News

တရုတ်-အမေရိကန် ဘုံအကျိုးစီးပွား စိန်ခေါ်မှုများကို ရင်ဆိုင်ရန် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ပြော

တရုတ်-အမေရိကန် ဘုံအကျိုးစီးပွား စိန်ခေါ်မှုများကို ရင်ဆိုင်ရန် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ပြော

မောင်လူအေး(လှည်းတန်း)_RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။ တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ကွဲလွဲမှု၊ သဘောထားမတိုက်ဆိုင်မှုများရှိသည့် တစ်ချိန်တည်းတွင် နှစ်နိုင်ငံ၌ အဓိကဘုံအကျိုးစီးပွားများ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ရန်လိုအပ်ပြီး တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု အောက်တိုဘာ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ သတင်းမီဒီယာတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားထားသည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၆ ရက်မှာ ဝါရှင်တန်ဒီစီကို ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ၏…
Read More
MNDAA၊ TNLA၊ AA၊ PLA၊ BPLA စသည့်မဟာမိတ်များ စုပေါင်းပြီး ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်

MNDAA၊ TNLA၊ AA၊ PLA၊ BPLA စသည့်မဟာမိတ်များ စုပေါင်းပြီး ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၃ ခုနှစ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ (၁) အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းမည်ဟု ထုတ်ပြန်ပြီး ယနေ့ နံနက်စောစောပိုင်းက ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်မြို့အနီးရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကြောင်း သိရသည်။ MNDAA၊ TNLA၊ AA၊ PLA၊ BPLA စသည့် တော်လှန်ရေးအင်အားစုများ စုပေါင်းပြီး ချင်းရွှေဟော်မြို့အဝင် စစ်ကောင်စီလက်အောက်ခံ ဂိတ်များကို စတင်တိုက်ခိုက်ပြီး ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။ (more…)
Read More
Move Forward ပါတီမှ တင်သွင်းသည့် စည်းပုံကို ပြင်ဆင်ရေးဆွဲရေးပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန် အဆိုပြုချက် ပယ်ချခံရ

Move Forward ပါတီမှ တင်သွင်းသည့် စည်းပုံကို ပြင်ဆင်ရေးဆွဲရေးပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန် အဆိုပြုချက် ပယ်ချခံရ

မောင်လူအေး(လှည်းတန်း)_RNA_အောက်တိုဘာ(၂၆)၊၂၀၂၃ ခုနှစ်။ ထိုင်းလွှတ်တော်မှာ Move Forward ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ရန် အဆိုပြုလျှောက်ထားချက်ကို ၂၆၁-၁၆၂ မဲဖြင့် အောက်တိုဘာ ၂၅ ရက်က ပယ်ချခဲ့ရကြောင်း သိရသည်။ ထိုင်းလွှတ်တော်မှာ Move Forward ပါတီ၏ အဆိုပြုလျှောက်ထားမှုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၆၁ မဲ၊ ကန့်ကွက်မဲ ၁၆၂ မဲ၊ ကြားနေမဲ ၆ ဖြင့် မဲပေးသူစုစုပေါင်း ၄၂၉ မဲ ရှိခဲ့သည်။ Serena Thavisin ဦးဆောင်သည့် ထိုင်းအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲပြီး ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီ Fully-Elected Charter Drafting Committee (CDC)…
Read More
မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/KPDF များ စီးနင်းတိုက်ခိုက်

မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/KPDF များ စီးနင်းတိုက်ခိုက်

RNA_ဖားကန့်၊ အောက်တိုဘာ(၂၆)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာအပိုင်း ဖားကန့်-လုံးခင်းသွားကားလမ်းမကြီးပေါ်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို KIA/KPDF ရဲဘော်များက ယမန်နေ့ (အောက်တိုဘာလ ၂၅ ရက်) ညပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မြန်မာသူရကျောက်မျက်ကုမ္ပဏီ CEO ဦးကျော်သူရကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ဖမ်းဆီးခဲ့ပြီး ပိုင်ဆိုင်မှုများအား ချိပ်ပိတ်သိမ်းဆည်းခဲ့ချိန်မှစပြီး ဖားကန့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီရုံးချုပ်အတွင်း စစ်ကောင်စီ လက်အောက်ခံရဲနှင့်စစ်သားများ နေရာယူတပ်စွဲထားခဲ့ခြင်း ဖြစ်သည်။ ယမန်နေ့ည KIA/KPDF များ ကုမ္ပဏီဝန်းအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သား ၂၀ ဝန်းကျင်ခန့် ရှိနေနိုင်ကြောင်း ဒေသခံများထံမှ သိရပြီး၊ တိုက်ခိုက်မှုအတွင်း လုံးခင်းရဲစခန်းမှ…
Read More
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ်ရှိနေ

