မြဝတီမြို့နယ်

မြဝတီမြို့ တိုက်ပွဲဖြစ်ပွားမှု မြင်ကွင်း

RNA_ဧပြီ(၁၀)၊၂၀၂၄ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့အစွန်ရှိ စစ်ကောင်စီ၏ မြဝတီခြေလျင်တပ် ခလရ ၂၇၅ နှင့် တော်လှန်ရေးအင်အားစုများ ယနေ့နံနက်ပိုင်းကစတင်ပြီး နေ့လယ် ၁ နာရီဝန်းကျင်ထိ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြဝတီမြို့အစွန်ရှိ ရပ်ကွက်တချို့အတွင်း ကျရောက်ပေါက်ကွဲများမှုများရှိကြောင်း၊ မြဝတီမြို့ခံ ပြည်သူများသည်လည်း စစ်ဘေးရှောင်ရန်အတွက် ပြင်ဆင်ရွေ့ပြောင်းမှုများရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်မှာလည်း မြဝတီကို စစ်အင်အားဖြည့်ရန် ဖားအံဘက်မှ စစ်ယာဉ်တန်းများ ချီတက်လာကြောင်း၊ ကော့ကရိတ်ဝန်းကျင်တွင်လည်း တော်လှန်ရေးအင်အားစုများက ကော့ကရိတ်မြို့သိမ်းနိုင်ရေး ပစ်ခတ်မှုများရှိကြောင်း၊ မြဝတီမြို့ အဝင်အထွက် ( ကော့ကရိတ်သွားသည့်လမ်း) ပိုင်း၊ သင်္ဃန်းညီနောင်တွင်လည်း တော်လှန်ရေးအင်အားစုများ စိုးမိုးထားကြောင်း၊ မြဝတီ- ကော့ကရိတ် အာရှလမ်းမတွင်လည်း တော်လှန်ရေးအင်အားစုများက စိုးမိုးထားမှုများရှိကြောင်း သိရသည်။…
Read More
တောင်ပိုင်းတိုင်းစစ်ရေး အရှိန်အဟုန်က မြို့သိမ်းတိုက်ပွဲထိ ရောက်လာပြီလား

တောင်ပိုင်းတိုင်းစစ်ရေး အရှိန်အဟုန်က မြို့သိမ်းတိုက်ပွဲထိ ရောက်လာပြီလား

"တောင်ပိုင်း စစ်ဒေသမှာလည်း အင်အားအများဆုံးနဲ့ ပထဆုံးလက်နက်ချပွဲဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးအင်းအားစုများရဲ့ သမိုင်းတွင်တဲ့ အောင်ပွဲတခုဖြစ်ပါတယ်။ လက်နက်ချတယ်ဆိုတာကလည်း ခုခံနိုင်စွမ်း၊ စစ်ကူတွေမရတဲ့အဆုံး အသက်သေမှာကြောက်ပြီး အသက်ရှင်ဖို့ တခုတည်းသော နည်းလမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်" **************************** ချမ်းမင်း တော်လှန်ရေးအရှိန်ပြင်းလာတဲ့ သတင်းတွေဟာ ဒီရက်ပိုင်းမှာကို အတော်လေး ကျယ်ကျယ်လောင်လောင်နဲ့ မြင်တွေ့နေရပါတယ်။ ရခိုင်ဘက်ကသတင်းတွေ၊ ကချင်ဘက်ကသတင်းတွေသာမက အခုနောက်ဆုံး ကရင်ပြည်နယ်က သတင်းတွေကပါ တော်လှန်ရေးအတွက်အားတက်စရာ၊ အားရှိစရာ အောင်ပွဲတွေများစွာကို မြင်တွေ့နေရပါတယ်။ အနီးစပ်ဆုံးအနေနဲ့ဆိုရင် ဧပြီလ၆ ရက်နေ့က ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းမှ အရာရှိ ၆၇ ဦး အခြားအဆင့် ၄၁ ၀ ဦးအပါအဝင်…
Read More
လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို ယနေ့အထိ ကော်ဘရာစစ်ကြောင်း စိုးမိုးထား

လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို ယနေ့အထိ ကော်ဘရာစစ်ကြောင်း စိုးမိုးထား

RNA_စက်တင်ဘာ(၁)၊၂၀၂၃ ခုနှစ််။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ၊ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို KNU/KNLA တပ်မဟာ (၆) ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ( စက်တင်ဘာလ ၁ ရက်) အထိ နယ်မြေထိန်းချုပ်ကာ စိုးမိုးထားသည်ဟု Cobra Column တပ်ခွဲ - ၃ က အသိပေးထားသည်။ "မိဘပြည်သူများ ပို့သတဲ့မေတ္တာနဲ့ အားပေးဝန်းရံဖေးမကူညီမှု့များကြောင့် ကောင်ဘရာစစ်ကြောင်းစစ်သည်ရဲဘော်များ ဘေးကင်းလုံခြုံစွာနဲ့ တော်လှန်ရေးတာဝန်များကို ကျေပြွန်စွာထမ်းရွက်လျှက်ရှိနေကြပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်" ဟု Cobra Column တပ်ခွဲ - ၃ က ရုပ်သံနှင့်တကွ အသိပေးထားသည်။   #RedNewsAgency
Read More
လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

