ခမရ ၅၆၄

ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်သိမ်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော်သေဆုံး

ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်သိမ်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော်သေဆုံး

RNA_ဧပြီ(၆)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော် - AA မှ အပြီးသတ်သိမ်းပိုက်အပြီးတွင် စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ ရက္ခိုင့်တပ်တော် - AA မှ စစ်ကောင်စီ၏ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ဧပြီလ ၁ ရက်နေ့မှစတင်ထိုးစစ်ဆင်ခဲ့ပြီး (၅) ရက်အကြာ ဧပြီလ ၅ ရက်နေ့ နံနက် (၈) နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းတပ်ရင်းဌာနချုပ်သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ (၈၀) ကျော်သေဆုံးခဲ့ပြီး ရက္ခိုင့်တပ်တော်မှလည်း ပေးဆပ်စွန့်လွှတ်ခဲ့ရမှုများရှိကြောင်း၊ ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များအား ရက္ခိုင့်တပ်တော်၊ စစ်ရုံးချုပ်မှ လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်ဟု…
Read More