Tag: ကျောက်စိမ်းကုမ္ပဏီ

  • ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း သေဆုံးသူ (၃၅) ဦးကျော်ရှိ

    ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း သေဆုံးသူ (၃၅) ဦးကျော်ရှိ

    RNA_ဖားကန့်၊ ဇန်နဝါရီ(၁၄)၊ ၂၀၂၅ ခုနှစ်။
     
    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွားနားကပ်ပြီး ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ကွက် (ဒေသအခေါ် ရတနာ အဓိပတိ) မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)ရှိ နေအိမ်များပေါ် ရွှံ့နွံဖုံးလွှမ်းသွားသည့် ဖြစ်စဉ်အတွင်း သေဆုံးသူ (၃၅) ဦးကျော်ရှိကြောင်း သိရသည်။
     
    စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)ရှိ နေအိမ်များပေါ် ဇန်နဝါရီ ၁၃ ရက် နံနက် (၁) နာရီ (၃၀) မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး ယနေ့ (ဇူလိုင်လ ၁၄ ရက်) နေ့လယ်ပိုင်းအထိ သေဆုံးသူ ရုပ်အလောင်း (၂၁) လောင်းတွေ့ရှိထားပြီး ပျောက်ဆုံး (၁၅) ဦးရှိသည်ဟု စာရင်းပေးထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

    (more…)

  • ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း ယနေ့ နံနက်ပိုင်းတွင် ရုပ်အလောင်း (၈) လောင်းရှာဖွေတွေ့ရှိ

    ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း ယနေ့ နံနက်ပိုင်းတွင် ရုပ်အလောင်း (၈) လောင်းရှာဖွေတွေ့ရှိ

    RNA_ဖားကန့်၊ ဇန်နဝါရီ (၁၃)၊ ၂၀၂၅ ခုနှစ်။

    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာ၌ ကျေးရွားနားကပ်လျက် ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ကွက် (ဒေသအခေါ် ရတနာ အဓိပတိ) မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)ရှိနေအိမ်များပေါ် ရွှံ့နွံဖုံးအုပ်သွားသည့်ဖြစ်စဉ် ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် (၁) ခွဲခန့်က ဖြစ်ပွားခဲ့သည့်အတွက် သေဆုံးသူ ရုပ်အလောင်း (၈) လောင်းတွေ့ရှိထားသည်။

    ကုမ္ပဏီလုပ်ကွက်မှ ရွှံ့နွံသည် မြေစာဖိအားကြောင့် မြေအောက်မှ ကန်ထွက်ကာ ကျေးရွာအပေါ် ဖုံးအုပ်ခြင်းဖြစ်ကြောင်း စပေါ့ကျေးရွာ ဒေသခံံံတစ်််ဦးက ပြောကြားထားသည်။

    (more…)

  • ကျောက်စိမ်းခိုးသည်ဟု စွပ်စွဲပြီး ရိုက်နှက်စဉ် လူသတ်မှုဖြစ်ပွားခဲ့

    ကျောက်စိမ်းခိုးသည်ဟု စွပ်စွဲပြီး ရိုက်နှက်စဉ် လူသတ်မှုဖြစ်ပွားခဲ့

    RNA_ဖားကန့်၊ ဧပြီ(၆)၊၂၀၂၄ ခုနှစ်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာ၊ မီးသတ်ရုံးဘေး၌ အထိုင်ချထားသည့် KNDPC ကုမ္ပဏီလုပ်ကွက်ဆိုဒ်ခွဲ၌ ကျောက်ခိုးသည်ဟုစွပ်စွဲပြီး ရိုက်နှက်စစ်ဆေးစဉ် လူသတ်မှုဖြစ်ပွားခဲ့သည့်အတွက် ယနေ့ နံနက်တွင် KNDPC ကုမ္ပဏီမှ ဝန်ထမ်းအများစုက လူသတ်မှုအတွက်ဖြေရှင်းပေရန် တောင်းဆိုခဲ့ကြသည်။
     
    ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးသူမှာ ကိုအောင်တင်ထွေး (ခ) ဂွတိုဟု သိရပြီး ဧပြီ (၅) ရက်နေ့ နေ့လည်ပိုင်းက ညှင်းပန်းနှိပ်စက်မှု ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည့်အတွက် ဘဝတူ အလုပ်သမားများက သတ်ဖြတ်သူများကို အရေးယူပေးရန် ပြောဆိုခဲ့ကြသည်။
     
    သေဆုံးသူ ဂွတိုအား ကုမ္ပဏီ၏ ကြေးစားလူမိုက်များက နှစ်ရက်ခန့် ရိုက်နှက်ခဲ့ပြီး သေဆုံးချိန်တွင် လက်လွန်သွားခဲ့ကြောင်း မိသားစုထံ အကြောင်းကြားခဲ့ကြောင်း၊ သေဆုံးသူအတွက် လျှော်ကြေးအနေဖြင့် သိန်းသုံးဆယ်ပေးသည့်အတွက် မဖြစ်သင့်ဟုဆိုကာ ကုမ္ပဏီဝန်ထမ်းအများစု အလုပ်ထွက်သွားကြသူများရှိသည်ဟု ကုမ္ပဏီဝန်ထမ်းအချို့ထံမှ သိရသည်။
    [embedyt] https://www.youtube.com/watch?v=7eqyMjmjQH4[/embedyt]

    (more…)

  • လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

    လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

    ဖားကန့် အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး အောက်တိုဘာလ ၁၈ ရက်နေ့ ည (၉)နာရီ ကျော်ခန့်က လုံခြုံရေးတင်းကြပ်ထားသည့် နေမင်းကမ္ဘာကုမ္ပဏီ လုပ်ကွက်အတွင်း ‌အမြင့်ပေ (၇၀) ခန့်တွင်ရှိသည့် ခေါင်းပေါင်းမြေစာအား ဖယ်ရှားရာမှ မြေပြိုပြီး အောက်တွင်ရေမဆေးကျောက်ရှာနေသည့် ပြည်သူတချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    မြေပြိုဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာသူ လှကျော်စံ (၁၈)နှစ် သေဆုံးပြီး မှော်ပုံကျေးရွာနေသူ ကိုစိုးမိုးနှင့် ဆန်ခါကျေးရွာနေသူ ကိုကျော်ထက်တို့ အပြင်းအထန်ဒဏ်ရာများရရှိခဲ့ကြောင်း ကနဦး သိရသည်။

    မြေပြိုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ကျေးရွာမှ ဒေသခံတစ်ဦးက “သေဆုံးသူက ဒီထက်များနိုင်တယ်ဗျ၊ သတင်းဖုံးချင်တာဖြစ်မယ်၊ ရေမဆေးကလည်း နေရာတိုင်းရှာခွင့်မပြုဘူးဗျ၊ ခုတောင် ခေါင်းပေါင်းကျင်းလို့ ရှာရတာ၊ ဘက်ဟိုးကလည်း မရှာပေးဘူး၊ မြေတောင်ပြန်ဖို့တာ”ဟု ပြောသည်။

    (more…)

  • ဖားကန့် မနမှော် မြေပြိုမှု သေဆုံးသူများအပေါ် စစ်ကောင်စီက ဝတ်‌ကျေတန်းကျေသာ ဆောင်ရွက်

    ဖားကန့် မနမှော် မြေပြိုမှု သေဆုံးသူများအပေါ် စစ်ကောင်စီက ဝတ်‌ကျေတန်းကျေသာ ဆောင်ရွက်

    RNA_ဖားကန့် ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ မနကျေးရွာအနီး ဩဂုတ်လ (၁၃) ရက်နေ့က ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်အတွင်း မြေပြိုပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ရေကန်နံဘေး ကျောက်ကျင်းတူးနေသူများ ရေကန်အတွင်း နစ်မြှုပ်သေဆုံးခဲ့ရမှုအတွက် စစ်ကောင်စီက ဝတ်ကျေတန်းကျေသာ ဆောင်ရွက်သည်ကို တွေ့ရသည်။

