Tag: လူငယ်
-

စစ်သုံးစစ်တိုက်ဖျက်ရေးနှိုးဆော်ထားတဲ့ တော်လှန်လူငယ်တွေ့ဆုံပွဲ
RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ခုနှစ်။စစ်အာဏာရှင်အမြစ်ပြတ်ရန်အတွက် စစ်သုံးစစ်တိုက်ဖျက်ရေးနှိုးဆော်မှုများစသည်တို့ကို ပြုလုပ်ခဲ့သော နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲဖြစ်သည်။ -

ယနေ့အတွက် Red News Agencyမှ တင်ဆက်ထားသော သတင်းများ
RNA_ဖေဖော်ဝါရီ(၄)၊၂၀၂၅ခုနှစ်။ယနေ့ ပြောပြချင်သည့် သတင်းတွေကတော့ စစ်ကောင်စီဂိတ်စခန်းတခု တိုက်ခိုက်ခံခဲ့ရပြီး (၅) သေဆုံးခဲ့တဲ့သတင်း၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေတိုက်ခိုက်ပြီး မီးရှို့နိုင်ခဲ့တဲ့သတင်း၊ NUG ပညာရေး ဒုဝန်ကြီး မြေပြင်ဆင်းပြီး ဒေသခံများနှင့် တွေ့ဆုံသည့်သတင်း၊ နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲသတင်းနှင့် မင်းတုန်းမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်သည့် သတင်းများဖြစ်ပါတယ်။Red News Agency -

တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီ
RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီး အညာလူထုတစ်ရပ်လုံး အားသွန်ခွန်စိုက်ပါဝင်နေကြောင်း၊ ယုံကြည်ချက်တစ်ခုတည်းဖြင့် ပန်းတိုင်ကို လျှောက်လှမ်းနေသည့်အတွက် ပန်းတိုင်ကိုရောက်မည်ဟု ယုံကြည်ကြောင်း စသဖြင့် ရဲဘော်လွင်ဂူးက ပြောပြထားသည်။[embedyt] https://www.youtube.com/watch?v=1XQfnnelQxk[/embedyt]Red News Agency -

