19
Apr
RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦး-မုံရွာရထားသံလမ်းဘေးရှိ မြကန်ကျေးရွာအတွင်းသို့ ယနေ့ နံနက် (၆) နာရီဝန်းကျင်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် (၅) ဦးကျဆုံးပြီး၊ ပြည်သူ (၅) ဦးဖမ်းဆီးခံရကာ ဒေသခံ ပြည်သူ အများအပြား စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။ "မြကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဒေသခံကာကွယ်ရေးများနှင့် အပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကာ မိုင်းခွဲ၍ ပြန်အဆုတ်တွင် ပိတ်မိကာ ကာကွယ်ရေးရဲဘော်များဖြစ်သော ( ၁) ရဲဘော်တရုတ်ကြီး(၂)ရဲဘော်မိုးဟိန်း(၃)ရဲဘောဖိုးကျော် (၄) ရဲဘော်ကိုနောင် (၅) ရဲဘော်ကျော်နိုင်တို့ ကျဆုံးခဲ့ရသလို ဒေသခံ အမျိုးသားပြည်သူ (၅) ဦး…