Tag: ပြည်သူ့တော်လှန်ရေးအင်အားစု၊

  • လာရှိုးတမြို့လုံး လက်လွှတ်ရလည်း ထိုင်ကြည့်ရုံနဲ့ လိမ်ညာတာပဲ တတ်နိုင်တဲ့ စစ်အုပ်စု

    လာရှိုးတမြို့လုံး လက်လွှတ်ရလည်း ထိုင်ကြည့်ရုံနဲ့ လိမ်ညာတာပဲ တတ်နိုင်တဲ့ စစ်အုပ်စု

    “မင်းအောင်လှိုင်စစ်တပ်ကတော့ တိုက်ပွဲကြားမှာတောင် လားရှိုးစစ်ဆေးရုံက လူနာတွေကို ကြားခံအသုံးချနေသလို၊ ဝါဒဖြန့်စရာ အဖြစ်နောက်ဆုံးပုံဖော်လာတာတွေ့ရတယ်။ တိုက်ပွဲမှာ သေဆုံးတဲ့စစ်သား အလောင်းတွေဆိုရင် လူမသိသူမသိသေကုန်လို့ တချို့ဆိုရင် အရိုးတောင်ကျနေတာတွေ့ရတယ်။ ဆက်ပြော ရရင် လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဦးဆောင်သူတိုင်းမှူးတွေကိုယ်တိုင်က ခေါင်းဆောင်မပီသတာ သွားတွေ့ရတယ်”
    မောင်ဝိ – Wiper
    လားရှိုးမြို့ကို ကိုးကန့်တပ်မတော်-MNDAA က သိမ်းပိုက်ပြီးနောက် အရာရှိကြီးအချို့ ဖမ်းဆီးခံရကြောင်း စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာဩဂုတ် ၄ ရက်က ဝန်ခံပြောကြားထားပါတယ်။ အရာရှိကြီးတွေကို ဩဂုတ် ၃ ရက် ည ၆ နာရီခွဲအထိ အဆက်အသွယ်ရရှိထားပေမယ့် အဲနောက်ပိုင်းအဆက်အသွယ် မရတော့ဘဲ ၎င်းတို့တွေကို တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
     
    ဒီနေရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသွားတဲ့အထဲ (ရမခ) မှာ ရှိတဲ့ အရာရှိ၊ စစ်သည်တွေအနေနဲ့ နောက်ဆုံးအချိန်ထိ ရွတ်ရွတ်ချွံချွံ ခုခံသွားကြောင်းနဲ့ ချီးကျူးဂုဏ်ယူကြောင်း ပြောကြားထားပါတယ်။ လားရှိုးတိုင်း စစ်ဌာနချုပ်ကြီး မကျဖို့ နောက်ဆုံးအချိန်ထိ ခုခံတယ်ဆိုတဲ့ စကားကိုတော့ လက်ခံပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းစစ်ဌာနချုပ်ထဲမှာ နောက်ဆုံးအချိန်ထိ အသေခံသွားတဲ့ ရုပ်အလောင်းတွေက သက်သေဖြစ်ပါတယ်။ ပြည်သူတယောက်အနေနဲ့တော့ မှားယွင်းတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေကြောင့် မလိုလားအပ်ပဲ အသက်ပေးလိုက်ရတယ်လို့ပဲ မြင်မိပါတယ်။

    (more…)

  • ပအဖ၊ လကဖ၊ ပလဖများ တာဝန်ယူမှု တာဝန်ခံမှုရှိရန် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်စသည့် လုပ်ငန်းစဉ်များအပါအဝင် (၃) ချက်ကို ဒုတိယအကြိမ် ပြည်သူ့ညီလာခံံ ဆုံးဖြတ်

    ပအဖ၊ လကဖ၊ ပလဖများ တာဝန်ယူမှု တာဝန်ခံမှုရှိရန် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်စသည့် လုပ်ငန်းစဉ်များအပါအဝင် (၃) ချက်ကို ဒုတိယအကြိမ် ပြည်သူ့ညီလာခံံ ဆုံးဖြတ်

    RNA_ဧပြီ(၉)၊၂၀၂၄ခုနှစ်။

    နွေဦးတော်လှန်ရေးကာလ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဌာန်းချက်များ နှင့်အညီ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ဦးဆောင်၍ ၅ ရက်တာအတွင်း ဆုံးဖြတ်ချက်များတွင် ပအဖ၊ လကဖ၊ ပလဖ တို့ တာဝန်ယူမှု တာဝန်ခံမှုရှိရန် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်အချက်အပါအဝင် (၃) ချက်ကို ဆုံးဖြတ်အတည်ပြုခဲ့သည်ဟု သိရသည်။

    “ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ မြေပြင် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများ (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများအကြား ဟန်ချက်ညီ လုပ်ဆောင်နိုင်သော ယန္တရားများအဖြစ် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်” ပြည်သူ့ညီလာခံမှ ဆုံးဖြတ်အတည်ပြုခဲ့သည်ဟု NUCC ကထုတ်ပြန်ထားသည်။
    (more…)

  • ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

    ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

    RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။
     
    ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့် အခမ်းအနားသို့ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့်၊ အခြေစိုက် မဟာမိတ် (၈) ဖွဲ့၏ ပေးပို့သည့်သဝဏ်လွှာတွင် ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှုနှင့် သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးအထူးသိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
     
    NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ မြောက်ပိုင်းညီနောင်မဟာမိတ်များ၊ နိုင်ငံရေးပါတီစသည့် အဖွဲ့အစည်းများက ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့်အတွက် သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

    (more…)