ခလရ ၂၇၅

ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်သိမ်းပိုက်ပြီးနောက် အကြွင်းအကျန်များအား ဆက်လက်ရှင်းလင်းမည်

ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်သိမ်းပိုက်ပြီးနောက် အကြွင်းအကျန်များအား ဆက်လက်ရှင်းလင်းမည်

RNA_ဧပြီ(၁၁)၊၂၀၂၄ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိ သော အာဏာသိမ်းစစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ အကြွင်းအကျန်များအား ဆက်လက်ရှင်းလင်းမည်ဟု KNU က ကြေညာထားသည်။ "မြဝတီမြို့ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီအကျွင်းအကျန်များအား ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်အသိပေးအပ်သည်" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ (more…)
Read More