Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • လေကြောင်းတိုက်ခိုက်မှု ၃၉၅ ကြိမ်အတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးကျဆုံးခဲ့ရ

    လေကြောင်းတိုက်ခိုက်မှု ၃၉၅ ကြိမ်အတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးကျဆုံးခဲ့ရ

    RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ ခုနှစ်။

    မြေပြင်တိုက်ပွဲများအတွင်း ရှုံးနိမ့်နေသည့်အတွက် စစ်ကောင်စီ၏ လေတပ်မှ လေကြောင်းတိုက်ခိုက်မှု ၃၉၅ ကြိမ်ပြုလုပ်မှုအတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးကျဆုံးခဲ့ရပြီး အရပ်သား ၃၂၃ ထက်မနည်း သေဆုံးခဲ့ရကြောင်း သိရသည်။

    မှတ်ချက် – စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့်အလေ့အထများ အစီအရင်ခံစာ PDF ရယူရန် 

    ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၉ လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများကို ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး – Burma Affairs & Conflict Study ( BACS) အဖွဲ့က ပြုလုပ်ထားသည့် အစီအရင်ခံစာတွင် လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်သည့် အချက်အလက်များကို ဖော်ပြထားသည်။


    စစ်ကောင်စီတပ်သည် ၉ လတာအတွင်း Jet Fighter ဖြင့် ၂၆၇ ကြိမ်၊ ရဟတ်ယာဉ်ဖြင့် ၁၀၉ ကြိမ် တိုက်ခိုက်ခဲ့ပြီး၊ Jet Fighter နှင့်ရဟတ်ယာဉ် ပူးတွဲတိုက်ခိုက်မှု ၁၉ ကြိမ်ပြုလုပ်ခဲ့မှုအတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ဦးနှင့် အရပ်သား ၃၂၃ ဦးသေဆုံးခဲ့သည်ဟု BACS ၏ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများ အစီအရင်ခံစာတွင် ဖော်ပြထားသည်။

    (more…)

  • ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ရွှေပြည်အေးမြို့ကို အပြီးသတ်သိမ်းပိုက်

    ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ရွှေပြည်အေးမြို့ကို အပြီးသတ်သိမ်းပိုက်

    RNA_နိုဝင်ဘာ (၂၉)၊၂၀၂၃ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီတပ်လက်အောက်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း Homalin People’s Defence Force – HPDF က ရုပ်သံနှင့်တကွ ယနေ့ ထုတ်ပြန်ထားသည်။
     
    ရွှေပြည်အေးမြို့အား စစ်ကိုင်းတိုင်းအထူးလှုပ်ရှားတပ်ရင်း (SR-4 ထုတ်နှုတ်)၊ တိုင်းရုံးအဖွဲဲ့ နှင့် ခန္တီးခရိုင် အမှတ် (၁၊၂) ဦးဆောင်ခဲ့ပြီး ဒေသတွင်း (ပ.က.ဖ)၊ (ပ.လ.ဖ) နှင့် Local Force ဖြစ်သော HPDF-124 မှ ရဲဘော် (၅) ယောက်၊ မိုးကြိုး မှ ရဲဘော် (၁) ယောက်တို့က နိုဝင်ဘာ ၂၁ ရက်နေ့က စတင်တိုက်ပွဲဝင်ခဲ့ကြပြီး နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လည် ၁ နာရီအတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=4D2RUvgCJk4[/embedyt]
     
    မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ Mi2 တစ်ရက် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး၊ Jet Fighter မှ ပေါင် ၁၀၀ ယူဆရသည့်ဗုံးသီး ၄လုံး ပစ်ချခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် MA series၊ G3၊ HK33၊ MK12၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း စသဖြင့် လက်နက်ခဲယမ်းမျိုးစုံ ၅၀ ကျော် သိမ်းပိုက်ရရှိခဲ့ပြီး သုံ့ပန်း ၁၀ ဦးကျော် ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။
     
    #RedNewsAgency

  • မတ္တရာမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းတခုကို TNLA နှင့် MDY PDF တို့ အပြီးသတ်သိမ်းပိုက်

    မတ္တရာမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းတခုကို TNLA နှင့် MDY PDF တို့ အပြီးသတ်သိမ်းပိုက်

    RNA_နိုဝင်ဘာ(၂၈)၊၂၀၂၃ ခုနှစ်။

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကုန်းတခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် TNLA ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက်နေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

    မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းကုန်းကို နံနက် ၈ နာရီတွင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ၁၀ နာရီ ၃၀ မိနစ်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၁၃) လက်နှင့် ဆက်စပ်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီ တပ််ဖွဲ့ဝင် (၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သေဆုံး ၁၅ လောင်းတွေ့ရှိရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရှမ်းရှေ့ကို အဆုံးရှုံးခံပြီး မန္တလေးကို ခံစစ်တည်တော့မလား

    စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရှမ်းရှေ့ကို အဆုံးရှုံးခံပြီး မန္တလေးကို ခံစစ်တည်တော့မလား

    “သိပ်မကြာခင်အချိန်မှာပဲ ပြင်ဦးလွင် ဒါမှမဟုတ် နောင်ချိုဟာ စစ်ကောင်စီအတွက် ရှေ့တန်းခံစစ်ဖြစ်လာနိုင်ပြီး မန္တလေးကတော့ နေပြည်တော်အတွက် ဒုတိယခံစစ်ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ”

    လှဆောင်

    ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ပြောင်မြောက်တဲ့ဗျူဟာကြောင့် ဗိုလ်မင်းအောင်လှိုင်တို့တစ်သိုက် နေပြည်တော်မှာ ခေါင်းမီးတောက်နေမယ်ဆိုတာ ပြေးကြည့်စရာမလိုပါဘူး။ ရုပ်ရှင်ကားတွေထဲကလို မြေပုံကြီးတွေ၊ ပုံစံငယ်အရုပ်လေးတွေနဲ့ ဟိုထောက်ဒီထောက်လုပ်ရင်း အလုပ်လည်း ရှုပ်နေမယ်ဆိုတာလည်း အသေအချာပါ။

    ညီနောင် ၃ ဖွဲ့ဘက်ကလည်း ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့အချိန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြှင့်မယ်လို့ ပေါ်တင်ကြေညာထားပြီးသားပါ။ အခုတောင် တစ်နိုင်လုံးနီးနီး တိုက်ပွဲတွေက အရှိန်မြင့်နေတာဖြစ်ပါတယ်။

    တကယ်ဆို မင်းအောင်လှိုင်ရဲ့ တပ်ရင်းမှူးတွေ၊ တပ်မမှူးတွေဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သိပ်မကြာခင်မှာပဲ အခြေအနေအမှန်ကို ရိပ်စားသင့်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်တွေသာကြီးလာပြီး ပညာကောင်းကောင်းမတက်တာကြောင့် လာဘ်စားဖို့ပဲသိတဲ့ အဲဒီအောက်ခြေအရာရှိတွေဟာ အသိ သတိ မဆင်ခြင်နိုင်ခဲ့ပါဘူး။ မုံးကိုးမှာ တပ်မမှူးတစ်ယောက် သေဆုံးခဲ့တာကို ကြည့်ရင် အထင်းသားမြင်နိုင်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းမှာဆိုလည်း ခွန်ဆာလက်နက်ချတုန်းက စစ်တပ်က မောင်ပိုင်စီးခဲ့တဲ့ မိုင်းကျက်စခန်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းနိုင်ခဲ့ပါတယ်။ အဲဒီစခန်းဟာ စစ်တပ်အတွက်တော့ “ဝ” ဘက်ကလာမယ့် ထိုးစစ်ကို ခုခံဖို့ပြင်ထားတဲ့ ရှေ့တန်းခံစစ်စခန်းဖြစ်ပါတယ်။ အဲဒီစခန်းဟာ လားရှိုးမြို့ကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် အဓိကအရေးပါတဲ့ နေရာပါ။

    အဲဒီစခန်းမကျရေးအတွက် မင်းအောင်လှိုင်ဟာ လေကြောင်းနဲ့လက်နက်ကြီးပစ်ကူ အကြိမ် ၁၀၀ ကျော် ကူညီခဲ့ပေမဲ့ နောက်ဆုံးတော့ TNLA လက်ထဲ ကျရောက်ခဲ့ပါတယ်။ အဲဒီစခန်းမှာရှိတဲ့ တပ်ရင်းမှူးကို TNLA က လက်နက်ချဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ စစ်ကူတောင်းထားတာကြောင့် ခေါင်းမာတဲ့တပ်ရင်းမှူးဟာ တစ်လနီးပါးကြာ ခုခံခဲ့ပါတယ်။

