အာဇာနည်နေ့

ဝက်ပုတ်ကျေးရွာ ပျူစခန်းကို ဒေသခံ PDF များ ပူးပေါင်းပြီး ၆၀ မမ၊ ၁၂၀ မမ များဖြင့် ပစ်ခတ်

ဝက်ပုတ်ကျေးရွာ ပျူစခန်းကို ဒေသခံ PDF များ ပူးပေါင်းပြီး ၆၀ မမ၊ ၁၂၀ မမ များဖြင့် ပစ်ခတ်

RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ အာဇာနည်နေ့အထိမ်အမှတ်အဖြစ် ဇူလိုင် ၁၉ ရက်နေ့က ၆၀ မမ၊ ၁၂၀ မမ များဖြင့် အချက်ရေ ၁၅၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံများ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရစာရင်းကို အတိအကျမသိရှိရသေးကြောင်း၊ အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ တော်လှန်ရး အဆက်ဆက်တွင် အသက်ပေးသွားကြသော အာဇာနည်အပေါင်းအား အောက်မေ့ ဂုဏ်ပြုသောအားဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Myaing Underground Defence Force - MUGDF က ထုတ်ပြန်ထားသည်။ (more…)
Read More
အာဇာနည်နေ့ အထိမ်းအမှတ် Myingyan Black Tiger တိုက်ပွဲဖော်ဆောင်

အာဇာနည်နေ့ အထိမ်းအမှတ် Myingyan Black Tiger တိုက်ပွဲဖော်ဆောင်

RNA_ဇူလိုင်(၁၉)၊၂၀၂၃ ခုနှစ်။ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာ (ရွာမ) ကျေးရွာတွင်တပ်စွဲထားသည့် စစ်အာဏာရှင် မင်းအောင်လှိုင်လက်အောက်ခံ တပ်စခန်းကို ယနေ့ ညနေ ၅ နာရီခန့်က Myingyan Black Tiger (MBT) အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ "တပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန်မိနစ် (၃၀)ခန့် ကြာမြင့်ခဲ့ပြီး စကစ တပ်သားအများအပြားထိခိုက် Tayဆုံးခဲ့သည်။ စခန်းသိမ်းနိုင်ရန် လက်တကမ်းအလိုတွင် RPG-7 ပြောင်းကွဲသွား၍ ရန်သူဘန်ကာအား ဆက်လက်မဖြိုခွင်းနိုင်သောကြောင့်  ရဲဘော်အားလုံး အန္တရယ်ကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်" ဟု (MBT) က ထုတ်ပြန်ထားသည်။ (more…)
Read More
အထူးစစ်ဆင်ရေးတပ်ဖွဲ့က (၇၆)နှစ်​မြောက် အာဇာနည်နေ့အလေးပြုအခမ်းအနားပြုလုပ်

အထူးစစ်ဆင်ရေးတပ်ဖွဲ့က (၇၆)နှစ်​မြောက် အာဇာနည်နေ့အလေးပြုအခမ်းအနားပြုလုပ်

RNA_ဇူလိုင်(၁၉)၊၂၀၂၃ ခုနှစ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ ရှေ့တန်းစစ်ကြောင်းများနှင့် တပ်ခွဲများတွင် တပြိုင်တည်း ယနေ့ နံနက် ၇ နာရီက (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

RNA_ဇူလိုင်၁၉၊၂၀၂၂ ခုနှစ်။ ကျဆုံးသွားသော အာဇာနည်ကိုးဦးနှင့်တကွခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်များအား ဦးညွှတ် အလေးပြုခြင်းနှင့် ၇၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ ကျားဖြူတပ်ခွဲ (၂) တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။ Red News Agency
Read More