မြဝတီ

မြဝတီမြို့နယ်အတွင်းက တရုတ်များ ဖားအံအရောက် တစ်ယောက် (၅) သိန်း​စျေးပေါက်

မြဝတီမြို့နယ်အတွင်းက တရုတ်များ ဖားအံအရောက် တစ်ယောက် (၅) သိန်း​စျေးပေါက်

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို နှိမ်နင်းနေသလို လုပ်ပြနေသည့်အတွက် တစ်ချို့သော ငွေလိမ်ဂိုဏ်းနှင့် ပတ်သက်သူများသည် ရွှေကုက္ကိုအပါအဝင် ကျားဖြန့်လုပ်ငန်းများမှ ရှောင်ပြေးချင်သည့်အတွက် မြဝတီမြို့နယ်မှ ဖားအံအရောက် တစ်ဦးကို ကျပ် (၅) သိန်းစျေးဖြင့် လက်နက်ကိုင်များက တာဝန်ယူ ပို့နေကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း Red News Agency ၏ သတင်းရင်းမြစ်က " မြဝတီ-ဖားအံ တစ်ဦး ၅ သိန်းယူပြီးတော့ DKBA/BGF/PC တွေက ပို့ပေးနေတယ်။ ထီလုံ၊ နဘူး၊ ဖားအံတောင် ကလေးဂိတ်က စကစ၊ လဝကတွေက ငွေပေးနိုင်ရင်လွှတ်ပေးနေတယ်"ဟု နိုဝင်ဘာ ၂၂ ရက်နေ့က ပြောထားသည်။ (more…)
Read More
ကျားဖြန့်နှိမ်နင်းမယ်ဆိုပြီး မြဝတီက စစ်ကော်မရှင်တပ်ယာဉ်တန်း ရွှေကုက္ကိုဘက်သွား

ကျားဖြန့်နှိမ်နင်းမယ်ဆိုပြီး မြဝတီက စစ်ကော်မရှင်တပ်ယာဉ်တန်း ရွှေကုက္ကိုဘက်သွား

RNA_နိုဝင်ဘာ(၁၈)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အာဏာသိမ်းစစ်ကော်မရှင်တပ် ယာဉ်တန်းသည် ယနေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းက ကျားဖြန့်နှိမ်နင်းရေးအတွက်ဟုဆိုကာ ရွှေကုက္ကိုဘက် ထွက်သွားကြောင်း မြဝတီဒေသခံထံမှ သိရသည်။ ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်များကို အထူးစစ်ဆင်ရေး တစ်ရပ်အဖြစ် နှိမ်နင်းသွားမည်ဟုလည်း ယမန်နေ့ (နိုဝင်ဘာ ၁၇ ရက်) နေ့က ကရင်နယ်ခြားစောင့်တပ် - BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောထားသည်။ (more…)
Read More
ယနေ့ အတွက် Red News သတင်းများ

ယနေ့ အတွက် Red News သတင်းများ

ပွင့်ဖြူမြို့နယ်က တိုက်ပွဲ၊ ကျားဖြန့် ကိစ္စ၊ လွတ်မြောက်နယ်မြေရရှိရေးကိစ္စ၊ ယူကရိန်း ရုရှား စစ်ပွဲ ကိစ္စများကို တင်ဆက်ပေးထားသည်။ Red News Agency
Read More
စစ်ကောင်စီ၏ လေးကေ့ကော်အနီး စွယ်တော်ကုန်းကို သိမ်းပိုက်နိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

စစ်ကောင်စီ၏ လေးကေ့ကော်အနီး စွယ်တော်ကုန်းကို သိမ်းပိုက်နိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၁၇)၊၂၀၂၄ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီး စစ်​ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်ကုန်း) ကို ယနေ့ (အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ရရှိခဲ့ရာ လက်နက်ခဲယမ်းများပါ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
96 Soldiers – PDF အနေဖြင့် (၃) နှစ်အတွင်း မြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၄၇) ပွဲ ဆင်နွှဲခဲ့