    အဲဒီစခန်းဟာ ကုန်းတွင်းပိတ်စခန်းတစ်ခုဖြစ်ပြီး လားရှိုးမြို့နယ်ရဲ့ အရှေ့မြောက်ဘက်၊ သန္နီမြို့နယ်ရဲ့ ရှေ့တောင်ဘက်နဲ့ ကွမ်းလုံမြို့နယ်ရဲ့ အနောက်တောင်ဘက်မှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီစခန်းကို စစ်ကူလာနိုင်မယ့်လမ်းကြောင်းတွေဟာ ဖြတ်တောက်ခံထားရပါတယ်။

    (more…)

  • ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ

    ပြည်သူချစ်သည့် PDF အနေဖြင့် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေ

    RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။

    ပြည်သူချစ်သည့် PDF များအနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဝင်သည့်အချိန်တွင် နိုင်ကိုနိုင်ရမည်ဆိုသည့် စိတ်ဖြင့် တိုက်ပွဲဝင်နေကြသည်ဟု Southern YSO PDF မှ ကိုအောင်မောင်းက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=AG_Fmg1Rbf4[/embedyt]

    မကွေးတိုင်း၊ ပခုက္ကူမြို့ နှင့် ရေစကြိုမြို့  ဆက်သွယ်ရေးလမ်းမ၌ရှိသော ပန်းတိုင်းခြုံကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၁ ရက်နေ့က BNRA ဦးစီးပြီး Southern YSO PDF၊ Yesagyo Revolution Group (YRG) (ပခုက္ကူခရိုင် ရင်း ၂) စသည့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အခြေအနေများကို ကိုအောင်မောင်းက ရှင်းလင်းပြောကြားထားခြင်းဖြစ်သည်။

    #RedNewsAgency

  • လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့ စျေးတခုအတွင်း လူထုသပိတ်ဖော်ဆောင်

    လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့ စျေးတခုအတွင်း လူထုသပိတ်ဖော်ဆောင်

    RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ သပိတ်အင်အားစုများစုပေါင်း၍ ယနေ့ နံနက်ပိုင်းက စျေးတခုအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။

    “လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘ တက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ပြိုကျနေပါပြီ..။ ပျက်စီးနေပါပြီ”ဟု ကိုနန်းလင်းကဟောပြောခဲ့ကြောင်း တကသကျောင်းသားဟောင်းများအင်အားစု – University Students’ Unions Alumni Force ထံမှ သိရသည်။

     

    တိုင်းပြည်နှင့် တပ်မတော်ကို ကယ်တင်ချင်ပါက ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်များလက်အောက်မှ အမြန်ဆုံး ရုန်းထွက်ကြရန်၊ ပြည်သူနှင့် ပူးပေါင်းပြီး ပြည်သူ့ဘက်ရပ်တည်ကြရန် မြန်မာ့တပ်မတော်သားများကို ရည်ရွယ်၍ ကိုနန်းလင်းက ပြောကြားခဲ့သေးသည်။

    #RedNewsAgency

  • ပြိုလဲနေသော စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုများလည်း မအောင်မြင်

    ပြိုလဲနေသော စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်မှုများလည်း မအောင်မြင်

    “မြေပြန့်လို့ခေါ်ဆိုရမယ့် စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီစခန်းနဲ့ မြို့တွေကိုလည်း စွန့်လွှတ်ထားရပါတယ်။ ကောလင်းမြို့ကို ဆုံးရှုံးထားသလို ထီးချိုင့်ကိုလည်း လက်လွှတ်ရမယ့် အနေအထားမှာ ထန်တလန်ဖြစ်စဉ်လိုမျိုး ဖန်တီးနေတာကိုတွေ့ရမှာပါ”