    အာဏာသိမ်း စစ်ကောင်စီ၏ တာဝန်ရှိပုဂ္ဂိုလ်များသည် မြေပြိုဖြစ်စဉ်အတွင်းလာရောက်ပြီး တစ်စုံတစ်ရာကူညီဆောင်ရွက်ပေးခြင်းမရှိ၊ အသုဘ သင်္ဂြိုလ်စရိတ်ကပါ မိသားစုကိုယ်တိုင် ကျခံခဲ့ရပြီးမှ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများ တက်လာချိန်မှကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက မြေပြိုပြီး ရေကန်အတွင်းနစ်မြှုပ်သေဆုံးရသူများ၏ မိသားစုဝင်များကို တစ်ဦးလျှင်ငွေကျပ်ဆယ်သိန်းနှုန်း ထောက်ပံ့မည်ဟုပြောဆိုကြောင်း သိရသည်။

    (more…)

  • ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၁၇ လောင်းတွေ့ရှိ

    ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၁၇ လောင်းတွေ့ရှိ

    RNA_ ဩဂုတ်(၁၅)၊၂၀၂၃ ခုနှစ်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း မြေပြိုမှုကြောင့် ပျောက်ဆုံးနေသည့် ၃၇ ဦးထဲက ၁၇ ဦး၏ ရုပ်အလောင်းများကို ယနေ့ လူမှုကယ်ဆယ်ရေးအသင်းများက ဆယ်ယူရမိကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=Md0mBD_l4H4[/embedyt]
     
    ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ ရေမဆေးကျောက်ရှာဖွေနေသူများနဲ့ ကုမ္ပဏီဝန်ထမ်း ၃၇ ဦး ပျောက်ဆုံးနေခြင်းဖြစ်ကာ ဆယ်ယူရသည့် အလောင်း (၁၇) လောင်းထဲက (၆) ဦးမှာ ပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။
     
    #RedNewsAgency

  • ရေမဆေးကျောက်ရှာဖွေသူများအပါအဝင် (၃၆) ဦးဝန်းကျင်ကို ရှာဖွေမှု မြင်ကွင်း

    ရေမဆေးကျောက်ရှာဖွေသူများအပါအဝင် (၃၆) ဦးဝန်းကျင်ကို ရှာဖွေမှု မြင်ကွင်း

    RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။
     
    ဖားကန့်က၊ ကျောက်စိမ်းရှာဖွေနေသူများ၊ မြေပြိုမှုကြောင့် နွံအတွင်းပျောက်ဆုံးသွားသည့် (၃၆) ဦးဝန်းကျင်ကို ယနေ့ နေ့လည်ပိုင်းအထိ ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဆက်လက်ရှာဖွေခဲ့ကြကြောင်း သိရသည်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၆)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
    [embedyt] https://www.youtube.com/watch?v=E8ZBk9Rn2sU[/embedyt]

    (more…)

  • ကမ်းပါးပြိုပြီး ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ (၃၆) ဝန်းကျင်သေဆုံးဟု သတ်မှတ်

    ကမ်းပါးပြိုပြီး ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ (၃၆) ဝန်းကျင်သေဆုံးဟု သတ်မှတ်

    RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။

    ရေမဆေးကျောက်ရှာဖွေသည့် ကျောက်ကျင်းတူးနေသူ (၃၆) ဦးထက်မနည်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်ကတည်းက နစ်မြှုပ်ပျောက်ဆုံးနေသူများ ယနေ့ နံနက် ၁၀ နာရီအထိ ရှာမရတော့သည့်အတွက် သေဆုံးပြီဟု ဒေသခံများက သတ်မှတ်ထားကြောင်း သိရသည်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၁)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခြင်းဖြစ်သည်။

    ရေနွံကန်ဧရိယာ- ယင်းအတွင်းလူများပျောက်ဆုံးနေ

    ” လက်ရှိဒီမှာကျောက်တူးနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေလည်းပါတယ်၊ အပြင်ကနေ လာတူးနေသူတွေလည်းပါတယ်၊ စာရင်းကတော့ မခွဲထားဘူး၊ ဒဏ်ရာရရှိသူ (၈)ဦးရှိတယ်”ဟု ပျောက်ဆုံးစာရင်းပြုစုနေသည့် ကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးကပြောသည်။

