လူသတ်မှု

ကျောက်စိမ်းခိုးသည်ဟု စွပ်စွဲပြီး ရိုက်နှက်စဉ် လူသတ်မှုဖြစ်ပွားခဲ့

ကျောက်စိမ်းခိုးသည်ဟု စွပ်စွဲပြီး ရိုက်နှက်စဉ် လူသတ်မှုဖြစ်ပွားခဲ့

RNA_ဖားကန့်၊ ဧပြီ(၆)၊၂၀၂၄ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာ၊ မီးသတ်ရုံးဘေး၌ အထိုင်ချထားသည့် KNDPC ကုမ္ပဏီလုပ်ကွက်ဆိုဒ်ခွဲ၌ ကျောက်ခိုးသည်ဟုစွပ်စွဲပြီး ရိုက်နှက်စစ်ဆေးစဉ် လူသတ်မှုဖြစ်ပွားခဲ့သည့်အတွက် ယနေ့ နံနက်တွင် KNDPC ကုမ္ပဏီမှ ဝန်ထမ်းအများစုက လူသတ်မှုအတွက်ဖြေရှင်းပေရန် တောင်းဆိုခဲ့ကြသည်။   ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးသူမှာ ကိုအောင်တင်ထွေး (ခ) ဂွတိုဟု သိရပြီး ဧပြီ (၅) ရက်နေ့ နေ့လည်ပိုင်းက ညှင်းပန်းနှိပ်စက်မှု ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည့်အတွက် ဘဝတူ အလုပ်သမားများက သတ်ဖြတ်သူများကို အရေးယူပေးရန် ပြောဆိုခဲ့ကြသည်။   သေဆုံးသူ ဂွတိုအား ကုမ္ပဏီ၏ ကြေးစားလူမိုက်များက နှစ်ရက်ခန့် ရိုက်နှက်ခဲ့ပြီး သေဆုံးချိန်တွင် လက်လွန်သွားခဲ့ကြောင်း မိသားစုထံ…
Read More
ပန်းရံဆရာတဦး ကျောက်ခဲနှင့်ထုသတ်ခံရပြီး ပစ္စည်းများ လုယူခံရ 

ပန်းရံဆရာတဦး ကျောက်ခဲနှင့်ထုသတ်ခံရပြီး ပစ္စည်းများ လုယူခံရ 

RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။ ‌ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာအဝင်ဆိုင်းဘုတ်အနီး ထွန်းတောက်စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ယနေ့ နံနက်ပိုင်းက ပန်းရံဆရာတဦး ဦးခေါင်းကျော်ခဲတုံးနှင့် ထုသတ်ခံရပြီး ပစ္စည်းများ ယူသွားကြောင်း သိရသည်။ သေဆုံးသူမှာ ပန်းရံဆရာ မောင်ကြံ၊ အသက် (၄၂)နှစ်၊ ဆိုင်းရာရွာသစ်တွင်နေထိုင်သူဟုသိရပြီး၊ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကျပ်လေးသိန်း လုယူခံခဲ့ရကြောင်း သိရသည်။ ဖားကန့်၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု များပြားနေခြင်းနှင့်အတူ ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး အရေးယူဆောင်ရွက်ပေးမည့် အဖွဲ့အစည်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။ #RedNewsAgency
Read More