Tag: Myanmar

  • တကယ်ရော တန်ရဲ့လား..?

    တကယ်ရော တန်ရဲ့လား..?

    “NUG က ပြည်သူတွေရဲ့ထောက်ပံ့ကူညီတဲ့ ဘဏ္ဍာငွေတွေနဲ့ နိုင်ငံတကာမှာ တရားဝင်ဖြစ်ဖို့၊ အကူအညီတွေရဖို့ကြိုးစားနေပေမယ့် ထိထိရောက်ရောက် အကျိုးမြတ်ရှိရဲ့လား ဆိုတာစဉ်းစားစရာပါ။ အထူးစဉ်းစားရမှာကတော့ တည်တည်ငြိမ်ငြိမ်ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေ မရှိသေးပဲ နိုင်ငံတကာအသိအမှတ်ပြုဖို့အရေးကို ကြိုးစားနေတာက လက်တွေ့ဆန်မှုရှိရဲ့လား”

    ရန်နိုင်

    NUG က အနောက်နိုင်ငံက PR (Public Relations) ကုမ္ပဏီတွေနဲ့ အကြံပေးတွေကို ငွေကြေးအမြောက်များပေးပြီး အသုံးပြုနေတယ်လို့ Asia Times ရဲ့ ဆောင်းပါးရှင် David Scott Mathieson က FARA မှတ်တမ်းတွေကို အကိုးအကားပြုပြီး “A history of high-paid Western grifters in Myanmar” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဝေဖန်ထားတဲ့‌ ဆောင်းပါးရှိပါတယ်။

    FARA ဆိုတာက နိုင်ငံခြားတိုင်းပြည်ရဲ့ အစိုးရ၊ နိုင်ငံရေးအဖွဲ့အစည်းတွေအတွက် အလုပ်လုပ်ပေးနေတဲ့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ အဖြစ်မနေ မှတ်ပုံတင်ပေးရတဲ့ အမေရိကန်ရဲ့ဌာနတစ်ခုပါ။ NUG အတွက် အလုပ်လုပ်ပေးနေတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် Bivings Group ဖြစ်စေ တခြားလော်ဘီအဖွဲ့တွေဖြစ်စေ FARA ဌာနမှာမှတ်တမ်းတွေ ပေးထားရပါတယ်။

    မှတ်တမ်းတွေအရ NUG က အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာ (တစ်ခါတရံ တစ်လကို ဒေါ်လာသောင်းချီ) ကို အဲ့ဒီ PR လုပ်ငန်းတွေအတွက် သုံးစွဲနေတယ်လို့ ဖော်ပြထားပါတယ်။ဆောင်းပါးရှင်ကတော့ NUG ကို PR လုပ်ပေးနေတဲ့ လော်ဘီအဖွဲ့တွေကို “Grifters” (လူလိမ်လူညာတွေ) လို့ဝေဖန်ထားပါတယ်။ ဒီအဖွဲ့တွေက မြန်မာ့အရေးကို ကောင်းကောင်းနားမလည်ဘဲ အပေါ်ယံ အကြံပေးချက်တွေနဲ့ NUG ဆီကနေ လစာငွေ အမြောက်အမြား ရယူနေကြတယ်လို့ ဆိုထားပါတယ်။

    (more…)

  • “ရောင်နီ Maryland” ပွဲအတွက် လက်မှတ်ရောင်းရငွေများထဲမှ ကနဦး သိန်း ၁၂၀၀ ကို ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်း

    “ရောင်နီ Maryland” ပွဲအတွက် လက်မှတ်ရောင်းရငွေများထဲမှ ကနဦး သိန်း ၁၂၀၀ ကို ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်း

    RNA_ဧပြီ(၂)၊၂၀၂၅ခုနှစ်။

    အမေရိကန်နိုင်၊ Maryland State မှာ ပထမဆုံး ဖျော်ဖြေပွဲအဖြစ် ပြုလုပ်သွားမည့် လင်းလင်းနှင့် ချစ်သုဝေတို့၏ “ရောင်နီ Maryland” ဖျော်ဖြေပွဲ မကျင်းပမီ လက်မှတ်ရောင်းရငွေများထဲမှ မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကနဦးလှူဒါန်းငွေအဖြစ် ကျန်သိန်း ၁၂၀၀ ကျော်ကို စတင်ပေးပို့နေပြီဖြစ်ကြောင်း Maryland Music Concert ကအသိပေးထားသည်။