    (more…)

  • ကုမ္ပဏီ (၅)က ကျောက်တူးပြီး ထားခဲ့သည့်မြေအနေအထားကြောင့် လမ်းပြိုကျပျက်စီး

    ကုမ္ပဏီ (၅)က ကျောက်တူးပြီး ထားခဲ့သည့်မြေအနေအထားကြောင့် လမ်းပြိုကျပျက်စီး

    PpRNA_ဖားကန့်၊ဇူလိုင် (၁၄)ရက်၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအတွင်း၌ ကုမ္ပဏီ (၅) ခုက စုပေါင်းကျောက်တူးပြီး မိုးကာလ ကျောက်စိမ်းတူးဖော်မရသည့်အခါ တူးလက်စအတိုင်းထားခဲ့သည့်အတွက် အများသုံးကျေးရွာလမ်းပြိုကျပြီး ကျေးရွာနေအိမ်အချို့ မြေပြိုမည့် အန္တရာယ်ရှိနေသည်။

    “နေမင်းကမ္ဘာ” နှင့် “မြန်မာတကောင်း” တို့ပါဝင်သည့် ကုမ္ပဏီ(၅)ခုက စုပေါင်းပြီး ကုဋေကျေးရွာမှ နေအိမ်များအား သိန်းထောင်ချီပေးဝယ်ကာ ကျောက်စိမ်းတူးဖော်ခဲ့ကြပြီး မိုးကာလ ကျောက်တူးမရသည့်အခါ မြေပြန်လည်ဖို့ပေးခြင်းမဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုရက်သတ္တပါတ်အတွင်း မြေပြိုမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး အများပြည်သူသွားလမ်းပါ ပြိုကျပျက်ဆီးနေခြင်း ဖြစ်သည်။

    (more…)

  • အခွန်(ခ)ဆက်ကြေးမပေးသည့် ကျောက်စိမ်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ် ဝင်စီး

    အခွန်(ခ)ဆက်ကြေးမပေးသည့် ကျောက်စိမ်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ် ဝင်စီး

    RNA_ဖားကန့် မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း‌ကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီးရှိ စစ်ကောင်စီကိုအခွန် (ခ) ဆက်ကြေးမပေးပဲ တူးဖော်နေသည့် ကျောက်ကျင်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ်အင်အား(၃၀)ခန့်ဖြင့် မေလ ၂၉ ရက် ညဦးပိုင်းက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီတပ်ကို ဆက်ကြေးမပေးသည့်အတွက် အဲဗားရေဝင်းနားလုပ်ကွက်ဟောင်းရေကန်၊ ငိုးပင်းကုမ္ပဏီလုပ်ကွက်‌မြေနေရာဟောင်း မြေစာပုံဈေးတန်းအနီး၊ တောက်ပကြယ် လုပ်ကွက်ဟောင်း ကမ်းပါးနေရာတို့ကို ဝင်ရောက်စီးနင်းကာ စက်ယန္တရားများနှင့် လုပ်ကွက်ဝန်ထမ်းအားလုံးနီးပါးကို ဖမ်းဆီးထားကြောင်း မျက်မြင်တွေ့ရှိသူကများက ပြောကြားထားသည်။

    ဓါတ်ပုံ: ဆန်ခါ‌ကျေးရွာအနီး တောက်ပကြယ်လုပ်ကွက်ဟောင်း။

    ဝင်ရောက်စီးနင်းခံရသည့် လုပ်ကွက်တွင် ကချင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ KNDPC ဟု နာမည်ခံထားပြီး အဆိုပါကုမ္မဏီ၏ပိုင်ရှင်မှာ တရုတ်လူမျိုး ဦးကွေပင်းဖြစ်ပြီး၊ မူးယစ်ယာဇာ အဖြစ်နာမည်ကြီးသူဟုကျော်ကြားကာ မန္တလေးမြို့တွင် ” မင်္ဂလာ” ပုဂ္ဂလိက ဆေးရုံပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း သိရှိရသည်။

    (more…)