စစ်ကောင်စီတပ်သား ၃၀ ကျော် အလံဖြူထောင် လက်နက်ချသည့် နန့်ယား စစ်တပ်စခန်းကုန်းကို KIA/KPDF သိမ်းပိုက်

RNA_ဖားကန့်၊ ဧပြီ (၁၁)၊၂၀၂၄ ခုနှစ်။

ဖားကန့်မြို့နှင့် မိုးကောင်းမြို့သွား ကားလမ်းပါ်ရှိ နန့်ယားကျေးရွာတွင် အခိုင်အမာ တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၃၀) ကျော်အလံဖြူထောင်လက်နက်သည့်အတွက် KIA/KPDF ပူးပါင်းအဖွဲ့က ယနေ့ (ဧပြီလ ၁၁ ရက်) နံနက် (၆)နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့‌‌သည်။

ယနေ့နံနက် (၆) နာရီခန့်က စစ်သုံ့ပန်း (၃၀) ကျော် အလံဖြူထောင် လက်နက်ချအပြီး နန်ယားစခန်းကုန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်က အတည်ပြုသည်။

နန့်ယားကျေးရွာ မြင်ကွင်း

ဧပြီ (၉)ရက် နံနက်က နန့်ယားစစ်တပ်စခန်းကို KIA/KPDF က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်မှသာ  သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ််််််််ကြောင်း၊ နန့်ယားကျေးရွာသည် ဖားကန့်မြို့နှင့် မိုးကောင်းမြို့သွားကားလမ်း၏ ခရီးတစ်ထောက်နားရာ ကျေးရွာတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်က ရွာထိပ်တွင် အခိုင်အမာတပ်စွဲကာ ခရီးသွားပြည်သူများထံမှ ဂိတ်စခန်းဖွင့်ကာ ငွေညစ်နေခဲ့ခြင်းဖြစ်သည်။

KPDF ရဲဘော်များ

ဖားကန့်-မိုးကာင်းလမ်းပါ်မှ နန့်တိန်းစခန်းကို ဖေဖော်ဝါရီ (၂)ရက်ကသိမ်းပိုက်ထားနိုင်ပြီး ယခုအခါ နန့်ယားစခန်းအား KIA/KPDF ပူးပေါင်းအဖွဲ့က ထပ်မံ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။

Red News Agency

By Editor