Tag: မြဝတီတိုက်ပွဲ

  • လူလည်လူမိုက် ရွေးလိုက်စမ်း.. “အကြိုက်”

    လူလည်လူမိုက် ရွေးလိုက်စမ်း.. “အကြိုက်”

    “တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း အချိန်မရွေး ပြန်သိမ်းလို့ရတယ်ဆိုတာ အားလုံးအသိဖြစ်သွားပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ တည်နေရာကိုထင်ထင်ရှားရှားသိလိုက်ရသလို ငွေလိမ်ဂိုဏ်းတွေကို ကာကွယ်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကိုလည်း ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်”
    ရန်နိုင်
    ကရင်ပြည်နယ်မှာ စစ်ကောင်စီကို အဓိကအထောက်အကူပေးပြီး အိမ်ကြက်ခြင်းအိုးမဲသုတ် ခွပ်ပေးနေတဲ့ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ပေးနေတာကတော့ ဗိုလ်မှူးစောချစ်သူဦးဆောင်တဲ့ BGF တပ်ရင်းတွေပဲ ဖြစ်တယ်။ အခြေအနေကို အခြေခံပြီးတော့ ဗိုလ်မှူးစောချစ်သူက မတ်လပထမအပတ်မှာ KNA အဖြစ်သီးခြားရပ်တည်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သင်္ကြန်တုန်းကတော ဖားအံမှာ BGF တွေက စစ်ကောင်စီတပ်နဲ့အတူ တွေ့ရှိကြရပါတယ်။
    မင်အောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်လက်အောက်က BGF (Border Guard Force) အဖြစ်ကနေ လစာမယူတော့ဘူးဆိုပြီး လက်မောင်း ဘက်တံဆိပ်တွေပြောင်းမယ်၊ ကရင်အမျိုးသားတပ်မတော် – Karen National Army -KNA အမည်ခံယူမယ်ဆိုတော့ ကရင်ချင်း သေနတ်ဖောက်စရာမလိုတော့တဲ့အတွက်နဲ့ တော်လှန်ရေး ပြည်သူတွေက အားဖြစ်ခဲ့ကြရတယ်။ မြေပြင်တော်လှန်ရေးတပ်ဖွဲ့များရဲ့ သတင်းစကားအရ ဗိုလ်ချုပ်စောချစ်သူက အရင်ကတည်းက တော်လှန်ရေးတပ်ဖွဲ့များအပေါ် အကူအညီပေးလေ့ရှိသူဖြစ်ကြောင်းသိရတယ်။
    စောချစ်သူက စစ်တပ်နဲ့ မပူးပေါင်းတော့ဘူးဆိုတဲ့နောက်မှာတော့ ပြည်သူတွေက ကော့ကရိတ်မြို့၊ မြဝတီမြို့တွေကို ရတော့မယ်ဆိုပြီး မျှော်လင့်မိခဲ့ကြတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ကော့ကရိတ်မြို့ကို ၆၀ ရာခိုင်နှုန်းလောက်ထိ ထိန်းချုပ်ထားနိုင်ပေမယ့် BGF အဖွဲ့တွေရှိတဲ့ မြဝတီမြို့ကတော့ တိုက်ပွဲသံသိပ်မကြားခဲ့ရပေ။ မတ်လ ၈ ရက်နေ့ မှာတော့ မြဝတီမြို့အနီးဆုံးစခန်းတွေဖြစ်တဲ့ ခမရ ၃၅၅၊ ၃၅၆ ကို သိမ်းပိုက်ထားနိုင်ပြီး သင်္ဃန်းညီနောင်ရဲစခန်းကိုလည်း သိမ်းဖို့ပြင်ဆင်လာခဲ့တယ်။ ဧပြီလ ၅ ရက်နေ့မှာတော့ သင်္ဃန်းညီနောင် ရဲစခန်းရော၊ ဗျူဟာကုန်းစခန်းရော သိမ်းပြီးတဲ့နောက်မှာတော့ မြဝတီမြို့ရဲ့ မြို့စောင့်တပ် ဖြစ်တဲ့ ခလရ ၂၇၅ ကို လက်နက်ချဖို့သတိပေးပြီး မြဝတီမြို့ကိုသိမ်းဖို့ KNU/KNLA ဦးဆောင်တဲ့ PDF မဟာမိတ်တပ်တွေက ချဉ်းကပ်လာခဲ့တယ်။
    တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီ မြို့စောင့်တပ်လဲ စောချစ်သူရဲ့ အကူအညီနဲ့ ထိုင်းဘက်ကိုပြေးဖို့ ကြိုးစားပေမယ့် ထိုင်းကအဝင်မခံတဲ့အတွက် Standard Army ကြီးက တံတားအောက်က ခွေးလေးတွေလို ခိုကပ်နေရတော့တယ်။ မြို့စောင့်တပ် မရှိတော့တဲ့နောက်မှာတော့ မြဝတီမြို့ကို KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့ပတ်လည်ကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။
    မြဝတီမြို့ကို ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီအတွက် နိုင်ငံရဲ့ကုန်သွယ်စီးပွားရေးလုပ်ငန်းတွေ အကြီးမားဆုံး ဆုံးရှုံးလိုက်ရခြင်း ဖြစ်တယ်။ အမှတ် (၂) တံတားမှာလည်း မြဝတီမြို့ကထွက်ပြေးနေရတဲ့ စစ်ကောင်စီလက်အောက်ခံတွေ ရောက်နေလို့ တံတားကိုလည်း ထိုင်းဘက်က ပိတ်ချလိုက်ပါတယ်။ တနိုင်ငံလုံးနယ်စပ်ဂိတ်တွေ ဆုံးရှုံးထားတဲ့ စစ်ကောင်စီအတွက် မြဝတီကုန်သွယ်ရေးဇုန် ဆုံးရှုံးလိုက်ခြင်းက အကြီးမားဆုံးထိုးနှက်ချက် တခုဖြစ်လာခဲ့တယ်။ မြဝတီမြို့ပြန်ရဖို့အတွက် ဒုတိယကာကွယ်ရေးဦးစီးချုပ် စိုးဝင်းကိုယ်တိုင် မော်လမြိုင်ထိဆင်းပြီး စစ်ကောင်စီလော်ဘီတွေ ပြောပုံအရ နိုင်ငံတော်အဆင့် “အောင်ဇေယျ” စစ်ဆင်ရေးကြီးကို အနီးကပ် ကြီးကြပ်ကိုင်တွယ်ခဲ့ရတယ်။