96 Soldiers – PDF အနေဖြင့် (၃) နှစ်အတွင်း မြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၄၇) ပွဲ ဆင်နွှဲခဲ့

RNA_အောက်တိုဘာ(၇)၊၂၀၂၄ခုနှစ်။ 96 Soldiers - PDF အနေဖြင့် တည်ထောင်ခဲ့သည့် (၃) နှစ်အတွင်း ဒီပဲယင်းမြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့ မြို့သိမ်းတိုက်ပွဲနှင့် ပျောက်ကြားတိုက်ပွဲ၊ ထိတွေ့တိုက်ပွဲစသည့် တိုက်ပွဲပေါင်း (၄၇) ပွဲ မဟာမိတ်များဖြင့် ပူးပေါ်င်း ဆင်နွှဲခဲ့သည်ဟု သိရသည်။ 96 Soldiers - PDF သည် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၆) ရက်နေ့သည် တပ်ဖွဲ့ (၃) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ တပ်ဖွဲ့အနေဖြင့် တောင်ပိုင်းဒေသနှင့် အညာဒေသဆိုပြီး ဒေသ၂ ခုခွဲပြီး တိုက်ပွဲဝင်နေကြောင်း၊ (၃) နှစ်အတွင်း ရဲဘော် (၈) ဦးကျဆုံးခဲ့ရကြောင်း 96 Soldiers - PDF…
Read More
၁၀ တန်းကျောင်းသူ တစ်ယောက်ရဲ့ စစ်ကြောရေးနဲ့ ကလေးထောင် ငရဲခန်းအကြောင်း

၁၀ တန်းကျောင်းသူ တစ်ယောက်ရဲ့ စစ်ကြောရေးနဲ့ ကလေးထောင် ငရဲခန်းအကြောင်း

RNA_ဩဂုတ်(၃၁)၊၂၀၂၄ခုနှစ်။   မြဝတီစစ်ကြောရေးအတွင်း ရိုက်နှက်ခံရမှုများ၊ လူငယ်ထိန်းသိမ်းရေးစခန်းအတွင်း မိမိကိုယ်မိမိ သတ်သေဖို့အထိ ကြံစည်ခဲ့မိသည့်ဖြစ်ရပ်များကို မအိစန္ဒာကျော်က ပြောပြထားပါတယ်။   စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့သော မအိစန္ဒာကျော်ကို ၂၀၂၁ ခုနှစ် မေလ ၂၃ ရက်နေ့က မြဝတီမြို့၌ ဖမ်းဆီးခံရစဉ် အသက် ၁၆ နှစ်ကျော်လေးသာ ရှိသေးသည့်အတွက် ကလေးထောင်ဟု အများခေါ်ဝေါ်သည့် တွံတေးမြို့နယ်အတွင်းက လူငယ်ထိန်းသိမ်းရေးစခန်းမှာ ပုဒ်မ ၅၀ (ဈ)ဖြင့် အသက် ၂၀ အထိ နေခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လူငယ်ထိန်းသိမ်းရေးစခန်းမှ လွတ်မြောက်လာတဲ့အတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ပါပြီ ဖြစ်ပါတယ်။   #RedNewsAgency #RNA
Read More
နိုင်ငံတော်အဆင့် စစ်ဆင်ရေးကြီး ဘယ်ပျောက်သွားပြီလဲ 

နိုင်ငံတော်အဆင့် စစ်ဆင်ရေးကြီး ဘယ်ပျောက်သွားပြီလဲ 

"အကြမ်းဖက်စစ်ကောင်စီမှ ဒေါသတကြီးဖြင့် ရသမျှ အင်အားများစုစည်းပြီး ဧပြီ ၂၀ ရက်နေ့ကတည်းက စတင်စေလွှတ်လိုက်သော နိုင်ငံတော်ဆင့် အောင်စေယျစစ်ဆင်ရေးကြီးမှာ ဘယ်နေရာရောက်လို့ ရောက်မှန်းမသိ ကူပါကယ်ပါနှင့် ဒေါနတောင်တကျောတွင် ပျောက်ဆုံးနေကြရပြီ" ဧရာဝတီလင်းပိုင် မြဝတီမကျစေရန် နိုင်ငံ‌အဆင့်အနေဖြင့် စစ်ကြောင်းထိုးလာသည့် အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်‌ပေါ်တွင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့မှုဖြစ်ကာ အကျအဆုံးများနေသည်။ KNLA၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်‌ကြောင်းအပါအဝင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက  တောက်လျှောက်တိုက်ခိုက်‌သည့်အတွက် ဗိုလ်မှူးအဆင့်နှင့် ဗိုလ်ကြီးအဆင့်များအပါအဝင် ၁၃ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်ဟု ကျားဖြူစစ်‌‌ကြောင်းမှ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်အနေဖြင့် မေလ (၂)ရက်နေ့မှာ ခလရ ၉၄ ယာယီတပ်ရင်းမှူးအဖြစ်ခန့်အပ်ခံရသူ ဒုဗိုလ်မှူးကြီးအဆင့် သန့်ဇော်ဝင်းပါ ဒေါနတောင်တိုက်ပွဲများအတွင်း သေဆုံးခဲ့သည်။ မြဝတီသို့ရောက်ရှိရန် ကျုံဒိုး-ကိုးတိုင် လမ်းမကြီးလမ်းတစ်လျှောက်တွင် လုံခြုံရေးယူပေးထားသည့် စစ်တပ်လက်အောက်ခံ…
Read More
လူလည်လူမိုက် ရွေးလိုက်စမ်း.. “အကြိုက်”

