Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

    ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

    RNA_ဖားကန့် နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်ရှိ ဂျာနူး ဆေးဆိုင်နှင့် ငွေလွှဲ ငွေထုတ်လုပ်ကိုင်သည့်ဆိုင်အား အောက်တိုဘာ ၃၁ ရက်နေ့ နေ့ခင်းက ဓါးပြတိုက်ခံရပြီး သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်အပါ အခြားဓါးပြတိုက်မှုတို့မှ သံသယရှိသူများကို KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)မှ ဖော်ထုတ်ရမိသော ကွင်းဆက်များအရ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

    ဆက်စပ်ဖမ်းဆီးစစ်ဆေးခံရသူများထဲ၌ KPDF မှ ဖားကန့်မြို့နယ် မှော်စီစာ အပိုင်းတာဝန်ခံ ဝမ်းဘက် (ခ) ရင်သွေးဦး နှင့် လက်ထောက်ဖြစ်သူ ဇွဲကိုတို့ပါဝင်နေပြီး KIA အရာရှိအချို့လည်းပါဝင်နေကြောင်း သိရသည်။

    “လက်ရှိက စစ်ဆေးနေဆဲကာလပါ ဝမ်းဘက်ကို လက်နက်ဖြုတ် ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်၊ အပြင်မှာပြောနေကြသလို အခြား KPDF ခေါင်းဆောင်တွေဖြစ်တဲ့ ကိုတင်ကိုတို့ ကိုရန်နိုင်စိုးတို့ကို ဓါးပြမှုနဲ့ပါတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရတယ်ဆိုတာ မဟုတ်ပါဘူး၊ အမှုအားလုံး စစ်ဆေးပြီးတဲ့အခါ ပြည်သူကို ချပြပါမယ်”ဟု KPDF မှ တာဝန်ရှိသူက ပြောသည်။

    ဓာတ်ပုံ: အင်တာနက်- လုံးခင်းကျေးရွာ

    (more…)

  • ခင်ဗျားတို့မသိတဲ့ ဖြစ်ရပ်မှန်

    ခင်ဗျားတို့မသိတဲ့ ဖြစ်ရပ်မှန်

    “ခြေတစ်ချောင်းမရှိတော့တာနဲ့ သူများကိုမှီခိုပြီး ဒီတိုင်းငြိမ်နေလိုက်ဖို့ ကျတော့်မှာ လိပ်ပြာမလုံဘူး တစ်ချို့ဆို အသက်တွေတောင်ပေးနေရတာ ကျတော်ကခြေတစ်ချောင်းပဲ ပေးလိုက်ရတာ သူတို့ထက်စာရင်အများကြီး တော်ပါသေးတယ်ဗျာ”

    ရာဟု (simon)

    “ဒီပုံကိုသေချာကြည့်ရင် ထူးခြားတာတစ်ခုကို ခင်ဗျားတို့မြင်ရလိမ့်မယ် ” အခုမြင်နေရတဲ့ပုံက Under ground အနုပညာသမားတွေပါ၀င်ဖျော်ဖြေခဲ့တဲ့ မဲဆောက်က ဂီတပွဲတစ်ခုဖြစ်တဲ့ ITTA ပွဲထဲက ပုံတစ်ပုံဖြစ်တယ်။ ခုံပေါ်မှာထိုင်ရင်း မိုက်ကရိုဖုန်းကတစ်ဆင့် စကားလုံးတွေကို ဓါးသွားလိုခပ်ပြင်းပြင်းနဲ့ နားထောင်နေတဲ့လူတွေရင်ထဲထိရောက်အောင် ဆိုနေတဲ့ hip hop အဆိုတော်တစ်ယောက်… ” သူ့နာမည်က မင်းလွန် ” ။

    Photo: Kaung Kaung

    “တော်လှန်ရေးကာလမှာ Generation Lee ဆိုတာ သူ့ရဲ့ hits အဖြစ်ခဲ့ဆုံးသီချင်းပေါ့ ”

    (more…)

  • ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

    ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

    RNA_နိုဝင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။

    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက်၊ စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းမှ စစ်ကောင်စီလက်အောက်ခံများ လက်နက်ချအညံ့မခံသည့်အတွက် နိုဝင်ဘာ ၁၈ ရက်နေ့ကစတင်တိုက်ခိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရက္ခိုင့်တပ်တော်-AA ရဲဘော်များက အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

    ညီနောင်မဟာမိတ်များဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်နိုင်ခဲ့သော်လည်း ရက္ခိုင်ဒေသစစ်မျက်နှာ၌ ၁၀၂၇ စစ်ဆင်ရေးကို နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့သည့်အတွက် ယနေ့ ( နိုဝင်ဘာ ၂၂ ရက်) သည် ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀) ရက်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

    (more…)

  • ခလရ ၂၆၈ လက်အောက်ခံ ထင်းရှူးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေး

    ခလရ ၂၆၈ လက်အောက်ခံ ထင်းရှူးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေး

    RNA_နိုဝင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ လက်အောက်ခံ ထင်းရှုးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေးသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် လူသားဒိုင်းကာအဖြစ် အသုံးချနိုင်သောကြောင့် ဖလမ်း-ကလေးလမ်းမကြီးအား လုံးဝအသုံးမပြုရန် Chin National Organizationမှ ယနေ့ နံနက်တွင် သတိပေးထားသည်။

    Operation 1027 မှအစပြုပြီး ပြည်ထောင်စုတဝန်းလုံး စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- CNDF အနေဖြင့် CNDF Special Operation (အထူးစစ်ဆင်ရေး) ကိုမဟာဗျူဟာကျကျရေးဆွဲပြီး စခန်းသိမ်းတိုက်ပွဲများကို မဟာမိတ်များနှင့်ပူးပေါင်းကာ ဖော်ဆောင်နေသည်။

    (more…)

  • စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

    စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

    RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ခုနှစ်။
    မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသရှိ ချုံကန်နှင့် မော်ထိုက်ဒေသတို့တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းပြီးနောက် MNDAA ကပြန်လည်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးနှင့်တည်ဆောက်ရေးကိစ္စများ လုပ်ဆောင်နေကြောင်း သိရသည်။
    ကိုးကန့်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေရသည့် ဒေသများသည် ယခင် MNDAA စိုးမိုးနယ်မြေများဖြစ်ကြောင်း၊ ယခု ပြန်လည်သိမ်းပိုက်ပြီး တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်စဉ် ဒေသခံလူထုသည် MNDAA တပ်ဖွဲ့ဝင်များကို လှိုက်လှဲစွာဆိုကြိုကြသည်ဟု ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်သုံ့ပန်းများ ဖမ်းဆီးထားသည့် ရဲစခန်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

    စစ်သုံ့ပန်းများ ဖမ်းဆီးထားသည့် ရဲစခန်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

    RNA_နိုဝင်ဘာ(၂၀)၊၂၀၂၃ ခုနှစ်။
    နောင်ချိုုမြို့နယ် ဒိုပင်ရဲစခန်းတွင် စစ်သုံ့ပန်းများကို PSLF/TNLA+ MDY တို့က ထိန်းသိမ်းထားစဉ် စစ်ကောင်စီက နိုဝင်ဘာ ၁၉ ရက်နေ့ည ၉ နာရီဝန်းကျင်က ပေါင် ၅၀၀ ဗုံကြဲခဲ့သည့်အတွက် စစ်သုံ့ပန်း ၄ ဦးသေပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

     

    ဒိုအင်ရဲစခန်းကို PSLF/TNLA+ MDY ပူးပေါင်းတပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီ ဒလန်များနှင့် စစ်သုံးပန့်များကို ထိန်းသိမ်းထားကြောင်း၊ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ပေါင်(၅၀၀)ဗုံးသည် ဒိုပင်ရဲစခန်းအပေါ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
    Red News Agency

  • စစ်ကောင်စီအကြံပေးအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံပေးသင့်