    လင်းလင်းနှင့် ချစ်သုဝေတို့၏ “ရောင်နီ Live in Maryland 2025” ပွဲကြီးကို ဧပြီလ ၁၂ ရက်နေ့မှာ ကျင်းပမည်ဖြစ်ကြောင်း၊ ဖျော်ဖြေပွဲမကျင်းပမီ ငလျင်ဒဏ်သင့်ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်အတွက် စတင်ပို့ဆောင်နေပြီဖြစ်သည့်အတွက် ပွဲလက်မှတ်ဝယ်ယူအားပေးထားသူတိုင်း၏ အလှူဖြစ်သည်ဟု အသိပေးမှုတွင် ဖော်ပြထားသည်။

    (more…)

  • ရှေးဟောင်းတိုက်ကျောင်း ပြိုကျမှုအတွင်း ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရ

    ရှေးဟောင်းတိုက်ကျောင်း ပြိုကျမှုအတွင်း ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရ

    RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ကြောင့် ပြိုကျပျက်စီးမှုအတွင်း ပိတ်မိပြီး ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရပါသည်ဟု ဧပြီလ ၁ ရက်နေ့မှာ အရှင်အာစိဏ္ဏက အသိပေးထားသည်။
    (more…)

  • စစ်ကိုင်း ငလျင်ဘေးခံစားရသူများကို ယနေ့ညနေအထိ ကယ်ဆယ်မှု မပြုလုပ်နိုင်သေး

    စစ်ကိုင်း ငလျင်ဘေးခံစားရသူများကို ယနေ့ညနေအထိ ကယ်ဆယ်မှု မပြုလုပ်နိုင်သေး

    RNA_မတ်(၂၉)၊၂၀၂၅ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် စစ်ကောင်စီ၏ တပ်မ ၃၃ အထိုင်ချတပ်စွဲပြီး စိုးမိုးနယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူများကို ၂၄ နာရီအကျော်အထိ အကူအညီများပေးနိုင်ခြင်း (ကယ်ဆယ်ရေးလုပ်ငန်းများ) မရှိသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

    စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် အပျက်အစီးများသော်လည်း စက်ယန္တရားများဖြင့်သာလုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ယနေ့ညနေပိုင်းအထိ ပိတ်မိနေသူ အများအပြားကို မကယ်ထုတ်နိုင်သေးကြောင်း၊ စစ်ကိုင်းမြို့တွင် သာသနိကအဆောက်အအုံများတွင်လည်းပျက်စီးမှုရှိပြီး ဒေသခံများအကြား ပြောကြားနေမှုတွင် သေဆုံးသူ ၃၀၀ ခန့်ရှိပြီး အရေအတွက်ထပ်တိုးနေသည်ဟု သိရသည်။

    (more…)

  • တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရသော သတင်းနှင့် ထူးခြားသတင်းများ

    တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရသော သတင်းနှင့် ထူးခြားသတင်းများ

    ဒီကနေ့ ပြောပြချင်တဲ့ သတင်းတွေကတော့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရတဲ့ သတင်း၊ ကျားဖြန့်လုပ်ငန်းတွေ ထွက်ခွါသွားကြဖို့ DKBA အမိန့်ထုတ်လိုက်တဲ့သတင်း၊ သစ်ရွက်တွေ၊ ပန်းအစစ်တွေနဲ့ ပုံပေါ်ထားတဲ့ “တော်လှန်ရေး လှေခါးထစ်များ” အနုပညာပြပွဲသတင်းနဲ့ အခြားစိတ်ဝင်စားဖွယ်သတင်းများကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

    #rednews #rednewsagency #rna #myanmar #revolution

  • အမျိုးသမီးတွေဦးဆောင်ပြီး ရုန်းကန်နေရသော အညာက မိသားစုများ

    အမျိုးသမီးတွေဦးဆောင်ပြီး ရုန်းကန်နေရသော အညာက မိသားစုများ

    RNA_စက်တင်ဘာ(၁၅)၊၂၀၂၄ ခုနှစ်။
     
    အညာဒေသမှာ အမျိုးသားတွေက လက်နက်ကိုင်တိုက်ပွဲဝင်နေရသည့်အတွက် အမျိုးသမီးတွေ ဦးဆောင်ပြီး မိသားစုကို ရုန်းကန်နေရမှုများအပါအဝင် လက်နက်ကိုင်အမျိုးသမီးတွေ ရုန်းကန်နေရသည့် အခြေအနေများနှင့်ပတ်သက်ပြီး ပခုက္ကူခရိုင် တပ်ရင်း (၁၆) တပ်ခွဲ (၄) ဖီးနစ်ပြောက်ကျားတပ်ဖွဲ့က စစ်သင်တန်းတာဝန်ခံ တဦးလည်းဖြစ်သလို ဘဏ္ဍာရေးမှူးဖြစ်တဲ့ ရဲဘော်မြူနဲ့ ထီးလင်းမြို့နယ် စစ်ဘေးရှောင်ကူညီရေး လုပ်နေသည့် ဆရာမ ဒေါ်ဖြူဖြူဝင်းတို့က ဒေသတွင်းအခြေအနေများကို ပြောပြထားသည်။
    [embedyt] https://www.youtube.com/watch?v=ANIMZ4InI-M[/embedyt]
     