    ကျော်ရဲစံ

    မကွေးတိုင်းအတွင်း စစ်ကောင်စီက ခံစစ်သဖွယ်ပြင်ဆင်နေတာကို တွေ့လာရပါတယ်။ အထူးသဖြင့် ရခိုင်ရိုးမနဲ့ဆက်စပ်နေရာတွေမှာ စစ်ကြောင်းထိုးတာ အင်အားဖြည့်တာတွေပြုလုပ်လာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆို အမ်းဌာနချုပ်ကို သွားရာလမ်းဖြစ်တဲ့ ငဖဲ-အမ်း လမ်းတဝိုက်စစ်ကောင်စီ​က နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်တာကိုတွေ့ရပါတယ်။ ဒါဟာ ရခိုင့်တပ်တော်နဲ့ PDF တွေ မကွေးတိုင်းအတွင်း ဝင်ရောက်မလာနိုင်အောင် ကြိုတင်တားဆီးထားတဲ့သဘောပါပဲ။

    ရခိုင်ပြည်နယ်မှာ ၁၀၂၇ စတင်ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်စခန်း ၄၀ ကျော်လက်လွှတ်ထားရပါတယ်။ ဒါ့အပြင် စစ်တွေမြို့နဲ့ ၁၉ မိုင်သာဝေးတဲ့ ပေါက်တောမြို့ကိုလည်း လက်လွှတ်ရမယ့် အနေအထားနဲ့ စစ်ကောင်စီက ရင်ဆိုင်နေရပါတယ်။ AA ကိုစစ်ကောင်စီက ဘယ်လောက်ကြောက်လဲဆိုရင် ၎င်းတို့အထိုင်စခန်းတွေကို စွန့်ခွာထွက်ပြေးရတဲ့အထိပါပဲ။

    ဒါ့အပြင် ရခိုင်ပြည်နယ် အဝင်အထွက်အားလုံးနီးပါးကို ပိတ်လိုက်တာကိုလည်းတွေ့ရပါတယ်။ ဒါဟာ ရခိုင်ပြည်သူတွေအတွက် လိုအပ်တဲ့ ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေမရနိုင်အောင် ဖန်တီးလိုက်တာပဲလို့ စစ်ရေးသုံးသပ်သူတွေကဆိုကြပါတယ်။ ရခိုင်ပြည်သူနာရင် ရခိုင့်တပ်တော်က နားမှာပဲဆိုတဲ့ အယူဝါဒကို စစ်တပ်က လက်ခံကျင့်သုံးပုံရပါတယ်။ ဒါပေမဲ့ ဒါဟာ အလုပ်ဖြစ်ဟန်မတူပါဘူး။

    (more…)

  • တပ်ရင်းအလိုက် အသေခံကာကွယ်ခဲ့သည့် မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်

    တပ်ရင်းအလိုက် အသေခံကာကွယ်ခဲ့သည့် မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်

    RNA_နိုဝင်ဘာ(၂၄)၊၂၀၂၃ခုနှစ်။
     
    စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးပါအသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူနှင့်အတူ တပ်အရင်းအလိုက် အသေခံတိုက်ခိုက်ခိုင်းထားသည့် လားရှိုးမြို့နယ် စစ်ကောင်စီတပ်မိုင်းကျက် တပ်စခန်းကို TNLA တပ်ဖွဲ့က နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၁၂ နာရီဝန်းကျင်က သိမ်းပိုက်ပြီး ဝင်ရောက်လင်းရှင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=oBja574xcOQ[/embedyt]
     
    ညီနောင်မဟာမိတ်များ ၁၀၂၇ စစ်ဆင်ရေးစတင်သည့် နိုဝင်ဘာ ၂၇ ရက်နေ့ကတည်းက တအာင်းတပ်မတော် PSLF/TNLA ဦးဆောင်ပြီး မိုင်းကျက်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းကျက်စစ်ကောင်စီတပ်စခန်းသည် စစ်ရေးအရ အလွန်အရေးပါသည့် နေရာဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ ၂လက်အပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိကြောင်း သိရသည်။
     
    #RedNewsAgency
     
     