    စစ်ကောင်စီအကြံပေးအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံပေးသင့်

    RNA_နိုဝင်ဘာ(၂၀)၊၂၀၂၃ ခုနှစ်။
    စစ်ကောင်စီအထူးအကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစောအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံများပေးပြီး၊ ပြည်သူလူထု၏ အသံကို ရဲရဲနားထောင်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်တခုကို လုပ်ဆောင်ရန်လိုအပ်နေပြီဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=4piLXCoGucw[/embedyt]
    ယနေ့ တိုက်ပွဲများသည် အဖြူအမဲကွဲသွားပြီဖြစ်သည့်အတွက် အကြမ်းဖက်စစ်ခေါင်းဆောင်လက်အောက်မှ စစ်သည်တော်များကိုလည်း ပြည်သူ့ဘက်ရပ်တည်ရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပန်ကြားထားမှုအပါအဝင် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။
    Red News Agency

  • စစ်အာဏာရှင် လူတစုအတွက် ချကျွေးဖို့ အလှည့်ကျလာတဲ့ Non CDM များ

    စစ်အာဏာရှင် လူတစုအတွက် ချကျွေးဖို့ အလှည့်ကျလာတဲ့ Non CDM များ

    “စစ်အာဏာရှင်စနစ်ဆိုး သက်တမ်းရှည်နေခြင်းမှာလည်း အခုချိန်ထိ စစ်တပ်ရဲ့ ယန္တရားလည်ပတ်မှုမှာ ပါဝင်နေတဲ့ “စစ်တပ်ထောက်တိုင်တွေကြောင့်” ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဒါ့ကြောင့် အခုလက်ရှိ Non CDM ဝန်ထမ်းအများစုသည် စစ်တပ်နည်းတူ အပြစ်ရှိကြတယ်ဆိုတာ ငြင်းမရတဲ့အချက် ဖြစ်တယ်”

    မောင်ဝိ

    စစ်ကောင်စီအမိန့်နဲ့ ဌာနအလိုက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တက်ရောက်ပြီးတဲ့ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများကို အခြေခံပြီး တပ်ခွဲ ၂ ခွဲ ဖွဲ့စည်းထားရန်ထုတ်ပြန်ခဲ့ပါတယ်။ လုံခြုံရေးနှင့် သဘာ၀ ဘေးအန္တရာယ်အတွက် လိုအပ်ပါက တပ်ခွဲ တစ်ခွဲမှ ရုံးပြင်ပထွက်ပြီး တာဝန်ထမ်းဆောင်ရန်၊ ကျန်တပ်ခွဲ တစ်ခွဲမှ ပုံမှန်ရုံးလုပ်ငန်းနဲ့ အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက် (အကြောင်းကြားစာ) ဟာ လူမှုကွန်ယက်မှာ ပေါက်ကြားလာခဲ့ပါတယ်။

    ဆိုလိုရင်းကတော့ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်တက်ရောက်ခဲ့ကြရတဲ့ Non CDM ရဲ၊ ထွေအုပ်၊ မီးသတ်၊ ကြက်ခြေနီ၊ အကျဥ်းဦးစီး၊ လဝက စတဲ့ဌာနတွေအပါအဝင် ကျောင်းဆရာ/ဆရာမများတွေကို ဌာနအလိုက်က လူအင်အား တဝက်မှ လုံခြုံရေးတာဝန်ယူရမယ်လို့ ဆိုလိုတာပါ။

    “လုံခြုံရေးတာဝန်” ဆိုခြင်းမှာ အကြောင်းပြချက် တခုသာဖြစ်တယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့မြို့ကြီးတွေမှာ အင်အားနည်းပါးလာတဲ့ စစ်သား၊ရဲ စတဲ့အဖွဲ့တွေ လုပ်ဆောင်နေရတဲ့ မြို့အဝင်ဂိတ်စစ်ဆေးရေးလုပ်ရခြင်း၊ ဧည့်စာရင်းစစ်ခြင်း၊ သတင်းပေးခြင်း စတာတွေကို ပူးတွဲလုပ်ဆောင်ကြရမှာ ဖြစ်တယ်။ အထက်ပါ လုပ်ငန်းအားလုံးဟာ စစ်တပ်ရဲ့ညွှန်ကြားမှုဖြင့် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