    (more…)

  • အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

    အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

    RNA_ဧပြီ(၂၁)၊၂၀၂၄ ခုနှစ်။

    စစ်ကောင်စီလက်အောက်ခံများနှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းမှစပြီး အပစ်ရပ်နေသော်လည်း မြဝတီဘက်ခြမ်းရှိ စစ်ဘေးရှေင်များမှာ အကူအညီလိုအပ်နေကြောင်း သိရသည်။

    “အခုမနက် မဲဆောက်ရောက်နေတဲ့ စစ်ဘေးရှောင်တွေသွားလှူကြတာ တော်တော်များတယ်။ မြဝတီဘက်ခြမ်းက သူတွေအတွက် ၁၂ ဂိတ်ဘက်မှာပေါ့ သူတို့ ထမင်းထုပ်တောင် နေ့လည်စာ မလောက်ဘူး ညစာတော့ ဘယ်လို လုပ်မလဲမသိဘူး။ ကမ်းနားဘက်မှာ ကပ်နေကြရတာတွေ့တယ်” ဟု စစ်ဘေးရှောင်များကို သွားလှူသူတဦးက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=ZD-ShuIncIM[/embedyt]

    မြဝတီအပစ်ရပ်နေပြီဖြစ်သည့်အတွက် မဲဆောက်ဘက်ခြမ်းရောက် ထိုင်းအစိုးရမှလက်ခံထားသူများ ပြန်လွှတ်နေပြီဟု ကြားသိရသော်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင်များထံ သတင်းသွားယူခွင့်ကို ထိုင်းစစ်တပ်လက်အောက်ခံများက သွားခွင့်မပြုကြောင်း၊ တံတား (၂) ဘက်တွင်လည်း ထိုင်းစစ်တပ်က လုံခြုံရေးတင်းကြပ်ထားသည်။

