဲ သူအားကိုးတဲ့ တရုတ်က အာဏာသိမ်းစစ်တပ်ကို ဥပက္ခာပြုလိုက်ပါပြီ။

    အောက်တိုဘာလ တတိယပတ်ထဲ ကျင်းပခဲ့တဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း ၁၀ နှစ်ပြည့် မကျင်းပခင် တရုတ်နိုင်ငံကို မင်းအောင်လှိုင်ရဲ့ကိုယ်စားလှယ်တွေ ခပ်စိပ်စိပ်စေလွှတ်ခဲ့ပါတယ်။ ဒါဟာ စီမံကိန်း ၁၀ နှစ်ပြည့်ပွဲကို မင်းအောင်လှိုင်တက်ခွင့်ရရေးအတွက် ကြိုးပမ်းမှုအဖြစ် ပုံဖော်ကြည့်လို့ရပါတယ်။

    ဒါပေမဲ့လည်း အဲဒီ ၁၀ နှစ်ပြည့်ပွဲကို မင်းအောင်လှိုင်တက်ခွင့်မရခဲ့ပါဘူး။ အကြောင်းက တရုတ်ဘက်က မဖိတ်ကြားခဲ့လို့ပါ။ အဲဒီပွဲကိုတော့ စစ်ကောင်စီရဲ့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဖြစ်တာ မကြာသေးတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့အဖွဲ့ပဲ တက်ရောက်ခွင့်ရခဲ့ပါတယ်။ “ရှီကျင်းဖျင်က မင်းအောင်လှိုင်ကို ဂါရဝပြု” ဆိုပြီး စစ်တပ်လော်ဘီသတင်းစာတွေမှာ အထည့်ခံရမှာ ကြောက်လို့လားဆိုပြီး အရွှန်းဖောက်တွေးကြည့်ရင်လည်း တွေးကြည့်နိုင်ပါတယ်။

    (more…)

  • တစ်လှိုင်းပြီးတစ်လှိုင်း (သို့) MNDAA ရဲ့ အိမ်ပြန်လမ်းလား

    တစ်လှိုင်းပြီးတစ်လှိုင်း (သို့) MNDAA ရဲ့ အိမ်ပြန်လမ်းလား

    “ချင်းရွှေဟော်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်လိုက်ပါတယ်။ ချင်းရွှေဟော်ရဲ့ မြောက်ဘက်မှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA တို့ရဲ့ ဌာနချုပ်ဟောင်း လောက်ကိုင်မြို့ရှိပါတယ်။ လောက်ကိုင်ဟာ အရင်တုန်းက MNDAA ရဲ့ ဌာနချုပ်”
    *****************************

    လှဆောင်

    မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့အတူ လက်တွေ့လုပ်ဆောင်ချက်တွေက ဒီနေ့ တစ်နိုင်ငံလုံးက ပြည်သူတွေကို အံ့အားသင့်သွားစေပါတယ်။ သူတို့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ထဲမှာ အွန်လိုင်းလောင်းကစားလိမ်လည်မှုတွေ ပပျောက်ရေးအတွက်ပါလို့ ခေါင်းစဉ်တပ်ထားတဲ့အတွက် အိမ်နီချင်း တရုတ်နိုင်ငံက မီးစိမ်းပြလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

    ဒီနေ့ အကြီးအကျယ်တိုက်ပွဲဖြစ်ပြီး တံတားပါ ပျက်စီးခဲ့တဲ့နေရာဟာ နယ်စပ်ကုန်သွယ်ရေးဂိတ် ချင်းရွှေဟော်အဝင်မှာပါ။ အဲဒီ ချင်းရွှေဟော်မြို့ဆိုတာဟာ မန်းလေးဘက်က တက်လာရင် လားရှိုးအကျော် မူဆယ်မရောက်ခင် သန္နီမြို့လမ်းခွဲကနေ ညာဘက်ချိုးသွားရတာပါ။ ကွမ်လုံကိုကျော်ပြီး တံတားကူးပြီးရင်တော့ ချင်းရွှေဟော်ကို ရောက်ပါပြီ။ အဲဒီလို သန္နီကနေ ညာမချိုးဘဲ ရှေ့ဆက်သွားရင်တော့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကို ရောက်ပါတယ်။ ဒီတော့ ဒီနေ့ (အောက်တိုဘာ ၂၇ ရက်) မနက်ပိုင်း MNDAA ရဲ့ ထုတ်ပြန်ချက်အရ တော်လှန်ရေးအင်အားစုတွေဟာ လားရှိုး-မန္တလေး-မူဆယ် လမ်းမကြီးကို လားရှိုးကနေစပြီး မူဆယ်အထိ ပိတ်ချလိုက်ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတာကတော့ လားရှိုးမြို့မှာပါ။ လားရှိုးလောက်နေ လမ်းစပိတ်လိုက်တဲ့အတွက် စစ်ကောင်စီဟာ စစ်ကူပို့ဖို့ မလွယ်ကူခဲ့ပါဘူး။