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ်ရှိနေ

မောင်လူအေး (လှည်းတန်း) RNA_အောက်တိုဘာ(၂၄)၊၂၀၂၃ ခုနှစ်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်းမှာ အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ခုအဖြစ်ကျန်ရှိနေပြီး၊ကုလုံခြုံရေးကောင်စီ၏ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က က ချမှတ်တသည့်ဆုံးဖြတ်ချက် UN Resolution 2669 (2022) ကို ကြိုဆိုပါသည်ဟု အီရန်နိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး Khairi Omar က ပြောသည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အောက်တိုဘာ ၂၀ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ "တွေ့ဆုံဆွေးနွေးရေးမှတဆင့် ငြိမ်းချမ်းရေးဆီသို့" ခေါင်းစဥ်ဖြင့် ပွင့်လင့်စွာစကားစစ်ထိုးပွဲတွင် အီရန်နိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံသည် မြန်မာ့နိုင်ငံရေးအကြပ်အတည်း အောင်မြင်စွာ ဖြေရှင်းနိုင်ရန်မတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် စစ်ကောင်တို့အကြား…
Read More
အီရန်နိုင်ငံမှာ အမျိုးသမီးဂျာနယ်လစ် (၂) ဦး ထောင်ဒဏ် ၁၀ နှစ်ကျော်စီချမှတ်ခံရ

အီရန်နိုင်ငံမှာ အမျိုးသမီးဂျာနယ်လစ် (၂) ဦး ထောင်ဒဏ် ၁၀ နှစ်ကျော်စီချမှတ်ခံရ

မောင်လူအေး (လှည်းတန်း)၊RNA_အောက်တိုဘာ(၂၄)၊၂၀၂၃ ခုနှစ်။ အီရန်နိုင်ငံမှာ အမျိုးသမီးဂျာနယ်လစ် Niloofar Hamedi နှင့် Elaheh Mohammadi တို့ကို အမေရိကန်အစိုးနှင့် ပူးပေါင်းခြင်း၊ နိုင်ငံတော်လုံခြုံရေးကိုဆန့်ကျင်ခြင်းတို့အတွက် အီရန်တော်လှန်ရေးတရားရုံးက ထောင်ဒဏ် (၁၃) နှစ် နှင့် (၁၂) နှစ် အမိန့်ချမှတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ သိရသည်။ အမေရိကန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဆိုကာ Niloofar Hamedi ကိုထောင်ဒဏ် ၇ နှစ်နှင့် Elaheh Mohammadi ကို ထောင်ဒဏ် ၆ နှစ်၊ နိုင်ငံတော်လုံခြုံရေးကို ဆန့်ကျင်သည့်အတွက်ဟုဆိုကာ ထောင်ဒဏ် ၅ နှစ်စီ၊ ဝါဒဖြန့်မှုအတွက် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရသည့်အတွက် Niloofar Hamedi…
Read More
ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ထိုင်းနိုင်ငံရှိမွတ်စလင်များ ဆန္ဒဖော်ထုတ်

ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ထိုင်းနိုင်ငံရှိမွတ်စလင်များ ဆန္ဒဖော်ထုတ်

မောင်လူအေး(လှည်းတန်း)/အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ပါလက်စတိုင်းများကိုထောက်ခံသည့် ထိုင်းနိုင်ငံရှိ ရာချီသည့် မွတ်စလင်လူထုက ဘန်ကောက်ရှိ အစ္စရေးသံရုံးရှေ့မှာ စုဝေးကြပြီး  အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းစေဖို့နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ပေးရန် ယနေ့ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့သည်။ ဒီနေ့ ဆန္ဒဖော်ထုတ်ပွဲကို ထိုင်းနိုင်ငံရှိ ရှီးယားမွတ်စလင်အဖွဲ့ခွဲခေါင်းဆောင် Syed Sulaiman Husaini က ဦးဆောင်ပြီး ဂါဇာကမ်းမြောင်မှာ အစွန်းရောက်လူမျိုးရေးခွဲခြားမှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြသည်။ (more…)
Read More
ဟားမတ်စ်အဖွဲ့၏ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားဆယ်ကျော်သက်နှင့်သူမ၏ မိခင်တို့ ပြန်လည်လွတ်မြောက်

