“အကြမ်းဖက်စစ်ကောင်စီမှ ဒေါသတကြီးဖြင့် ရသမျှ အင်အားများစုစည်းပြီး ဧပြီ ၂၀ ရက်နေ့ကတည်းက စတင်စေလွှတ်လိုက်သော နိုင်ငံတော်ဆင့် အောင်စေယျစစ်ဆင်ရေးကြီးမှာ ဘယ်နေရာရောက်လို့ ရောက်မှန်းမသိ ကူပါကယ်ပါနှင့် ဒေါနတောင်တကျောတွင် ပျောက်ဆုံးနေကြရပြီ”
ဧရာဝတီလင်းပိုင်
မြဝတီမကျစေရန် နိုင်ငံအဆင့်အနေဖြင့် စစ်ကြောင်းထိုးလာသည့် အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်ပေါ်တွင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့မှုဖြစ်ကာ အကျအဆုံးများနေသည်။ KNLA၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းအပါအဝင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက တောက်လျှောက်တိုက်ခိုက်သည့်အတွက် ဗိုလ်မှူးအဆင့်နှင့် ဗိုလ်ကြီးအဆင့်များအပါအဝင် ၁၃ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်ဟု ကျားဖြူစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်အနေဖြင့် မေလ (၂)ရက်နေ့မှာ ခလရ ၉၄ ယာယီတပ်ရင်းမှူးအဖြစ်ခန့်အပ်ခံရသူ ဒုဗိုလ်မှူးကြီးအဆင့် သန့်ဇော်ဝင်းပါ ဒေါနတောင်တိုက်ပွဲများအတွင်း သေဆုံးခဲ့သည်။ မြဝတီသို့ရောက်ရှိရန် ကျုံဒိုး–ကိုးတိုင် လမ်းမကြီးလမ်းတစ်လျှောက်တွင် လုံခြုံရေးယူပေးထားသည့် စစ်တပ်လက်အောက်ခံ BGF နှင့် ၂၄ ပစ္စည်း DKBA ပူးပေါင်းတပ်ဖွဲ့များကို KNDO တပ်ရင်း ၆ Drone တပ်ဖွဲ့ ရဲဘော်များက ဧပြီလ ၂၄ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ တိုက်ခိုက်မှုအတွင်း BGF စစ်ကြောင်းမှူး ၂ဦး၊ ခမရ ၅၄၆ မှဗိုလ်ကြီး ၁ဦး၊ တပ်ကြပ်ကြီးအဆင့် ၁ဦး၊ တပ်သားအဆင့် ၇ ဦးသေဆုံးကာ ၇၀ နှင့်အထက် ဒဏ်ရရှိခဲ့ကြောင်းလည်းထုတ်ပြန်ထားပါသည်။ ထိုမျှသာမက စက်သေ နတ်တပ်ဆင်ထားသည့် ယာဉ် ၁စီး၊ ဖောကား ၂စီး၊ သံချပ်ကာကား ၂စီး ပျက်စီးပြီး စစ်ကောင်စီတပ်သားများ ရာနှင့်ချီသေဆုံးသည်အထိ KNLA မှ တိုက်ခိုက်နိုင်ခဲ့သည်။
အောင်ဇေယျစစ်ဆင်ရေးကို နိုင်ငံတော်အဆင့် စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး စက်ယန္တရားများနှင့် လေယာဉ်များပါ အသုံးပြုပြီး စစ်သည်အင်အားမလုံလောက်သည့်အတွက် စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ထဲရောက်ရှိခဲ့တဲ့ အပတ်စဉ် ( ၁) မှ စစ်သား သစ်များကိုပါ စေလွှတ်တိုက်ခိုက်ခိုင်းနေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်တွေကလည်း ပြောဆိုနေကြပါသည်။ အောင်ဇေယျ စစ်ကြောင်းသည် နိုင်ငံတော်အဆင့် စစ်ကြောင်း ဖြစ်သော်လည်း ယနေ့အချိန်ထိ သင်္ဃန်းညီနောင် ရောက်အောင်လာနိုင်ခြင်း မရှိ။
Photo : Cobra Column
(more…)