    #RedNewsAgency

  • မြဝတီမြို့ တိုက်ပွဲဖြစ်ပွားမှု မြင်ကွင်း

    RNA_ဧပြီ(၁၀)၊၂၀၂၄ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့အစွန်ရှိ စစ်ကောင်စီ၏ မြဝတီခြေလျင်တပ် ခလရ ၂၇၅ နှင့် တော်လှန်ရေးအင်အားစုများ ယနေ့နံနက်ပိုင်းကစတင်ပြီး နေ့လယ် ၁ နာရီဝန်းကျင်ထိ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

    စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြဝတီမြို့အစွန်ရှိ ရပ်ကွက်တချို့အတွင်း ကျရောက်ပေါက်ကွဲများမှုများရှိကြောင်း၊ မြဝတီမြို့ခံ ပြည်သူများသည်လည်း စစ်ဘေးရှောင်ရန်အတွက် ပြင်ဆင်ရွေ့ပြောင်းမှုများရှိကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=WsW_2lRGaLY[/embedyt]

    စစ်ကောင်စီတပ်မှာလည်း မြဝတီကို စစ်အင်အားဖြည့်ရန် ဖားအံဘက်မှ စစ်ယာဉ်တန်းများ ချီတက်လာကြောင်း၊ ကော့ကရိတ်ဝန်းကျင်တွင်လည်း တော်လှန်ရေးအင်အားစုများက ကော့ကရိတ်မြို့သိမ်းနိုင်ရေး ပစ်ခတ်မှုများရှိကြောင်း၊ မြဝတီမြို့ အဝင်အထွက် ( ကော့ကရိတ်သွားသည့်လမ်း) ပိုင်း၊ သင်္ဃန်းညီနောင်တွင်လည်း တော်လှန်ရေးအင်အားစုများ စိုးမိုးထားကြောင်း၊ မြဝတီ- ကော့ကရိတ် အာရှလမ်းမတွင်လည်း တော်လှန်ရေးအင်အားစုများက စိုးမိုးထားမှုများရှိကြောင်း သိရသည်။ ရုပ်သံရိုက်ကူး – မြဝတီဒေသခံ။

    #RedNewsAgency #RNA #RedNews

  • သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချစခန်းက အရာရှိ (၆၇)ဦးအပါအဝင် (၆၁၇)ဦး လက်နက်ချခဲ့

    သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချစခန်းက အရာရှိ (၆၇)ဦးအပါအဝင် (၆၁၇)ဦး လက်နက်ချခဲ့

    RNA_ဧပြီ(၆)၊၂၀၂၄ ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၆၇)၊ အခြားနှင့် တပ်သားအဆင့် (၄၁၀) ဦး စုစုပေါင်း (၆၁၇)ဦး လက်နက်ချအလင်းဝင်ခဲ့သည်ဟု KNU ဗဟိုက ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ၁၉၆၈ ခုနှစ်မှ အခြေချခဲ့သော စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းကို ဧပြီလ(၅)ရက်နေ့ နံနက် ၈ နာရီမှ စတက်တိုက်ခိုက်ရာ နေ့လယ် ၁ နာရီခန့်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။

    (more…)

  • မြဝတီကုန်သွယ်ရေးဇုန် ဝင်ရောက်ခဲ့သည့် စစ်ရေးမှတ်တမ်း 

    မြဝတီကုန်သွယ်ရေးဇုန် ဝင်ရောက်ခဲ့သည့် စစ်ရေးမှတ်တမ်း 

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့အဝင် ကုန်သွယ်ရေးဇုန်ကို မတ်လ ၂၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်း ရုပ်သံကို ယနေ့ ကော်ဘရာစစ်ကြောင်းမှ Cobra Ko Shine က ပြည်သူများကို အသိပေးထားသည်။

    “မြဝတီကုန်သွယ်ရေးဇုံကို ကျွန်တော်တို့ ဝင်ရောက်ခဲ့ပုံ မှတ်တမ်း၊ ဇော်မဲလုံးပြောသလို ကျွန်တော်တို့ မိုက်မိုက်ကန်းကန်းပါပဲ လူ ၂၀ ကျော်လေးနဲ့ ဝင်ပစ်တာ” ဟု ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=jE7MIb3liaE[/embedyt]

    (more…)