  • Sold Out လို့မအော်ခင် ပြန်စဉ်းစားပါ

    Sold Out လို့မအော်ခင် ပြန်စဉ်းစားပါ

    “အခုအချိန်ဟာ တော်လှန်ရေး ရေချိန်မြင့်တက်နေတဲ့ အတွက် Sold Out ဆိုတဲ့ စကားကို သူ့ထက်ငါ အလုအယက် တင်ချင်ကြတာမှန်ပေမဲ့ အချိန်ခဏလောက်တော့ သည်းခံသင့်ရင် သည်းခံရမှာပါ”
    လှဆောင်
    အာမချောင်နဲ့ ဆိုတဲ့စကားဟာ ဒီနိုင်ငံမှာ လူတိုင်းနီးပါးလောက် ပြောဖူးကြမယ့် စကားမျိုးဖြစ်ပါလိမ့်မယ်။ မလုပ်နိုင်တဲ့ကိစ္စတွေကို လုပ်နိုင်တယ်ဆိုပြီး အာမခံတာတွေ၊ မပြောသင့်တဲ့စကားတွေကို မပြောသင့်တဲ့ အချိန်နဲ့ နေရာမှာ ပြောမိတဲ့ ကိစ္စတွေ၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်ပြောတဲ့ ကိစ္စတွေမှာ အာမချောင်နဲ့လို့ ပြောလေ့ရှိကြပါတယ်။
    အခုလည်းပဲ နိုင်ငံတဝန်း စစ်အာဏာရှင်တော်လှန်ရေး ရေချိန်မြင့်တက်လာတာနဲ့ အမျှ ပါးစပ်စည်းမစောင့်ဘဲ အာချောင်တဲ့သူတွေ အများအပြားရှိလာပါတယ်။ အဲဒါကတော့ ခုရက်ပိုင်းခေတ်စားနေတဲ့ “Sold Out” ပဲဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က မြို့တစ်မြို့ကိုသိမ်းလိုက်တိုင်း အဲဒီမြို့နာမည်နဲ့ Sold Out ဆိုပြီး ရေးသားပြောဆိုနေကြတာပါ။
    ထင်သာတဲ့ ဥပမာကို ပြရမယ်ဆိုရင် ကိုးကန့်ဒေသက ကွမ်လုံမြို့ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်တုန်းက” ကွမ်းလုံ Sold Out ” ဆိုပြီး တော်လှန်ရေးနာမည်ကြီး ဆယ်လီတချို့နဲ့ ပြည်သူတချို့က ရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့အချိန်တုန်းက ကွမ်းလုံကို အလုံးစုံ မထိန်းချုပ်၊ မသိမ်းပိုက်နိုင်သေးပါဘူး။ နောက် သုံးလေးရက်ကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

    (more…)

  • အစ္စရေးအစိုးရနှင့် ဟားမတ်စ်တို့ ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် ဓားစာခံ ၅၀ ဦးထပ်မံလွတ်မြောက်

    အစ္စရေးအစိုးရနှင့် ဟားမတ်စ်တို့ ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် ဓားစာခံ ၅၀ ဦးထပ်မံလွတ်မြောက်

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၃ ခုနှစ်။

    အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ဖမ်းဆီးသွားသော ဓားစာခံ ၂၄၀ ဦးအနက် ၅၀ ဦးကို လွှတ်ပေးရန်နှင့် ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အစ္စရေးအစိုးရမှ ထောက်ခံမဲ ၃၅ မဲနှင့် နိုဝင်ဘာ ၂၂ ရက်နေ့က သဘောတူညီချက်ရရှိခဲ့ပြီးနောက် ယနေ့ နံနက် (နိုဝင်ဘာ ၂၃ ရက်) ၁၀ နာရီခန့်မှာ ဓားစာခံ ၅၀ ဦး လွတ်မြောက်လာကြောင်း အစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။

    “အခု ဓါးစာခံတွေ ပြန်လည်လွှတ်မြောက်လာဖို့အတွက် ဆွေးနွေးနေချိန်မှာ ကျွန်တော်သက်သေချပြရမယ့်ဟာတစ်ခုနဲ့ စတင်ပါမယ်၊ ဓါးစာခံတွေပြန်လည်လွတ်မြောက်စေဖို့အတွက် ကျွန်တော်တို့ဟာ စစ်ပွဲတွေကို ရပ်ထားရပါမယ်၊ ကိစ္စတွေပြီးသွားရင်တော့ စစ်ပွဲတွေ ပြန်စရပါမယ်၊ မနေ့က ဓါးစာခံမိသားစုတွေနဲ့ တွေ့ဆုံခဲ့ကာ သူတို့ရဲ့အသံတွေ ငိုကြွေးတာတွေ နားထောင်ပြီးတော့ ဓါးစာခံတွေအားလုံး ပြန်လည်လွတ်မြောက်ရေးဟာ ကျွန်တော်တို့ရဲ့ တာဝန် ဖြစ်ပါတယ်လို့ ” အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောပါတယ်။

    (more…)