သတင်း

ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

RNA_ဩဂုတ်(၁၉)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့မှ ဖရူဆိုဖက်သို့ ဦးတည်သည့် ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် (၇၀) ဝန်းကျင်သေဆုံးသည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။ " သြဂုတ်လ (၁၀) ရက်နေ့မှ (၁၂) နေ့အတွင်း ငွေတောင်ရွာသစ် နှင့် ထီးသော်ကူးရွာတို့တွင် တိုက်ပွဲများအထူးပြင်းထန်ခဲ့ကာ မိမိတို့ပူးပေါင်းတပ်များမှ ညီညွတ်စွာ ချေမှုန်းတိုက်ခိုက်ခဲ့၍ တပ်မ (၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၁၁၂) မှ တပ်ဖွဲ့ဝင်(၄၅)ဦးနီးပါး ထိခိုက်သေဆုံးပြီး၊ ခလရ(၃)မှ တပ်ရင်းမှူး နှင့် ဒုရင်းမှူး အပါအဝင် (၂၆)ဦးခန့် ထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ်အစုံ(၁၅)လက်၊ လက်နက်ကြီး(၁) လက်…
Read More
လက်နက်ကြီး ၃၀၀ ကျော်ပစ်ခတ်ပြီး လက်ခက်တောင်ကို ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အကျအဆုံးများ

လက်နက်ကြီး ၃၀၀ ကျော်ပစ်ခတ်ပြီး လက်ခက်တောင်ကို ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အကျအဆုံးများ

RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီး အကြိမ်ရေ ၃၀၀ ကျော်နှင့်လေယာဉ်ပစ်ကူများယူကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦးအပါအဝင် အကျအဆုံးများကြောင်း သိရသည်။ KNLA နှင့် ပူးပေါင်းမဟာမိတ်များ စစ်ကောင်စီတပ် လက်ခတ်တောင်စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် စခန်းပြန်လည်ရရှိရေး ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်မှစတင်ကာ လက်နက်ကြီးအကြိမ်ရေ (၃၀၀)ကျော်၊ Jet Fighter ဖြင့် (၃)ကြိမ်၊ Mi-35(Attack-Helicopter) ဖြင့် (၃)ကြိမ် ပစ်ခတ်ခဲ့ကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ အသေအဆုံးများခဲ့ကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်ဒါဘောဦးဆောင်သည့် Cobra Column - ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။…
Read More
နေပြည်တော်ကောင်စီနယ်မြေကို ခြိမ်းခြောက်လာသည့် ဘို့မသံတောင် စခန်းသိမ်းတိုက်ပွဲ

နေပြည်တော်ကောင်စီနယ်မြေကို ခြိမ်းခြောက်လာသည့် ဘို့မသံတောင် စခန်းသိမ်းတိုက်ပွဲ

RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။   နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဘို့မသံတောင်စခန်းသိမ်းတိုက်ပွဲနှင့်အတူ ၃ ရက်အတွင်း တိုက်ပွဲ ၇ ကြိမ်မှာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပြီး​၊ လက်နက်ခဲယမ်းတချို့ရရှိခဲ့သည့်အကြောင်းကို တင်ဆက်ထားခြင်းဖြစ်သည်။   #RedNewsAgency
Read More
ဖားကန့် မနမှော် မြေပြိုမှု သေဆုံးသူများအပေါ် စစ်ကောင်စီက ဝတ်‌ကျေတန်းကျေသာ ဆောင်ရွက်

ဖားကန့် မနမှော် မြေပြိုမှု သေဆုံးသူများအပေါ် စစ်ကောင်စီက ဝတ်‌ကျေတန်းကျေသာ ဆောင်ရွက်

RNA_ဖားကန့် ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီး ဩဂုတ်လ (၁၃) ရက်နေ့က ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်အတွင်း မြေပြိုပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ရေကန်နံဘေး ကျောက်ကျင်းတူးနေသူများ ရေကန်အတွင်း နစ်မြှုပ်သေဆုံးခဲ့ရမှုအတွက် စစ်ကောင်စီက ဝတ်ကျေတန်းကျေသာ ဆောင်ရွက်သည်ကို တွေ့ရသည်။ အာဏာသိမ်း စစ်ကောင်စီ၏ တာဝန်ရှိပုဂ္ဂိုလ်များသည် မြေပြိုဖြစ်စဉ်အတွင်းလာရောက်ပြီး တစ်စုံတစ်ရာကူညီဆောင်ရွက်ပေးခြင်းမရှိ၊ အသုဘ သင်္ဂြိုလ်စရိတ်ကပါ မိသားစုကိုယ်တိုင် ကျခံခဲ့ရပြီးမှ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများ တက်လာချိန်မှကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက မြေပြိုပြီး ရေကန်အတွင်းနစ်မြှုပ်သေဆုံးရသူများ၏ မိသားစုဝင်များကို တစ်ဦးလျှင်ငွေကျပ်ဆယ်သိန်းနှုန်း ထောက်ပံ့မည်ဟုပြောဆိုကြောင်း သိရသည်။ (more…)
Read More
ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၂၅ လောင်း ရှာဖွေတွေ့ရှိ

ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၂၅ လောင်း ရှာဖွေတွေ့ရှိ

RNA_ ဩဂုတ်(၁၅)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ၃၇ ဦးထဲက သေဆုံးရုပ်အလောင်း ၂၅ လောင်း ယနေ့ လူမှုကယ်ဆယ်ရေးအသင်းများက ဆယ်ယူရမိကြောင်း သိရသည်။ ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ ရေမဆေးကျောက်ရှာဖွေနေသူများအပါအဝင် ကုမ္ပဏီဝန်ထမ်းတချို့နှင့် ရေမဆေးကျောက်ရှာဖွေသူ ၃၇ ဦး ပျောက်ဆုံးနေခြင်းဖြစ်‌ကြောင်း၊ ဆယ်ယူရသည့် အလောင်း (၂၅) လောင်းထဲက (၆) ဦးမှာ ပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။ (more…)
Read More
ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၁၇ လောင်းတွေ့ရှိ

ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၁၇ လောင်းတွေ့ရှိ

RNA_ ဩဂုတ်(၁၅)၊၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း မြေပြိုမှုကြောင့် ပျောက်ဆုံးနေသည့် ၃၇ ဦးထဲက ၁၇ ဦး၏ ရုပ်အလောင်းများကို ယနေ့ လူမှုကယ်ဆယ်ရေးအသင်းများက ဆယ်ယူရမိကြောင်း သိရသည်။   ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ ရေမဆေးကျောက်ရှာဖွေနေသူများနဲ့ ကုမ္ပဏီဝန်ထမ်း ၃၇ ဦး ပျောက်ဆုံးနေခြင်းဖြစ်ကာ ဆယ်ယူရသည့် အလောင်း (၁၇) လောင်းထဲက (၆) ဦးမှာ ပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။   #RedNewsAgency
Read More
ရေမဆေးကျောက်ရှာဖွေသူများအပါအဝင် (၃၆) ဦးဝန်းကျင်ကို ရှာဖွေမှု မြင်ကွင်း

ရေမဆေးကျောက်ရှာဖွေသူများအပါအဝင် (၃၆) ဦးဝန်းကျင်ကို ရှာဖွေမှု မြင်ကွင်း

RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။   ဖားကန့်က၊ ကျောက်စိမ်းရှာဖွေနေသူများ၊ မြေပြိုမှုကြောင့် နွံအတွင်းပျောက်ဆုံးသွားသည့် (၃၆) ဦးဝန်းကျင်ကို ယနေ့ နေ့လည်ပိုင်းအထိ ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဆက်လက်ရှာဖွေခဲ့ကြကြောင်း သိရသည်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၆)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ (more…)
Read More
အညာမှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်လာအောင် ဗိုလ်နဂါးစုစည်းနေ

အညာမှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်လာအောင် ဗိုလ်နဂါးစုစည်းနေ

RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ MOD လက်အောက်မှာ အကြောင်းအမျိုးမျိုးကြောင့် မရောက်ရှိနေပေမဲ့ စစ်သည်တော်ကျင့်ဝတ်များကို လိုက်နာကြမည့် ရဲဘော်များပါဝင်ပြီး စနစ်ကျသည့် တပ်တခုဖြစ်သည့် အညာက ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်ရေး စုစည်းနေကြောင်း ဩဂုတ်လ ၁၂ ရက်နေ့က ပြည်သူများကိုပြောကြားသည့် Facebook Live တွင် ဗိုလ်နဂါးက ထည့်သွင်း အသိပေးသွားသည်။   နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်ဆံရေးရှိသော်လည်း တိုက်ရိုက်အမိန့်နှင့်ညွန်ကြားမှုများကို လိုက်နာစရာမလိုသည့် ပြည်သူ့ထောက်ခံမှုရရှိထားသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းမှာ လှုပ်ရှားနေသော 96 Soldiers - PDF အညာဒေသ တပ်ခွဲ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's…
Read More
ကမ်းပါးပြိုပြီး ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ (၃၆) ဝန်းကျင်သေဆုံးဟု သတ်မှတ်

ကမ်းပါးပြိုပြီး ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ (၃၆) ဝန်းကျင်သေဆုံးဟု သတ်မှတ်

RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။ ရေမဆေးကျောက်ရှာဖွေသည့် ကျောက်ကျင်းတူးနေသူ (၃၆) ဦးထက်မနည်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်ကတည်းက နစ်မြှုပ်ပျောက်ဆုံးနေသူများ ယနေ့ နံနက် ၁၀ နာရီအထိ ရှာမရတော့သည့်အတွက် သေဆုံးပြီဟု ဒေသခံများက သတ်မှတ်ထားကြောင်း သိရသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၁)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခြင်းဖြစ်သည်။ " လက်ရှိဒီမှာကျောက်တူးနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေလည်းပါတယ်၊ အပြင်ကနေ လာတူးနေသူတွေလည်းပါတယ်၊ စာရင်းကတော့ မခွဲထားဘူး၊ ဒဏ်ရာရရှိသူ (၈)ဦးရှိတယ်"ဟု ပျောက်ဆုံးစာရင်းပြုစုနေသည့် ကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးကပြောသည်။…
Read More
MRDA နှင့် မဟာမိတ်များပူးပေါင်းသည့် တိုက်ပွဲတွင် စကစဘက်မှ (၂၅) ဦးခန့် ကျဆုံး

MRDA နှင့် မဟာမိတ်များပူးပေါင်းသည့် တိုက်ပွဲတွင် စကစဘက်မှ (၂၅) ဦးခန့် ကျဆုံး

RNA_ဩဂုတ်(၁၂)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း၊ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်း၌ သစ်များသယ်ယူရန် အင်အားအများပြားဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် -MRDA နှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၅ ဦးခန့် ကျဆုံးခဲ့ကြောင်း MRDA တပ်ရင်း ၆ တပ်ခွဲ ၁ ထံမှ သိရသည်။ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်ကြားရှိ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်းသို့ သံခွန်များဖြင့် ချင်းတွင်းမြစ်ကြောင်းမှ တဆင့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဩဂုတ်လ (၆) ရက်နေ့ နေ့လည် ၁ နာရီ ၄၀ မိနစ်ဝန်းကျင်က MRDA တပ်ရင်း ၆၊ တပ်ခွဲ ၁ နှင့် မုံရွာ ခရိုင်…
Read More