96 Soldiers – PDF (၂) နှစ်ပြည့် အခမ်းအနား ကျင်းပ

RNA_အောက်တိုဘာ(၇)၊၂၀၂၃ ခုနှစ်။

96 Soldiers – PDF ဖွဲ့စည်းခဲ့သည်မှာ အောက်တိုဘာလ ၇ ရက်နေ့ ယနေ့တွင်  (၂) နှစ်ပြည့်မြောက်ခဲ့ဖြစ်ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းအတွင်းတနေရာတွင် အညာဒေသတပ်ခွဲ ရဲဘော်များ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

၂ နှစ်အတွင်း 96 Soldiers – PDF သည် တောင်ပိုင်းတိုင်းအတွင်းရှိ တပ်ခွဲအနေဖြင့် NUG ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်ရေးလှုပ်ရှားမှုများကို ပါဝင်ဆောင်လျှက်ရှိပြီး၊ အညာဒေသအတွင်းရှိ တပ်ခွဲအနေဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိသော နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ Local PDF များနဲ့အတူတကွ ပူပေါင်း၍ စစ်ရေးလှုပ်ရှားများကို လုပ်ဆောင်လျှက်ရှိသည်။

လက်ရှိအချိန်တွင် စစ်အာဏာရှင်ကိုတော်လှန်ရာ၌ စုပေါင်းဆွေးနွေး၊ စုပေါင်းလေ့ကျင့်၊ စုပေါင်းတိုက်ခိုက် ဟူသော နည်းနာ ဖြင့်ရှေ့ဆက်လျှက်ရှိကြောင်း၊ 96 Soldiers – PDF အနေဖြင့် စစ်အာဏာရှင်ကိုတွန်းလှန်တိုက်ပွဲဝင်နေသော အဖွဲ့စည်းများအားလုံးနှင့် လက်တွဲ၍ အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ လက်တွဲ တိုက်ပွဲဝင်သွားပါမည်ဟု (၂)နှစ်ပြည့် ကြေညာချက်ဖြင့် ပြည်သူလူထုအားအသိပေးထားသည်။

Photo : Ko Pyay

#RedNewsAgency

By Editor