Tag: မိုးကောင်း

  • စစ်ကောင်စီတပ်သား ၃၀ ကျော် အလံဖြူထောင် လက်နက်ချသည့် နန့်ယား စစ်တပ်စခန်းကုန်းကို KIA/KPDF သိမ်းပိုက်

    စစ်ကောင်စီတပ်သား ၃၀ ကျော် အလံဖြူထောင် လက်နက်ချသည့် နန့်ယား စစ်တပ်စခန်းကုန်းကို KIA/KPDF သိမ်းပိုက်

    RNA_ဖားကန့်၊ ဧပြီ (၁၁)၊၂၀၂၄ ခုနှစ်။

    ဖားကန့်မြို့နှင့် မိုးကောင်းမြို့သွား ကားလမ်းပါ်ရှိ နန့်ယားကျေးရွာတွင် အခိုင်အမာ တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၃၀) ကျော်အလံဖြူထောင်လက်နက်သည့်အတွက် KIA/KPDF ပူးပါင်းအဖွဲ့က ယနေ့ (ဧပြီလ ၁၁ ရက်) နံနက် (၆)နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့‌‌သည်။

    ယနေ့နံနက် (၆) နာရီခန့်က စစ်သုံ့ပန်း (၃၀) ကျော် အလံဖြူထောင် လက်နက်ချအပြီး နန်ယားစခန်းကုန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်က အတည်ပြုသည်။

    နန့်ယားကျေးရွာ မြင်ကွင်း

    ဧပြီ (၉)ရက် နံနက်က နန့်ယားစစ်တပ်စခန်းကို KIA/KPDF က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်မှသာ  သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ််််််််ကြောင်း၊ နန့်ယားကျေးရွာသည် ဖားကန့်မြို့နှင့် မိုးကောင်းမြို့သွားကားလမ်း၏ ခရီးတစ်ထောက်နားရာ ကျေးရွာတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်က ရွာထိပ်တွင် အခိုင်အမာတပ်စွဲကာ ခရီးသွားပြည်သူများထံမှ ဂိတ်စခန်းဖွင့်ကာ ငွေညစ်နေခဲ့ခြင်းဖြစ်သည်။

    KPDF ရဲဘော်များ

    ဖားကန့်-မိုးကာင်းလမ်းပါ်မှ နန့်တိန်းစခန်းကို ဖေဖော်ဝါရီ (၂)ရက်ကသိမ်းပိုက်ထားနိုင်ပြီး ယခုအခါ နန့်ယားစခန်းအား KIA/KPDF ပူးပေါင်းအဖွဲ့က ထပ်မံ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။

    Red News Agency

  • ဖားကန့်နှင့် ကာမိုင်းတကြော မဟာဗျူဟာလမ်းမကြီးပေါ်ရှိ နမ့်တိန်းစခန်းအားလုံးကို KIA/KPDF ထိန်းချုပ်နိုင်ပြီ

    ဖားကန့်နှင့် ကာမိုင်းတကြော မဟာဗျူဟာလမ်းမကြီးပေါ်ရှိ နမ့်တိန်းစခန်းအားလုံးကို KIA/KPDF ထိန်းချုပ်နိုင်ပြီ

    RNA_ဖားကန့် ဖေဖော်ဝါရီ၂၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဖားကန့်နှင့် မိုးကောင်း၊ လဝါးလမ်းပေါ်ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ အဓိကစခန်းများဖြစ်သည့် နန့်ယားစခန်းကုန်း၊ နမ့်တိန်းစခန်းကုန်းနှစ်ခုအနက် နမ့်တိန်းစခန်းကုန်း၏ တပ်စွဲထားသော ဧရိယာအကုန် သိမ်းပိုက်နိုင်ပြီဟု KIA/KPDF သတင်းရင်းမြစ်ကပြောသည်။

    “သိမ်းမိပါပြီဗျ၊ နမ့်တိန်းကို ထိန်းချုပ်နိုင်ပြီ ပြောလို့ရတယ်၊ အခုနောက်ဆုံး ဒီနေ့ နေ့လယ် ၁၂ နာရီက နောက်စခန်းကို သိမ်းလိုက်ပြီ၊ လက်နက်ကြီးပစ်ကူတွေ တအုန်းအုန်းကြားက ရခဲ့ပါပြီ”ဟု ပြောသည်။