လူလည်လူမိုက် ရွေးလိုက်စမ်း.. “အကြိုက်”

"တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း အချိန်မရွေး ပြန်သိမ်းလို့ရတယ်ဆိုတာ အားလုံးအသိဖြစ်သွားပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ တည်နေရာကိုထင်ထင်ရှားရှားသိလိုက်ရသလို ငွေလိမ်ဂိုဏ်းတွေကို ကာကွယ်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကိုလည်း ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်" ရန်နိုင် ကရင်ပြည်နယ်မှာ စစ်ကောင်စီကို အဓိကအထောက်အကူပေးပြီး အိမ်ကြက်ခြင်းအိုးမဲသုတ် ခွပ်ပေးနေတဲ့ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ပေးနေတာကတော့ ဗိုလ်မှူးစောချစ်သူဦးဆောင်တဲ့ BGF တပ်ရင်းတွေပဲ ဖြစ်တယ်။ အခြေအနေကို အခြေခံပြီးတော့ ဗိုလ်မှူးစောချစ်သူက မတ်လပထမအပတ်မှာ KNA အဖြစ်သီးခြားရပ်တည်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သင်္ကြန်တုန်းကတော ဖားအံမှာ BGF တွေက စစ်ကောင်စီတပ်နဲ့အတူ တွေ့ရှိကြရပါတယ်။ မင်အောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်လက်အောက်က BGF (Border Guard Force) အဖြစ်ကနေ လစာမယူတော့ဘူးဆိုပြီး လက်မောင်း ဘက်တံဆိပ်တွေပြောင်းမယ်၊ ကရင်အမျိုးသားတပ်မတော်…
Read More
အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

RNA_ဧပြီ(၂၁)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံများနှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းမှစပြီး အပစ်ရပ်နေသော်လည်း မြဝတီဘက်ခြမ်းရှိ စစ်ဘေးရှေင်များမှာ အကူအညီလိုအပ်နေကြောင်း သိရသည်။ "အခုမနက် မဲဆောက်ရောက်နေတဲ့ စစ်ဘေးရှောင်တွေသွားလှူကြတာ တော်တော်များတယ်။ မြဝတီဘက်ခြမ်းက သူတွေအတွက် ၁၂ ဂိတ်ဘက်မှာပေါ့ သူတို့ ထမင်းထုပ်တောင် နေ့လည်စာ မလောက်ဘူး ညစာတော့ ဘယ်လို လုပ်မလဲမသိဘူး။ ကမ်းနားဘက်မှာ ကပ်နေကြရတာတွေ့တယ်” ဟု စစ်ဘေးရှောင်များကို သွားလှူသူတဦးက ပြောသည်။ မြဝတီအပစ်ရပ်နေပြီဖြစ်သည့်အတွက် မဲဆောက်ဘက်ခြမ်းရောက် ထိုင်းအစိုးရမှလက်ခံထားသူများ ပြန်လွှတ်နေပြီဟု ကြားသိရသော်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင်များထံ သတင်းသွားယူခွင့်ကို ထိုင်းစစ်တပ်လက်အောက်ခံများက သွားခွင့်မပြုကြောင်း၊ တံတား (၂) ဘက်တွင်လည်း ထိုင်းစစ်တပ်က လုံခြုံရေးတင်းကြပ်ထားသည်။…
Read More
ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်သိမ်းပိုက်ပြီးနောက် အကြွင်းအကျန်များအား ဆက်လက်ရှင်းလင်းမည်

ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်သိမ်းပိုက်ပြီးနောက် အကြွင်းအကျန်များအား ဆက်လက်ရှင်းလင်းမည်

RNA_ဧပြီ(၁၁)၊၂၀၂၄ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိ သော အာဏာသိမ်းစစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ အကြွင်းအကျန်များအား ဆက်လက်ရှင်းလင်းမည်ဟု KNU က ကြေညာထားသည်။ "မြဝတီမြို့ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီအကျွင်းအကျန်များအား ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်အသိပေးအပ်သည်" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ (more…)
Read More