ညွန်ချုပ်

PDFကို ငွေလှူသည့်ကိစ္စနှင့်ပတ်သက်ပြီး အင်းစိန်ထောင်ညွှန်ချုပ် အနားပေးခံရ

PDFကို ငွေလှူသည့်ကိစ္စနှင့်ပတ်သက်ပြီး အင်းစိန်ထောင်ညွှန်ချုပ် အနားပေးခံရ

RNA_ဇူလိုင်(၂၅)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊အင်းစိန်အကျဉ်းထောင်အတွင်းမှ ငွေစုပြီး PDF များကို ၁၁ သိန်းလှူဒါန်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ထောင်တွင်းမှ ဖုန်း ၇ လုံးဖမ်းဆီးမိခဲ့သည့်ကိစ္စနှင့်အင်းစိန်ထောင် ညွန်ချုပ် ဦးဇော်မင်းကို ၂၄ နာရီအတွင်း အနားပေးခံရကာ အလုပ်ပြုတ်သွားပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ ဒုတိယပတ်အတွင်းက အကျဉ်းထောင်အတွင်းမှနေ၍ PDF များထံ အလှူငွေ ၁၁ သိန်းလှူဒါန်းပေးသည့် ဝန်ထမ်းမှာလည်း ဖမ်းဆီးခံထားရကြောင်း၊ ထောင်အတွင်းမှ ဖုန်း ၇ လုံးသိမ်းဆည်းရမိကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး ညွန်ချုပ်ကို ၂၄ နာရီအတွင်း အရေးယူခံလိုက်ရခြင်းဖြစ်ကြောင်း၊ ညွန်ချုပ်အသစ်ဖြစ်သည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်ရှိ အင်းစိန်ထောင် ညွန်ချုပ်ဦးမျိုးဇော် အသစ်ပြောင်းလာပြီဖြစ်ကြောင်း သိရသည်။ (more…)
Read More