    နိမ့်တိန်းနယ်မြေ ထိန်းချုပ်နိုင်ရေး ‌ဇန်နဝါရီ ၆ ရက်နေ့ ဝှေခါ ဗျူဟာကုန်းစတိုက်ကတည်းက ပြိုင်တူကြိုးစားခဲ့ကြသော်လည်း နိမ့်တိန်းကို အပြီးသတ် မထိန်းချုပ်နိုင်ပဲ ယနေ့ နေ့လယ်မှသာ အပိုင်ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

    နမ့်တိန်း‌ဒေသ၏ တောင်ကုန်းအချို့ကို သိမ်းနိုင်သော်လည်း အင်အား (၅၀)ဝန်းကျင်သာရှိသည့် နမ့်တိန်းအထိုင်စခန်းကို မသိမ်းနိုင်သေးပဲ ဖြတ်တောက်စစ်ဆင်ရေးပြုခဲ့ရသည်ဟု KPDF သတင်းရင်းမြစ်ထံမှ သိရသည်။

    တံတားဦီး‌မှ လေယာဉ်ပစ်ကူ၊ ဖားကန့်ဗျူဟာ၊ လုံးခင်းယမ်းချက်စက်ရုံနှင့် မဇွပ်ယန် အကျဉ်းထောင်တို့မှ လက်နက်ကြီးပစ်ကူ ဆက်တိုက်ပေးခဲ့သော်လည်း နမ့်တိန်းဒေသရှိ တောတောင်တခွင် စစ်ကောင်စီ တပ်စခန်များအား ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

    ဖားကန့်ဒေသ၏ အဝင်အထွက် မဟာဗျူဟာ ဝင်ပေါက်ထွက်ပေါက်ဖြစ်သည့် ဖားကန့်မြို့နှင့်မိုးကောင်းမြို့သွား အချက်အချာ နမ့်တိန်း‌ဒေသနှင့် ဖားကန့်မြို့နှင့် ဟိုပင်၊ မိုးညှင်းမြို့သွား ဝှေခါဒေသအား တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ထားနိုင်ပြီ ဖြစ်သည်။

    ဖားကန့်ဒေသသည် ကုန်းတွင်းပိတ်ဒေသတစ်ခုဖြစ်ပြီး အဝင်အထွက် လမ်းကြောင်း သုံးခုရှိသည့် အနက် နှစ်ခုကို လုံးဝထိန်းချုပ်နိုင်သည့် အနေအထားဖြစ်ပြီး နောက်ဆုံးတစ်ခုဖြစ်သည့် ရှမ်းနီ(SNA)ကြီးစိုးရာဒေသ တာမခံ၊ ဆယ်ဇင်းတစ်ဝိုက်ကို ပိတ်ဆို့ထားနိုင်ရန်သာ ကျန်တော့သည့် အခြေအနေဖြစ်သည်။

    #RedNewsAgency

  • နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

    နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

    RNA_ဖားကန့်၊ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့နှင့်မိုးကောင်းမြို့သွားရာလမ်း ခရီးတစ်ထောက်နားကြသည့် နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံအချို့နှင့် ခရီးသွားပြည်သူအချို့ကို ယမန်နေ့ည ၈ နာရီခန့်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

    ဖားကန့်မြို့သို့ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောဖြစ်သည့် နန့်ယားလမ်းကြောပေါ်တွင် စစ်ကောင်စီနှင့် KIA/KPDF တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး နန့်ယားကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းပိတ်မိနေခြင်းဖြစ်သည်။

    ပိတ်မိနေသည့် စစ်ကောင်စီစစ်ကြောင်းက ခရီးသွားပြည်သူများနှင့် ဒေသခံများအား ညအချိန်ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးခံရသူ အရေအတွက်အတိအကျ မသိရသေးသော်လည်း စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တချို့တွင် ၁၀၀ ဝန်းကျင်ထိ ဖမ်းမိဟု ပြောဆိုနေကြသည်။

    (more…)