မိုးကောင်း

စစ်ကောင်စီတပ်သား ၃၀ ကျော် အလံဖြူထောင် လက်နက်ချသည့် နန့်ယား စစ်တပ်စခန်းကုန်းကို KIA/KPDF သိမ်းပိုက်

စစ်ကောင်စီတပ်သား ၃၀ ကျော် အလံဖြူထောင် လက်နက်ချသည့် နန့်ယား စစ်တပ်စခန်းကုန်းကို KIA/KPDF သိမ်းပိုက်

RNA_ဖားကန့်၊ ဧပြီ (၁၁)၊၂၀၂၄ ခုနှစ်။ ဖားကန့်မြို့နှင့် မိုးကောင်းမြို့သွား ကားလမ်းပါ်ရှိ နန့်ယားကျေးရွာတွင် အခိုင်အမာ တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၃၀) ကျော်အလံဖြူထောင်လက်နက်သည့်အတွက် KIA/KPDF ပူးပါင်းအဖွဲ့က ယနေ့ (ဧပြီလ ၁၁ ရက်) နံနက် (၆)နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့‌‌သည်။ ယနေ့နံနက် (၆) နာရီခန့်က စစ်သုံ့ပန်း (၃၀) ကျော် အလံဖြူထောင် လက်နက်ချအပြီး နန်ယားစခန်းကုန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်က အတည်ပြုသည်။ ဧပြီ (၉)ရက် နံနက်က နန့်ယားစစ်တပ်စခန်းကို KIA/KPDF က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်မှသာ  သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ််််််််ကြောင်း၊ နန့်ယားကျေးရွာသည် ဖားကန့်မြို့နှင့် မိုးကောင်းမြို့သွားကားလမ်း၏ ခရီးတစ်ထောက်နားရာ…
Read More
ဖားကန့်နှင့် ကာမိုင်းတကြော မဟာဗျူဟာလမ်းမကြီးပေါ်ရှိ နမ့်တိန်းစခန်းအားလုံးကို KIA/KPDF ထိန်းချုပ်နိုင်ပြီ

ဖားကန့်နှင့် ကာမိုင်းတကြော မဟာဗျူဟာလမ်းမကြီးပေါ်ရှိ နမ့်တိန်းစခန်းအားလုံးကို KIA/KPDF ထိန်းချုပ်နိုင်ပြီ

RNA_ဖားကန့် ဖေဖော်ဝါရီ၂၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဖားကန့်နှင့် မိုးကောင်း၊ လဝါးလမ်းပေါ်ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ အဓိကစခန်းများဖြစ်သည့် နန့်ယားစခန်းကုန်း၊ နမ့်တိန်းစခန်းကုန်းနှစ်ခုအနက် နမ့်တိန်းစခန်းကုန်း၏ တပ်စွဲထားသော ဧရိယာအကုန် သိမ်းပိုက်နိုင်ပြီဟု KIA/KPDF သတင်းရင်းမြစ်ကပြောသည်။ "သိမ်းမိပါပြီဗျ၊ နမ့်တိန်းကို ထိန်းချုပ်နိုင်ပြီ ပြောလို့ရတယ်၊ အခုနောက်ဆုံး ဒီနေ့ နေ့လယ် ၁၂ နာရီက နောက်စခန်းကို သိမ်းလိုက်ပြီ၊ လက်နက်ကြီးပစ်ကူတွေ တအုန်းအုန်းကြားက ရခဲ့ပါပြီ"ဟု ပြောသည်။ နိမ့်တိန်းနယ်မြေ ထိန်းချုပ်နိုင်ရေး ‌ဇန်နဝါရီ ၆ ရက်နေ့ ဝှေခါ ဗျူဟာကုန်းစတိုက်ကတည်းက ပြိုင်တူကြိုးစားခဲ့ကြသော်လည်း နိမ့်တိန်းကို အပြီးသတ် မထိန်းချုပ်နိုင်ပဲ ယနေ့ နေ့လယ်မှသာ အပိုင်ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ နမ့်တိန်း‌ဒေသ၏ တောင်ကုန်းအချို့ကို…
Read More
နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

RNA_ဖားကန့်၊ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့နှင့်မိုးကောင်းမြို့သွားရာလမ်း ခရီးတစ်ထောက်နားကြသည့် နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံအချို့နှင့် ခရီးသွားပြည်သူအချို့ကို ယမန်နေ့ည ၈ နာရီခန့်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဖားကန့်မြို့သို့ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောဖြစ်သည့် နန့်ယားလမ်းကြောပေါ်တွင် စစ်ကောင်စီနှင့် KIA/KPDF တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး နန့်ယားကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းပိတ်မိနေခြင်းဖြစ်သည်။ ပိတ်မိနေသည့် စစ်ကောင်စီစစ်ကြောင်းက ခရီးသွားပြည်သူများနှင့် ဒေသခံများအား ညအချိန်ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးခံရသူ အရေအတွက်အတိအကျ မသိရသေးသော်လည်း စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တချို့တွင် ၁၀၀ ဝန်းကျင်ထိ ဖမ်းမိဟု ပြောဆိုနေကြသည်။ (more…)
Read More