နောင်ချိုမြို့

နောင်ချိုမြို့မရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

နောင်ချိုမြို့မရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

RNA_ဇွန်(၂၇)၊၂၀၂၄ ခုနှစ်။ ရှမ်းမြောက်၊ နောင်ချိုမြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် နောင်ချိုမြို့မရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး ယနေ့ လိုက်လံစစ်ဆေးရာ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိကြောင်း TNLA ထံမှ သိရသည်။ တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ကို ဇွန်လ (၂၆) ရက်နေ့က TNLA နှင့် မဟာမိတ်များ တိုက်ခိုက် သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီလက်အောက်အစိုးရရုံးများကို ယနေ့ လိုက်လံစစ်ဆေးရာ မြို့မရဲစခန်းအတွင်း မူးယစ်ဆေးဝါးပစ္စည်းနှင့် ယာမဆေးပြား အမြောက်အများ ဖမ်းဆီးရမိထားသည်ဟု TNLA ကထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ MDY PDF ပူးပေါင်းပြီး နောင်ချိုမြို့ကို ထိန်းချုပ်ထား

“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ MDY PDF ပူးပေါင်းပြီး နောင်ချိုမြို့ကို ထိန်းချုပ်ထား

RNA_ဇွန်(၂၆)၊၂၀၂၄ ခုနှစ်။ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်အတူ ကျောက်မဲ ၊ မိုးကုတ် ၊ နောင်ချို နှင့် မတ္တရာစစ်မျက်နှာတို့တွင် လက်တွဲ၍ ပူးပေါင်းပါဝင်နေပြီး နေချိုမြို့ကို ထိန်းချုပ်ထားနိုက်ပြီဖြစ်ကြောင်း သိရသည်။ နောင်ချိုမြို့နှင့် ခမရ(၁၁၅) တို့ကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ(၁၁၄)နှင့် (၆၀၆)အမြောက်တပ်ရင်းများကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More