Tag: ဖက်ဒရယ်ယူနစ်
-

မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဒုဝန်ကြီးချုပ်အဖြစ် ဦးချစ်ဝင်းမောင် နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ဦးလက်ယာ တို့ကို အတည်ပြု
RNA_မတ်(၁၃)၊၂၀၂၆ခုနှစ်။မကွေးတိုင်း၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် အဖြစ် ဦးချစ်ဝင်းမောင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးလက်ယာ(ခ) ဖိုးကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ထွန်းစသည့် ဝန်ကြီးများကို မတ်လ ၁၂ ရက်နေ့က အတည်ပြု ခန့်အပ်ခဲ့ကြောင်း သိရသည်။ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်မှ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံဆိုင်ရာဥပဒေ ပုဒ်မ ၆၂ အရတင်သွင်းလာသော ဒုတိယဝန်ကြီးချုပ်လောင်းနှင့် ဝန်ကြီးလောင်းများ၊ အစီအမံဆိုင်ရာဥပဒေပုဒ်မ ၇၇ အရ ရှေ့နေချုပ်လောင်းအမည်စာရင်းကို အစီအမံဆိုင်ရာဥပဒေ ၆၃ အရ လွှတ်တော် ဥက္ကဋ္ဌကလွှတ်တော် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်၏ သဘောထားရယူကာ ကန့်ကွက်သူမရှိ ထောက်ခံကြပါသဖြင့် အတည်ပြုနိုင်ခဲ့သည်ဟု မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ထားသည်။ -

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးများ အတည်ပြုခန့်အပ်
RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖြစ် ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ပညာရေး ကျန်းမာရေးအပါအဝင် ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးဌာန (၁၁) ခုအတွက် ဝန်ကြီးများကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ အတည်ပြုခန့်အပ်လိုက်ကြောင်း ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) တွင် ထုတ်ပြန်ကြေညာလိုက်သည်။
-

ပအဖ၊ လကဖ၊ ပလဖများ တာဝန်ယူမှု တာဝန်ခံမှုရှိရန် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်စသည့် လုပ်ငန်းစဉ်များအပါအဝင် (၃) ချက်ကို ဒုတိယအကြိမ် ပြည်သူ့ညီလာခံံ ဆုံးဖြတ်
RNA_ဧပြီ(၉)၊၂၀၂၄ခုနှစ်။
နွေဦးတော်လှန်ရေးကာလ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဌာန်းချက်များ နှင့်အညီ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ဦးဆောင်၍ ၅ ရက်တာအတွင်း ဆုံးဖြတ်ချက်များတွင် ပအဖ၊ လကဖ၊ ပလဖ တို့ တာဝန်ယူမှု တာဝန်ခံမှုရှိရန် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်အချက်အပါအဝင် (၃) ချက်ကို ဆုံးဖြတ်အတည်ပြုခဲ့သည်ဟု သိရသည်။
“ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ မြေပြင် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများ (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများအကြား ဟန်ချက်ညီ လုပ်ဆောင်နိုင်သော ယန္တရားများအဖြစ် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်” ပြည်သူ့ညီလာခံမှ ဆုံးဖြတ်အတည်ပြုခဲ့သည်ဟု NUCC ကထုတ်ပြန်ထားသည်။
(more…) -

စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် KNU မျှော်လင့်
RNA_မေ(၃၀)၊၂၀၂၃ ခုနှစ်။
ယနေ့ အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်သည့် “စစ်ကိုင်းဖိုရမ်” သို့ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်မှ ပေးပို့သည့်သဝဏ်လွှာတွင် ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားထားသည်။

“နွေဦးတော်လှန်ရေး၏ ပထမဆုံးသောလက်နက်ကိုင်တော်လှန်ရေးစတင်ရာဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကို ဦးဆောင်သောခေါင်းဆောင်များ၏ နိုင်ငံရေးရည်မှန်း ချက်ခိုင်မာမှု၊ အမျှော်အမြင် ရှိမှုနှင့်အတူ မိမိကြမ္မာ မိမိဖန်တည်းခွင့်ကို ကျင့်သုံးပြီး မတူကွဲပြားမှုများကို အင်အားအဖြစ်စုစည်းကာ ဤဖိုရမ်အပါအဝင် ညှိနှိုင်းဆွေးနွေးမှုအဆင့်ဆင့်ဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက်ကိုလည်းတိုက်တွန်းပါကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန်ကိုလည်း KNU က မျှော်လင့်ပါကြောင်း မိမိတို့၏သဘောထားကို ဖော်ပြအပ်ပါသည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။