    လက်ရှိအခြေအနေမှာ နှစ်ပေါင်း ၇၀ ကျော် လေ့ကျင့်လာတဲ့ စစ်ကောင်စီတပ်တွေတောင်မှ တိုက်ပွဲတိုင်း အလဲလဲအကွဲကွဲ ဖြစ်နေတာ အားလုံးအသိပါ။ ဒီလိုအခြေအနေမှာ ဖောင်ကြီး သင်တန်းကို လပိုင်းလောက်တက်ထားတဲ့ Non CDM ဝန်ထမ်းတွေအနေနဲ့ မိမိတို့ ဘယ်အခြေအန ရောက်နေပြီလဲ ဆိုတာကို တွေးတောသင့်ပါတယ်။

    (more…)

  • စစ်ကောင်စီ နိုင်ငံရေး စစ်ရေးအရ ဆောက်တည်ရာမရ အနေအထား ကြုံတွေ့နေရပြီ

    စစ်ကောင်စီ နိုင်ငံရေး စစ်ရေးအရ ဆောက်တည်ရာမရ အနေအထား ကြုံတွေ့နေရပြီ

    RNA_နိုဝင်ဘာ( ၁၈)၊၂၀၂၃ ခုနှစ်။

    “စစ်ကောင်စီဟာ အင်မတန်မှဘဲ နိုင်ငံရေးအရကော စစ်ရေးအရကော ဆောက်တည်ရာမရတဲ့ အနေအထားမျိုးကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ စစ်ကောင်စီက လုပ်ရိုးလုပ်စဉ်အတိုင်း မကြာခဏပဲ မဲပြာပုဆိုးကို ပြန်ဝတ်လေ့ရှိတဲ့ အလေ့အထအတိုင်းပဲ မရိုးနိုင်တဲ့ ဖြစ်စဉ်တွေကို ပြန်လုပ်တော့မှာဖြစ်ပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=vIlN4hL4ZBA[/embedyt]

    KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ နိုင်ငံရေးနှင့် ပတ်သက်သည့် ဖြစ်လာနိုင်ခြေများ ပြောကြားထားမှုကို ကောက်နုတ် တင်ပြလိုက်ပါသည်။

    #RedNewsAgency

  • ဟား​မတ်​စ်အဖွဲ့ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၂၅ ဦး လွတ်တော့မည်

    ဟား​မတ်​စ်အဖွဲ့ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၂၅ ဦး လွတ်တော့မည်

    မောင်လူအေး(လှည်းတန်း)/RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။

    အစ္စရေးနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နေသည့် ထိုင်နိုင်ငံသားများ ဟား​မတ်​စ်အဖွဲ့၏ ဖမ်းဆီးခံထားရပြီးနောက် ထိုင်းနိုင်ငံသား ၂၅ ဦးသည် ၁၀ ရက်အတွင်း ပြန်လည်လွတ်မြောက်လာတော့မည်ဟု အီရန်နိုင်ငံမှာ ဟား​မတ်​စ်အဖွဲ့နှင့် သွားရောက်ညှိနှိုင်းခဲ့သည့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ထံမှ သိရသည်။

    ဖမ်းဆီးခံ ထိုင်းနိုင်ငံသားများ ပြန်လွှတ်မည့် နေရာအတိအကျနှင့် အချိန်ကို ဟားမတ်စ်အဖွဲ့က အတည်မပြုသေးကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အခုသတင်းကို အတည်မပြုသေးကြောင်း၊ ဝန်ကြီးဌာအနေဖြင့် ဖမ်းဆီးထားသူများအား ဂါဇာကမ်းမြောင်းဒေသရှိ ရာဖာ့နယ်စပ်မှ ဖြတ်သန်းလွတ်မြောက်နိုင်ဖို့ အတွက် အီဂျစ်အစိုးရနှင့် ညှိနှိုင်းခဲ့သည်ဟု နိုဝင်ဘာ ၁၅ ရက်နေ့တွင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့က ပြောကြားထားသည်။

    (more…)