အထူးစစ်ဆင်ရေးတပ်ဖွဲ့က (၇၆)နှစ်​မြောက် အာဇာနည်နေ့အလေးပြုအခမ်းအနားပြုလုပ်

RNA_ဇူလိုင်(၁၉)၊၂၀၂၃ ခုနှစ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၏ ရှေ့တန်းစစ်ကြောင်းများနှင့် တပ်ခွဲများတွင် တပြိုင်တည်း ယနေ့ နံနက် ၇ နာရီက (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။



ယနေ့ ကျရောက်သည့် အာဇာနည်နေ့အခမ်းအနားပြုလုပ်ခဲ့ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အားအလေးပြုခြင်း၊ ကျဆုံးခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ ကျဆုံးခဲ့ကြသော အာဇာနည်ရဲဘော်များအား အလေးပြုခြင်းနှင့် တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးမှုးရဲဘော်စောရှားပေးပို့သောအာဇာနည်နေ့သဝဏ်လွှာအားဖတ်ကြားခဲ့ခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

(၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း တပ်ဖွဲ့အသီးသီးတွင်ပြုလုပ်ခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများအပြင် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသည့် အာဇာနည်များအားလုံးကို အောင့်မေ့သတိရခြင်းနှင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်များ၊ အလေးပြုအခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။

#RedNewsAgency

By Editor