တိုင်းပြည်က လိုအပ်လာတဲ့အခါ လူငယ်တွေက ရှေ့ဆုံးမှာ
“ငါတို့နဲ့ စစ်တပ်ကကောင်တွေနဲ့က မီတာတစ်ရာလောက်ပဲဝေးတာ တချို့နေရာတွေဆိုလှမ်းတောင်မြင်ရတယ်.. ဒါပေမဲ့ ဒီကောင်တွေတက်မလာရဲတော့ဘူး..တခါတလေဆေးကြောင်ပြီး ကျွံလာတဲ့ကောင်တွေတော့ရှိတယ်..အဲ့လိုကောင်မျိုးဆိုရင်တော့ ဖမ်းထားလိုက်တာပဲကွာ.. အာဏာရှင်ကို တော်လှန်နေတာတော့ဟုတ်တယ် အတက်နိုင်ဆုံးတော့ လူမသတ်ခြင်ဘူး ယဖရာ..ဆိုပြီး ပြောသွားခဲ့ပါတယ်…”
ချမ်းမင်း – Wiper
“တော်လှန်ရေး” ဒီစကားအသုံးအနှုန်းဟာ ကျွန်တော်တို့မျိုးဆက်အတွက် မစိမ်းလှတဲ့ စကားအသုံးအနှုန်းဖြစ်ပေမဲ့လည်း တကယ့်တကယ် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့လာရတဲ့အချိန်မှာတော့ အခက်အခဲတွေ၊ ပင်ပန်းမှုတွေများစွာနဲ့ ကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်။ အထူးသဖြင့် ၈၈ လူထုအရေးတော်ပုံနဲ့ ၇၃/၇၄ ကျောင်းသားသပိတ်နဲ့ အလုပ်သမားအရေးအခင်းတွေအကြောင်း စာအုပ်တွေထဲမှာ လူကြီးတွေ ပြန်ပြောပြတဲ့အကြောင်းအရာတွေထဲမှာလောက်တော့ သိရှိခဲ့ဖူးခဲ့ပေမဲ့လည်း တကယ့်တကယ် ကိုယ်တွေမျိုးဆက်လက်ထက်မှာခုလိုဖြစ်လာကြတော့ မျိုးဆက်သစ်လူငယ်တွေဟာ တကယ့်ကို ကိုယ်ကျိုးစွန့်ပြီး စစ်အာဏာသိမ်းမှုကို ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်ခဲ့ကြတာကို ကိုယ်တွေပတ်ဝန်းကျင်မှာကော၊ နီးစပ်ရာအသိုင်းအဝိုင်းတွေမှာပါ မြင်တွေ့ခဲ့ရတယ်။
ပြီးခဲ့တဲ့ နှစ်ရက်လောက်က အညာဘက်ကို ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ VC ပြောနေရင်း ကိုယ့်ဟာကိုယ်တွေးမိပါတယ်။ အဆိုပါသူငယ်ချင်းဟာ မန္တလာတက္ကသိုလ်ကနေ မြန်မာစာနဲ့ဘွဲ့ရပြီး ကိုယ့်မြို့မှာ Street Food လေးတွေ စမ်းသပ်ရောင်းရင်း ဘဝကိုစတင်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာ အာဏာသိမ်းမှုတွေဖြစ်သွားခဲ့တယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာလည်း ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်ပွဲတွေမှာ သူနဲ့မကြာခဏဆုံခဲ့ပြီး နောက်ဆုံး သင်္ကြန်အပြီးမှာ သူမြို့ကနေပျောက်သွားခဲ့ပါတယ်။ အဲ့တုန်းက စစ်တပ်အနေဖြင့် ဆန္ဒပြပွဲမှာပါတဲ့လူငယ်တွေ၊ ကျောင်းသားတွေနဲ့နိုင်ငံရေး သမားတွေကို အိမ်တွေရပ်ကွက်တွေထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေပြုလုပ်နေတဲ့ကာလဖြစ်တာကြောင့် ထိုသူငယ်ချင်းအနေဖြင့် ခေတ္တရှောင်တိမ်းနေတာဖြစ်မယ်လို့ အစောပိုင်းက တွေးထင်မိပါသေးတယ်။
အခုနောက်ပိုင်း သူ့သတင်းတွေကို တဖြည်းဖြည်းနဲ့ ပြန်ကြားလာရတဲ့အချိန်မှာတော့ ကျွန်တော်ထင်သလို ခေတ္တရှောင်တိမ်းသွားတာမျိုးမဟုတ်ဘဲ ဆန္ဒပြရုံ၊ သပိတ်မှောက်ရုံနဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်လို့မရကြောင်း သေချာတာမို့ သူတို့ကျောင်းက သူငယ်ချင်းတွေစုပြီး ကချင်ပြည်နယ် လိုင်ဇာမြို့မှာ သင်တန်းသွားတက်တာဖြစ်ကြောင်း ပြန်သိခဲ့ရတယ်။ ထိုအချိန်က စစ်တပ်အနေဖြင့် အင်တာနက်နဲ့ FB ကို အဓိကဖြတ်တောက်ထားတဲ့ကာလဖြစ်တဲ့အပြင် သူကိုယ်တိုင်လည်း စစ်သင်တန်းတက်နေတာကြောင့် အဆက်အသွယ်သိပ်တော့မရခဲ့ပါဘူး။ တစ်ခါတစ်လေ လိုင်းပေါ်တက်လာရင် သူအဆင်ပြေကြောင်း၊ အခုဆို လက်ဖြောင့်သင်တန်းပါ ဆက်တက်နေကြောင်း သင်တန်းမှာ ထူးချွန်ဆုရတာကြောင့် မြေပြင်ကိုမဆင်းရသေးဘဲ မွမ်းမံသင်တန်းတွေဆက်တက်နေရကြောင်းတွေ ပြောပြလေ့ရှိပါတယ်။
-

