CRPH

ပအဖ၊ လကဖ၊ ပလဖများ တာဝန်ယူမှု တာဝန်ခံမှုရှိရန် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်စသည့် လုပ်ငန်းစဉ်များအပါအဝင် (၃) ချက်ကို ဒုတိယအကြိမ် ပြည်သူ့ညီလာခံံ ဆုံးဖြတ်

ပအဖ၊ လကဖ၊ ပလဖများ တာဝန်ယူမှု တာဝန်ခံမှုရှိရန် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်စသည့် လုပ်ငန်းစဉ်များအပါအဝင် (၃) ချက်ကို ဒုတိယအကြိမ် ပြည်သူ့ညီလာခံံ ဆုံးဖြတ်

RNA_ဧပြီ(၉)၊၂၀၂၄ခုနှစ်။ နွေဦးတော်လှန်ရေးကာလ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဌာန်းချက်များ နှင့်အညီ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ဦးဆောင်၍ ၅ ရက်တာအတွင်း ဆုံးဖြတ်ချက်များတွင် ပအဖ၊ လကဖ၊ ပလဖ တို့ တာဝန်ယူမှု တာဝန်ခံမှုရှိရန် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်အချက်အပါအဝင် (၃) ချက်ကို ဆုံးဖြတ်အတည်ပြုခဲ့သည်ဟု သိရသည်။ "ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ မြေပြင် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများ (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများအကြား ဟန်ချက်ညီ…
Read More
KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က လက်နက်နှင့် စစ်ရေးအကူအညီများပေးခဲ့

KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က လက်နက်နှင့် စစ်ရေးအကူအညီများပေးခဲ့

RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က လက်နက်အပါအဝင် စစ်ရေးအကူအညီများ ပေးခဲ့ကြောင်း ယနေ့ကျရောက်သည့် KNDF (၂) နှစ်ပြည့် အထိမ်းအမှတ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့သည် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီပေးမှုများစွာရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားကြသည်။ (more…)
Read More
စစ်တပ်မှာ ခံဝန်ထိုးနေထိုင်သည့်  လွှတ်တော်ကိုယ်စား လှယ် ဖမ်းဆီးခံရ

စစ်တပ်မှာ ခံဝန်ထိုးနေထိုင်သည့်  လွှတ်တော်ကိုယ်စား လှယ် ဖမ်းဆီးခံရ

RNA_မတ် ၇၊၂၀၂၂ခုနှစ်။ ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် စစ်ကောင်စီတပ်မှာ နိုင်ငံရေးမလုပ်တော့ကြောင်း ခံဝန်ထိုးနေထိုင်သည့် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းထွန်းကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ကဝမြို့နယ် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် (၃) ဦးတို့သည် စစ်တပ်မှာ ခံဝန်ထိုးနေသည့်အတွက် CRPH နှင့် NUG က NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုတော့ကြောင်း စုံစမ်း သိရှိရသည်။ (more…)
Read More
လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ခြင်းကြောင့် လွှတ်တော်ကို ဆက်လက်ခေါ်ယူနေရခြင်းဖြစ်ဟု NUG ယာယီသမ္မတပြော

လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ခြင်းကြောင့် လွှတ်တော်ကို ဆက်လက်ခေါ်ယူနေရခြင်းဖြစ်ဟု NUG ယာယီသမ္မတပြော

RNA ၊ ဖေဖော်ဝါရီ ၅ ရက်၊၂၀၂၂ ခုနှစ်။ လွှတ်တော်ဆိုသည်မှာ ဒီမိုကရေစီ၏ အခြေခံအကျဆုံးနိုင်ငံရေး အဆောက်အဦ (institution) တခုဖြစ်ပြီး လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်ကို ဆက်လက် ခေါ်ယူနေရခြင်း ဖြစ်ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွတ်တော် တတိယအကြိမ် အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလ ကပြောသည်။ " ပြီးတော့ လွှတ်တော်ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေ (building) မဟုတ်ပါဘူး။ နိုင်ငံရေးအဖွဲ့အစည်း (institution) ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစနစ် ရှင်သန်ဖို့ ပြည်သူတွေ ရွေးချယ်ထားတဲ့ လွှတ်တော်ရှိရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်နိုင်ဖို့၊…
Read More
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် အတိုင်ပင် ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေကို ယနေ့ ပြန်လည်ပြင်ဆင်ပြဌာန်းလိုက်ကြောင်း သိရသည်။ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း၊ဤဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က ထုတ်ပြန်ခဲ့သည်။ (more…)
Read More