စစ်ကောင်စီတပ် ရေတံလျောက်စခန်းကို ဘယ်လိုသိမ်းခဲ့လဲ

RNA_အောက်တိုဘာ(၆)၊၂၀၂၃ ခုနှစ်။
 
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် တနေရာက စစ်ကောင်စီတပ် ရေတံလျောက်စခန်းသိမ်းတိုက်ပွဲ အခြေအနေများနှင့် ပတ်သက်ပြီး Special Operation Group မှ Ayeyarwaddy Force တပ်စုမှ တပ်စုမှူး ရဲဘော် JP က ပြောကြားထားသည်။
 
KNLA – ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၈)၊ Special Operation Group(SOG) ပူးပေါင်းတပ်ဖွဲ့- Ayeyarwaddy Force တပ်စု- Dawna Phoenix Drone Team နှင့် Tiger Dragon Revolution Force တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ရေတံလျောက်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
 
ရေတံလျောက်စခန်းမှ MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-3 (၁) လက်၊ MA-4 ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက် နှင့် ငါးကြင်းမြီး စက်လတ် (၁) လက် တို့ဖြစ်ပြီး ခဲယမ်း ကျည်ဆံနှင့် အခြားပစ္စည်းများမှာ RPG-7 ကျည် (၇၀) လုံး၊ 81 mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နှင့် Compass (၂) လုံးတို့ကို တော်လှန်ရေးအင်အားစုများက သိမ်းဆည်းရမိခဲ့သည်။
 
#RedNewsAgency
By Editor