RNA_ဩဂုတ်(၂၉)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်း သိမ်းပိုက်ထားမှုအခြေအနေများနှင့် ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောကြားထားသည်။ Red News Agency
Read More
လက်နက်ကြီး ၃၀၀ ကျော်ပစ်ခတ်ပြီး လက်ခက်တောင်ကို ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အကျအဆုံးများ

လက်နက်ကြီး ၃၀၀ ကျော်ပစ်ခတ်ပြီး လက်ခက်တောင်ကို ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အကျအဆုံးများ

RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီး အကြိမ်ရေ ၃၀၀ ကျော်နှင့်လေယာဉ်ပစ်ကူများယူကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦးအပါအဝင် အကျအဆုံးများကြောင်း သိရသည်။ KNLA နှင့် ပူးပေါင်းမဟာမိတ်များ စစ်ကောင်စီတပ် လက်ခတ်တောင်စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် စခန်းပြန်လည်ရရှိရေး ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်မှစတင်ကာ လက်နက်ကြီးအကြိမ်ရေ (၃၀၀)ကျော်၊ Jet Fighter ဖြင့် (၃)ကြိမ်၊ Mi-35(Attack-Helicopter) ဖြင့် (၃)ကြိမ် ပစ်ခတ်ခဲ့ကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ အသေအဆုံးများခဲ့ကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်ဒါဘောဦးဆောင်သည့် Cobra Column - ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။…
Read More
လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းမှာ တိုက်ပွဲပြန်ဖြစ်

လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းမှာ တိုက်ပွဲပြန်ဖြစ်

RNA_ဇူလိုင်(၂၅)၊၂၀၂၃ ခုနှစ်။ KNLA-ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြဝတီမြို့၊ မေတ္တာလင်းမြိုင်နှင့် လက်ခတ်တောင်အကြားတွင် လက်ခတ်တောင်စခန်းကုန်းအား စစ်ကောင်စီတပ်မှ ပြန်လည်ရရှိရေး ထိုးစစ်ဆင်နေသည့်အတွက် ယနေ့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ KNLA−ပူးပေါင်းတပ်ဖွဲ့မှ ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ် တပ်စွဲထားသည့် လက်ခတ်တောင် စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အကျအဆုံးများပြီး တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး ထွက်ပြေးခဲ့သည့်အတွက် အရေးယူခံနေရကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ လပ်ခတ်တောက် စခန်းကုန် ပြန်လည်ရရှိရေးအတွက် တပ်မ(၄၄) မှူးမှ တိုက်ရိုက် ညွန်ကြားပြီး ခမရ(၂) နှင့် ခမရ(၁၁၈) စုပေါင်းထုတ်နုတ်အင်အား (၁၀၀) ကျော်ဖြင့် ထိုးစစ်ဆင်နေကြောင်း KNLA− ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောထံမှ…
Read More
ယနေ့ ရွှေကုက္ကို တိုက်ပွဲတွင် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား စောသန့်အေဗယ် ကျဆုံး

ယနေ့ ရွှေကုက္ကို တိုက်ပွဲတွင် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား စောသန့်အေဗယ် ကျဆုံး

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ စစ်ကောင်စီတပ်နှင့် BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကို မြို့သစ်ကို တော်လှန်ရေး အင်အားစုများ ယနေ့ဝင်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံးရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ကျောင်းသား ရဲဘော်စောသန့်အေဗယ် ကျဆုံးသည့်အထဲ ပါဝင်ခဲ့ကြောင်း သိရသည်။ "ဒီနေ့ ရွှေကုက္ကို ဝင်တိုက်ကျတယ်၊ နှစ်ဖက်အကျအဆုံးရှိတယ်၊ စစ်ကောင်စီဘက်က အသေတော့ များတယ်၊ မနက်ပိုင်းမှာပဲ ရဲဘော်စောသန့်အေဗယ်တို့ရှေ့ လက်နက်ကြီးကျတာ အဲမှာတင် နှစ်ယောက် အနည်းဆုံးကျသွားတယ်လို့ သိရတယ်၊ ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဘက် ရဲဘော်ပါ တော်တော်စိတ်မကောင်း ဖြစ်ရတယ်ဗျာ " ဟု ရဲဘော်စောသန့်အေဗယ်၏ မိတ်ဆွေ ရဲဘော်တဦးက Red News Agency ကိုပြောသည်။ (more…)
Read More
KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး -KNU၊ တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို စစ်ကောင်စီတပ် သိမ်းပိုက်ထားရာမှ KNDO အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ "စီးနင်းခံရသည့်စခန်းကို ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO) လုံခြုံရေးတပ်ရင်း(၈)တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက် မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီခန့်တွင် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူနိုင်ခဲ့သည်" ဟု ယနေ့ Federal Wings က ထုတ်ပြန်ထားသည်။ (more…)
Read More