    အဲဒီနောက် နေရာဒေသ ၅ ခုမှာ မနက် ၄ နာရီကစပြီး တော်လှန်ရေးအဖွဲ့တွေက တပြိုင်ထဲ ထိုးစစ်စခဲ့ပါတယ်။ နောက်တော့ ချင်းရွှေဟော်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်လိုက်ပါတယ်။ ချင်းရွှေဟော်ရဲ့ မြောက်ဘက်မှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA တို့ရဲ့ ဌာနချုပ်ဟောင်း လောက်ကိုင်မြို့ရှိပါတယ်။ လောက်ကိုင်ဟာ အရင်တုန်းက MNDAA ရဲ့ ဌာနချုပ်ဖြစ်ပြီး ဦးသန်းရွှေခေတ်မှာ ပြည်သူ့စစ်အဖြစ်မပြောင်းနိုင်တာကြောင့် ၂၀၀၉ ခုနှစ်မှာ စွန့်ခွာခဲ့ရတာဖြစ်ပါတယ်။

    (more…)

  • စစ်မျက်နှာအသစ်ဖြစ်လာတဲ့ ရှမ်းမြောက်နဲ့ တော်လှန်ရေးအောင်ပွဲ

    စစ်မျက်နှာအသစ်ဖြစ်လာတဲ့ ရှမ်းမြောက်နဲ့ တော်လှန်ရေးအောင်ပွဲ

    “စစ်တပ်ဘက်က အများအပြား ရှင်းလင်းခံခဲ့ရပြီးတော့ အကောက်ခွန်ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျသွားပြီလည်း ဖြစ်ပါတယ်။ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ”

    မောင်ဝိ

    မြန်မာ ပြည်သူတစ်ရပ်လုံး လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို ကိုးကန့် MNDAA ၊ ရခိုင်တပ်တော် AA နဲ့ တအာင်း TNLA မဟာမိတ် ၃ ဖွဲ့ တို့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲပြီဖြစ်ကြောင်း ကြေညာချက်နဲ့အတူ ဒီကနေ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်တော့တယ်။

    အောက်တိုဘာ ၂၇ ရက်​နေ့ မနက် ၅ နာရီလောက်ကစတင်ပြီး၊ ရှမ်းပြည် နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ တာမိုးညဲ၊ သိန္နီ၊ လောက်ကိုင်၊ ကွမ်းလုံနှင့် ချင်းရွှေဟော်ဘက်များမှာ တိုက်ပွဲများဖြစ်ပွားနေပါတယ်။ စစ်ကောင်စီရဲ့ ဂိတ်စခန်းတွေ အသိမ်းခံနေရသလို ချင်းရွှေဟော်မြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းထားလိုက်ပြီလို့ ကြားနေရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီရဲ့ စခန်းတွေနဲ့အတူသံချပ်ကာကားနှစ်စီး သိမ်းပိုက်နိုင်ခဲ့ကြောင်း လည်းမြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရတယ်။

    တိုက်ပွဲအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာနစခန်းကို တော်လှန်ရေးတပ်ဖွဲ့ရဲဘော်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်တပ်ဘက်က အများအပြား ရှင်းလင်းခံခဲ့ရပြီးတော့ အကောက်ခွန်ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျသွားပြီလည်း ဖြစ်ပါတယ်။ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီပဲ ဖြစ်ပါတယ်။

    နောက်ထပ်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်ကြားမှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးအနီး က စစ်ကောင်စီရဲ့ “ရင်ကွဲတောင်” တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က အောက်တိုဘာ ၂၇ ရက်​​နေ့၊ မနက် ၁၀နာရီတွင် တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။ ရှမ်းမြောက်မှာရှိတဲ့ မန္တလေး PDF ကလည်း မြောက်ပိုင်းမဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်မယ်လို့ ကြေညာထားပါသေးတယ်။

    (more…)