29
Mar
RNA_မတ်(၂၉)၊၂၀၂၅ ခုနှစ်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် စစ်ကောင်စီ၏ တပ်မ ၃၃ အထိုင်ချတပ်စွဲပြီး စိုးမိုးနယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူများကို ၂၄ နာရီအကျော်အထိ အကူအညီများပေးနိုင်ခြင်း (ကယ်ဆယ်ရေးလုပ်ငန်းများ) မရှိသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် အပျက်အစီးများသော်လည်း စက်ယန္တရားများဖြင့်သာလုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ယနေ့ညနေပိုင်းအထိ ပိတ်မိနေသူ အများအပြားကို မကယ်ထုတ်နိုင်သေးကြောင်း၊ စစ်ကိုင်းမြို့တွင် သာသနိကအဆောက်အအုံများတွင်လည်းပျက်စီးမှုရှိပြီး ဒေသခံများအကြား ပြောကြားနေမှုတွင် သေဆုံးသူ ၃၀၀ ခန့်ရှိပြီး အရေအတွက်ထပ်တိုးနေသည်ဟု သိရသည်။ (more…)