    #RedNewsAgency #RNA #AhNyar

  • စစ်ကောင်စီ လိုက်မမှီနိုင်သော အနောက်တံခါးမှ သင်ရိုးသစ်များ

    စစ်ကောင်စီ လိုက်မမှီနိုင်သော အနောက်တံခါးမှ သင်ရိုးသစ်များ

    “ခင်ဗျားတို့ရဲ့ စစ်ပညာနဲ့ ကြိုးစားမှုကို လေးစားပေမယ့် အရှုံးသမားကောင်း ပီသအောင်ကြိုးစားဖို့နဲ့ တပ်အချင်းချင်း တိုက်မနိုင်လို့ ဘာလက်နက်မှမရှိတဲ့ အပြစ်မဲ့ပြည်သူလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး လက်နက်အားကိုးမိုက်တွင်းနက် နေဦးမယ်ဆိုရင် မင်းတိုရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတိုရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထားခဲ့သင့်ပါတယ်” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့တယ်။

    ကေဂျီ

    မြန်မာနိုင်ငံဟာ ၁၉၉၂ ခုနှစ်မှာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ ဘောင်တစ်ခုဖြစ်တဲ့ ဂျီနီဗာသဘောတူစာချုပ် (၄) ခုမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ First Geneva Convention၊ Second Geneva Convention၊ Third Geneva Convention၊ Fourth Geneva Convention တို့ဆိုတာ လူသားဆန်မှုမှု စစ်ပွဲအတွင်းလိုက်နာရမဲ့ ကျင့်ဝတ်တွေဖြစ်တယ်။ ဒါဟာ တစ်ကမ္ဘာလုံးအတွက် လိုအပ်တာဖြစ်လို့ မြန်မာနိုင်ငံပါဝင် လက်မှတ်ထိုးပြီး လိုက်နာမယ် ကျင့်သုံးမယ်ဆိုတော့ လူသားချင်းစာမှုတွေ ထွန်းကားမယ်လို့ တစ်ကမ္ဘာလုံးကလည်း ယူဆလောက်ပါတယ်။

    ဂျီနီဗာသဘောတူစာချုပ် (၄) ခုဆိုတာက ၁၈၆၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ First Geneva Convention အတွင်းမှာ အပိုဒ်ရေ ၆၄ ခုပါဝင်ပြီး စစ်မြေပြင် ထိခိုက်ဒဏ်ရာရ စစ်သည်များကို ကာကွယ်စောင့်ရှောက်ရမယ့် အချက်တွေ အဓိက ပါဝင်တာဖြစ်တယ်။ Second Geneva Convention ကို ၁၉၇၀ ခုနှစ်မှာ ရေးဆွဲခဲ့ပြီး အပိုဒ်ရေ ၆၃ ခုပါရှိကာ ရေတပ်တိုက်ပွဲများအတွင်း ဒုက္ခရောက်နေတဲ့ စစ်သည်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် အဓိကထား ရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။ ပထမ ကမ္ဘာစစ်အပြီး ၁၉၂၉ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ Third Geneva Convention မှာတော့ စစ်သုံံ့ပန်းများ အပေါ်လိုက်နာပြုကျင့်ရမည့် စည်းမျဉ်းစည်းကမ်းများကို အဓိကထား ရေးဆွဲခဲ့ပြီး အပိုဒ်ရေ ၁၄၃ ခု ရှိပါတယ်။ Fourth Geneva Convention ကိုတော့ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၉ ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး စစ်ပွဲများအတွင်း အရပ်သားထိခိုက်နစ်နာမှုများကို အကာအကွယ်ပေးနိုင်ရန်အတွက် အဓိကထားရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်အတွင်းမှာ လူအင်အား၊ လက်နက်အင်အား အကြီးမားဆုံးဖြစ်ပြီး နိုင်ငံ့တပ်မတော်လို့ အမည်ခံထားတဲ့ မင်းအောင်လှိုင်ဦးဆောင်နေတဲ့ စစ်ကောင်စီတပ်ကလွဲရင် အခြားသော တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တိုင်းဟာ ဂျီနီဗာကွန်ဗန်းရှင်းဆိုင်ရာ ဥပဒေသတွေကို အထူးဂရုစိုက်ပြီး လိုက်နာကျင့်သုံး နေကြကို သက်သေ သာဓကပေါင်းများစွာနဲ့ မြင်တွေ့နေရပါတယ်။ မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ကြိမ်းဝါးခဲ့ပြီး နိုင်ငံကို အကြမ်းဖက် အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကတော့ အရပ်သား အပြစ်မဲ့ ပြည်သူလူထူနေထိုင်ရာ နေရာတွေကို စစ်ရေးပစ်မှတ်အဖြစ် ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းဗုံးကြဲမှုတွေ၊ ရေကြောင်းပစ်ခတ်မှုတွေနဲ့ အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ခဏခဏဖြစ်စေအောင် တိုက်ခိုက်နေခဲ့တာပဲ ဖြစ်ပါတယ်။

