မြဝတီမြို့ တိုက်ပွဲဖြစ်ပွားမှု မြင်ကွင်း

RNA_ဧပြီ(၁၀)၊၂၀၂၄ခုနှစ်။

ကရင်ပြည်နယ်၊ မြဝတီမြို့အစွန်ရှိ စစ်ကောင်စီ၏ မြဝတီခြေလျင်တပ် ခလရ ၂၇၅ နှင့် တော်လှန်ရေးအင်အားစုများ ယနေ့နံနက်ပိုင်းကစတင်ပြီး နေ့လယ် ၁ နာရီဝန်းကျင်ထိ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြဝတီမြို့အစွန်ရှိ ရပ်ကွက်တချို့အတွင်း ကျရောက်ပေါက်ကွဲများမှုများရှိကြောင်း၊ မြဝတီမြို့ခံ ပြည်သူများသည်လည်း စစ်ဘေးရှောင်ရန်အတွက် ပြင်ဆင်ရွေ့ပြောင်းမှုများရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်မှာလည်း မြဝတီကို စစ်အင်အားဖြည့်ရန် ဖားအံဘက်မှ စစ်ယာဉ်တန်းများ ချီတက်လာကြောင်း၊ ကော့ကရိတ်ဝန်းကျင်တွင်လည်း တော်လှန်ရေးအင်အားစုများက ကော့ကရိတ်မြို့သိမ်းနိုင်ရေး ပစ်ခတ်မှုများရှိကြောင်း၊ မြဝတီမြို့ အဝင်အထွက် ( ကော့ကရိတ်သွားသည့်လမ်း) ပိုင်း၊ သင်္ဃန်းညီနောင်တွင်လည်း တော်လှန်ရေးအင်အားစုများ စိုးမိုးထားကြောင်း၊ မြဝတီ- ကော့ကရိတ် အာရှလမ်းမတွင်လည်း တော်လှန်ရေးအင်အားစုများက စိုးမိုးထားမှုများရှိကြောင်း သိရသည်။ ရုပ်သံရိုက်ကူး – မြဝတီဒေသခံ။

#RedNewsAgency #RNA #RedNews

By Editor