လူငယ်နဲ့ စစ်မှုထမ်းဥပဒေ
“အစားကျွေး အနားပေးပြီးရင် ရေတိုက်အသေရိုက်” တယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စစ်အခြေခံလေ့ကျင့်ရေးတပ်တွေကို မကြာခင် အဓမ္မပို့တော့မှာဖြစ်တယ် ……….
မောင်ဝိ
စစ်မှုထမ်း ဥပဒေအသက်သွင်းခဲ့တဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကာလအတွင်းပိုင်းကတည်းက ကြိုတင်စီမံထားခဲ့တာ ဖြစ်တယ်။ ထိုအချိန်ကတည်းက နိုင်ငံသားအားလုံး စစ်မှုထမ်းရမည့် အမျိုးသားစစ်မှုထမ်းဥပဒေကို မဖြစ်မနေလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ထုတ်ပြောခဲ့တာဖြစ်ပြီး၊ ပြောဆိုချက်ထဲမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရန် တာဝန်ရှိကာ အမျိုးသား စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်း ၂ နှစ်တန်၊ ၃ နှစ်တန် အခြေအနေပေါ်မူတည်ပြီး စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေ မကျင့်သုံးရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့ တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်းဥပဒေကို ကျွန်တော်တို့ မကျင့်သုံးရတာဟာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိနေလို့ ကျွန်တော်တို့ လုပ်လို့မရဘူး။ စီးပွားရေးအားမကောင်းရင်လည်း ပိုက်ဆံမရှိလို့ မျက်နှာငယ်ရတယ်။ နိုင်ငံရေး အားမကောင်းတဲ့အခါကျတော့ သူများတွေ ကျွန်တော်တို့ကို ပြဿနာမျိုးစုံရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအားမကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်လိမ့်မယ်” လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်တယ်။

လက်ရှိမှာလည်း စစ်ကောင်စီအနေနဲ့ တစ်နှစ်ကို လူဦးရေ ၂၀၀ တွင် ၁ ယောက်သာ တပ်ထဲဝင်ရမယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။ ဒါ့အပြင် Non-CDM ဝန်ထမ်းတွေနဲ့ စတင်ပြီး စစ်မှုထမ်းဖို့အကောင်အထည်ဖော်နေတာတွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်ကောင်စီမှ စစ်မှုမထမ်းမနေရ ကြေညာပြီး၊ တိုင်းနဲ့ပြည်နယ်များမှာ ပေါ်တာဆွဲခံရမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွါးခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း စစ်တပ်ကပေါ်တာဆွဲလို့ ဖမ်းဆီးခံရတဲ့ လူငယ် ၃၀၂ ဦးရှိလာကြောင်းနဲ့ လူငယ်တွေကိုလည်း တပ်သားသစ် စုဆောင်းမှုအဖြစ် ခေါ်ယူသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ -

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်သည့်အတွက် PDF တပ်ဖွဲ့များထံ ဝင်ရောက်ရန် ဆက်သွယ်မှုများလာ
RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၄ခုနှစ်။
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက တပ်တွင်း အင်အားရှားပါးမှုကြုံနေရသည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်း အတည်ပြုလိုက်သည့်အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ပြီး ဝင်ရောက်လိုသူ များပြားလာကြောင်း သိရသည်။
“ အခု ကျနော်တို့ကိုဆက်သွယ်လာတာတွေ တော်တော်ကိုများပါတယ်။ မိဘတွေလည်းအကုန်စိတ်ပူနေကြပြီလေ ထွက်ပေါက်ကလည်း ရှားပါးနေတယ်လေ။ စခတွေလက်ထဲရောက်သွားရင်တော့ ပြန်လမ်းကမရှိဖြစ်ပြီ။ အဖွဲ့အစည်းတွေလည်းခေါ်တာတွေ များလာပါပြီ အခုတော့ အခြေအနေက မြို့ပြပြည်သူတွေအတွက် ဆိုးနေပြီ” ဟု မကွေးတိုင်းအတွင်းမှ PDF ရဲဘော်တဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့မှုထမ်းဥပဒေအသက်သွင်းပြီး လက်တွေ့လုပ်ဆောင်တော့မည်ဖြစ်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တရားဝင် သဘောထားမှတ်ချက်နှင့် လုပ်ဆောင်ရမည့် ညွှန်ကြားချက်များ ယနေ့ နံနက်ပိုင်းအထိ ထွက်မလာသေးသည့်အတွက် ဒေသတွင်း PDF တပ်ဖွဲ့များနေဖြင့် လူသစ်လက်ခံဖို့ အခက်အခဲများရှိနေကြောင်း၊ အခြားသော NUG MOD လက်အောက်ခံမဟုတ်သည့် တော်လှန်ရေးတပ်အဖွဲ့များက လူစစ်စုဆောင်းမှုများရှိနေပြီး ယခုရက်ပိုင်းအတွင်း တပ်ဖွဲ့ဝင်အသစ်များ ခေါ်ယူနေကြောင်း သိရသည်။
-

“လူငယ်တွေရဲ့ တောင်းဆိုချက် အကြံပြုချက်က တော်လှန်ရေး အရွေ့အတွက်ဖြစ်တယ်”
RNA_ဇန်နဝါရီ(၁)၊၂၀၂၄ခုနှစ်။
NUCC၊ NUG၊ CRPH စသည့် တော်လှန်ရေးဦးဆောင်အဖွဲ့များထံ လူငယ်များ၏ တောင်းဆိုချက်၊ အကြံပြုချက်များသည် တော်လှန်ရေး အရွေ့အတွက်ဖြစ်ကြောင်း တော်လှန်လူငယ်မျိုးဆက် တွေ့ဆုံပွဲ ပြောရေးဆိုခွင့် ရွေးချယ်ခံရသူ ကိုနေမွန်က ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောသည်။
လက်ရှိတော်လှန်ရေးတွင် ညီညွတ်ရေးနှင့် ပိုမိုအားကောင်းစွာ တိုက်ပွဲဝင်နိုင်ရေးကို ရှေးရှုပြီး နယ်ပယ် ၁၃ ခုမှ လူငယ် ရဲဘော် ၈၀ ကျော်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ မှ ၂၉ ရက်နေ့အထိ ၃ ရက်တာ အွန်လိုင်းနှင့် မြေပြင်ပေါင်းဆုံပြီး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။
[embedyt] https://www.youtube.com/watch?v=6iJT80DIbJk[/embedyt]
တော်လှန်လူငယ်မျိုးဆက် တွေ့ဆုံဆွေးနွေးပွဲမှ နွေဦးတော်လှန်ရေးတွင် ဦးဆောင်နေကြသည့် အဖွဲ့အစည်းများထံ ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ မှာ တိုက်တွန်းအကြံပြုချက်များကို ပေးပို့ထားကြောင်း သိရသည်။
Red News Agency
-

မကွေးလူငယ်ဖွံ့ဖြိုးရေးပွဲတော်တွင် တိုင်းရင်းသားအကများ၊ ရုပ်သေးကြိုးဆွဲအကများ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကျင်းပ
ဒီလှိုင်း။ မကွေး၊ ဒီဇင်ဘာ ၁၆ ရက်။
မကွေးတက္ကသိုလ်လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်အားဒီဇင်ဘာလ၁၆ရက်တွင်တိုင်းရင်းသားအကများ၊ရုပ်သေးကြိုးဆွဲအကများ၊ဖျော်ဖြေရေးအစီအစဉ်များဖြင့်စည်ကားသိုက်မြိုက်များစွာကျင်းပခဲ့ပြီး၊ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်အတွင်းရှိပြပွဲအားလှည့်လည်ကြည့်ရှု့ခဲ့သည်။[embedyt] https://www.youtube.com/watch?v=FoaGsQnNYTg[/embedyt]Red News Agency