    (more…)

  • စစ်ကောင်စီတပ် ရေတံလျောက်စခန်းကို ဘယ်လိုသိမ်းခဲ့လဲ

    စစ်ကောင်စီတပ် ရေတံလျောက်စခန်းကို ဘယ်လိုသိမ်းခဲ့လဲ

    RNA_အောက်တိုဘာ(၆)၊၂၀၂၃ ခုနှစ်။
     
    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် တနေရာက စစ်ကောင်စီတပ် ရေတံလျောက်စခန်းသိမ်းတိုက်ပွဲ အခြေအနေများနှင့် ပတ်သက်ပြီး Special Operation Group မှ Ayeyarwaddy Force တပ်စုမှ တပ်စုမှူး ရဲဘော် JP က ပြောကြားထားသည်။
     
    KNLA – ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၈)၊ Special Operation Group(SOG) ပူးပေါင်းတပ်ဖွဲ့- Ayeyarwaddy Force တပ်စု- Dawna Phoenix Drone Team နှင့် Tiger Dragon Revolution Force တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ရေတံလျောက်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=qdevMfSiotM[/embedyt]
     
    ရေတံလျောက်စခန်းမှ MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-3 (၁) လက်၊ MA-4 ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက် နှင့် ငါးကြင်းမြီး စက်လတ် (၁) လက် တို့ဖြစ်ပြီး ခဲယမ်း ကျည်ဆံနှင့် အခြားပစ္စည်းများမှာ RPG-7 ကျည် (၇၀) လုံး၊ 81 mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နှင့် Compass (၂) လုံးတို့ကို တော်လှန်ရေးအင်အားစုများက သိမ်းဆည်းရမိခဲ့သည်။
     
    #RedNewsAgency

  • ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

    ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

    RNA_မေ(၅)၊၂၀၂၃ ခုနှစ်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF သည် အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်အံတုပြီး နိုင်ပွဲတွေဆက် အောင်ပွဲတွေ ခံနေပြီဖြစ်သည့်အတွက် များမကြာမီကာလအတွင်း ပြည်တော်ဝင် စစ်ချီပြီး အကြမ်းဖက်စစ်တပ်နှင့် အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါစို့ဟု ယနေ့ ကျရောက်သည့် PDF (၂) ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – People Defense Force- PDF ဖွဲ့စည်းထူးထောင်ခြင်းသည် ယနေ့ (၂) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အခန်းကဏ္ဍသည် ထိပ်ဆုံးကပါဝင်နေသည်ဟု စသဖြင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

    [embedyt] https://www.youtube.com/watch?v=vuzIkGxypSQ[/embedyt]

    #RedNewsAgency

  • တော်လှန်ရေးမှာ ပြတ်သားဖို့လိုအပ်သည်ဟု ဦးမင်းကိုနိုင်ပြော

    တော်လှန်ရေးမှာ ပြတ်သားဖို့လိုအပ်သည်ဟု ဦးမင်းကိုနိုင်ပြော

    RNA_ဇန်နဝါရီ(၃၀)၊၂၀၂၃ ခုနှစ်။
     
    “ ဒီတော်လှန်ရေးမှာ အရေးကြီးဆုံးက ပြတ်သားမှုပါ၊ ဘတ်ပေါင်းစုံက ပြတ်သားကြရတော့မှာပါ၊ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ဆင်နွှဲခဲ့ကြတဲ့ ပြည်သူ့အရေးတော်ပုံတွေ ပြည်သူ့တော်လှန်ရေးတွေ ဒီနေ့အထိမပြီးနိုင်တာ ဆက်ပြီးတော့ တော်လှန်နေရတာတွေဟာ ပြတ်သားမှု အားနည်းခဲ့လို့ပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က GSCBမှ ပြုလုပ်သည့် ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲတွင် ပြောကြားခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=6AChOQrf47I[/embedyt]
     
    #RedNewsAgency