ဟားမတ်စ်အဖွဲ့၏ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားဆယ်ကျော်သက်နှင့်သူမ၏ မိခင်တို့ ပြန်လည်လွတ်မြောက်

မောင်လူအေး(လှည်းတန်း)/ RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ဟားမတ်စ် စစ်သွေးကြွအဖွဲ့က ဖမ်းဆီးသွားသည့် အမေရိကန်နိုင်ငံသား ဆယ်ကျော်သက် Natalie Raanan နှင့် မိခင်ဖြစ်သူ Judith Raanan တို့ ဖမ်းဆီးခံရပြီးနောက် နှစ်ပတ်အကြာ သောကြာနေ့က ပြန်လွတ်လာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ချီကာကိုမြို့မှာ နေထိုင်သည့် ဖခင်ဖြစ်သူ Uri Raanan ပြောသည်။ "သူမနေကာင်းပါတယ်၊ သူမကောင်းကောင်း ကျန်းမာပါတယ်၊ သူမနဲ့ဖုန်းပြောရပါတယ်" လို့ Natalie Raanan ၏ ဖခင်ဖြစ်သူက ပြောကြားထားသည်။ လွတ်မြောက်လာတဲ့ Natalie Raanan နှင့် မိခင်ဖြစ်သူ Judith Raanan တို့သည် မိသားစုနှင့် ပြန်လည်တွေ့ဆုံရန် အစ္စရေးအလယ်ပိုင်းရှိ စစ်တပ်အခြေစိုက်စခန်းကို ထွက်ခွာလာပြီဟု အစ္စရေးဝန်ကြီချုပ်…
Read More
မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ဒေါနစစ်ကြောင်၊ ရေးပြောက်ကျားတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ်၊ ABSDF တပ်ရင်း (၁) ရဲဘော်များ အောက်တိုဘာလ ၂၀ ရက်နေ့က ရေးမြို့နယ်အတွင်း ဖော်ဆောင်သည့် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများရှိသည့် ရေးတံတားဂိတ်၊ ကျုံလောင်းရွာနှင့် ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေး ရာညာခြံအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လူနာသယ်ဆောင်လာသည့် ကားတို့ကို စစ်ကောင်စီတပ်က တိုက်ခိုက်ခြင်းအပါအဝင် ယမန့်က တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီဝန်းကျင်ရှိကြောင်း သိရသည်။ ယမန့်နေက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ၁၂ ဦးဒဏ်ရာရရှိပြီး ၂ ဦးစိုးရိမ်ရကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ…
Read More
စစ်ကောင်စီတပ်စစ်ကြောင်းကို PDF များ စောင့်ကြိုတိုက်ခိုက်

စစ်ကောင်စီတပ်စစ်ကြောင်းကို PDF များ စောင့်ကြိုတိုက်ခိုက်

RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှ ထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခဲပင်အင်းအရှေ့ဘက်အရောက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ စတင်ကာ ဆက်တိုက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။   အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့နှင့် အခြားပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာလ ၁၇ ရက်နေ့က ခဲပင်အင်းအရှေ့ဘက်မှစတင်တိုက်ခိုက်ခဲ့ကြောင်း၊ ၁၈ ရက်နေ့တွင်လည်း ခဲအင်ပင်းရွာအတွင်း ဝင်ရောက်နေသည့် ယင်းစစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ခဲပင်အင်းရွာမှထွက်သွားစဉ် ညောင်ရင်းရွာဘက်အရောက်တွင်လည်း ပစ်ခတ်ခဲ့ကြကြောင်း မြိုင်ပကဖမှ ထုတ်ပြန်ထားသည်။ [embedyt] https://www.youtube.com/watch?v=IMlUVxz4wtY[/embedyt]   ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည်…
Read More