RNA_ဇူလိုင်(၂၂)၊၂၀၂၅ခုနှစ်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရပြီး ထောင်ဒဏ် (၇) နှစ် ချမှတ်ခံထားရသော ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဗဟိုအလုပ်မှုဆောင် မဝတ်ရည်အောင်၏ စျာပနအခမ်းအနားကို ယနေ့ ( ဇူလိုင်လ ၂၂ ရက်) နံနက် (၁၁) နာရီက ရေဝေသုဿာန်၌ ကျင်းပခဲ့သည်။

RNA_ဇူလိုင်(၂၂)၊၂၀၂၅ခုနှစ်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရပြီး ထောင်ဒဏ် (၇) နှစ် ချမှတ်ခံထားရသော ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဗဟိုအလုပ်မှုဆောင် မဝတ်ရည်အောင်၏ စျာပနအခမ်းအနားကို ယနေ့ ( ဇူလိုင်လ ၂၂ ရက်) နံနက် (၁၁) နာရီက ရေဝေသုဿာန်၌ ကျင်းပခဲ့သည်။

RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ရဲဘော်မြင့်မြတ်ဦး (အသက် ၁၆ နှစ်) ရွာပြင်သုဿာန်မှ အင်တာနက်သုံးပြီး အိမ်ပြန်လမ်းတွင် လည်ပင်းကို လှီးဖြတ် သတ်ခံရမှုနှင့်ပတ်သက်ပြီး NUG ကို ဗကသများအဖွဲ့ချုပ်က နောက်ဆုံးအကြိမ် တောင်းဆိုအသိပေး အိတ်ဖွင့်ပေးစာ ပို့ထားသည်။
အမျိုးသားညီညွတ်ရေး အစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ အမြန်ဆုံးတွေ့ဆုံ စကားပြောဖြေရှင်းပေးရန် ဗကသများအဖွဲ့ချုပ်က တောင်းဆိုထားပြီး၊ ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဝက်လက်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းလည်ပတ်မှုများအပေါ် မေးခွန်းထုတ်သည့် ကြေညာချက်ကိုလည်း ယနေ့ ထုတ်ပြန်ထားသည်။

RNA_ဇူလိုင်(၇)၊၂၀၂၃ ခုနှစ်။
ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံ (၇-၇-၆၂) ကို ပြည်သူများမမေ့ကြရန် စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY က ဓာတ်ပုံများနှင့်တကွ ပြည်သူများကို နှိုးဆော်ထားသည်။

နေဝင်းဦးဆောင်သည့် မဆလ စစ်အစိုးရက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ သမဂ္ဂအဆောက်အဦနှင့်အတူ ကျောင်းသားများကို မိုင်းခွဲဖြိုချသတ်ဖြတ်ခဲ့သည့်အပြင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ကျောင်းသားများကိုလည်း မောင်းပြန်ရိုင်ဖယ်များဖြင့် ပစ်သတ်ခဲ့သေးသည့် ကျောင်းသားအရေးတော်ပုံကို မမေ့ကြရန် နှိုးဆော်ထားခြင်းဖြစ်သည်။



RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ကို စစ်ကောင်စီလက်အောက်ခံ အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ်(၂၂)နှစ်စီ ယနေ့ ချမှတ်ခဲ့ကြောင်း သိရသည်။
![]()

RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ PDF များဝန်းရံပြီး မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ အနောက်မြောက်လွင်ပြင်ဒေသရှိ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းနှင့် ရွာပေါင်းစုံပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းဖြင့် ယနေ့ ကျေးရွာများအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရသည်။
Red News Agency

RNA- ဖေဖော်၀ါရီ ၂၁ ရက်။
အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် ယနေ့ နံနက်ပိုင်းက တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့များ ပူးပေါင်းကာ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှ လေဆိပ်သို့ချီတက်လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြပြီး၊ လေဆိပ်ဝန်းတံခါး ပိတ်ဆို့တားဆီးသည့်အနေရာတွင် ထိုင်သပိတ်ပြုလုပ်ကာ လေဆိပ်ဝန်းအတွင်းမှ CDM ပြုလုပ်နေသူများကို သွားရောက်ဝန်းရံခဲ့ကြသည်။ [embedyt] https://www.youtube.com/watch?v=HoRj1CV5EUw[/embedyt] Red News Agency

တချိန်က ဒီချုပ်ပါတီ အဖိနှိပ်ခံနေရချိန်မှာ ကျောင်းသားနဲ့ပြည်သူဟာ ဒီပါတီကို စစ်အာဏာရှင်လက်ချက်က အကာအကွယ်ပေးခဲ့တဲ့အတွက် အချို့ကိစ္စတွေမှာ ပြောချင်ပါရက်နဲ့ မပြောထွက်ခဲ့တာမျိုး၊ ဗူးလေးရာဖရုံဆင့်သလို ဖြစ်မှာစိုးလို့ မျိုသိပ်ခဲ့ရတာမျိုးတွေ
ကျော်ကိုကို
ရန်ကုန်ခေတ်သစ်မီဒီယာနဲ့ ဒီချုပ်ပြောရေးဆိုခွင့်ရသူ မုံရွာအောင်ရှင်တို့ အမေးအဖြေလုပ်ထားတာကို ဖတ်ရပါတယ်။ဗကသက မူပိုင်ဖြစ်တဲ့ ခွပ်ဒေါင်းအလံကို ဒီချုပ်အပါအဝင် ၂၀၀၈ခြေဥအောက်က ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီအသီးသီးက ယူငင်သုံးစွဲနေတာကို ကန့်ကွက်တဲ့ ကြေညာချက်တွေ ထုတ်ပြီးချိန်မှာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒီချုပ်ရဲ့သဘောထားကို မုံရွာအောင်ရှင်က ပြောထားတာပါ။
ဒီနေရာမှာ တိုက်ပွဲဝင်သမဂ္ဂခွပ်ဒေါင်းအလံကို ကျနော်တို့အနေနဲ့ ပြန်တောင်းတယ်လို့ မသုံးစွဲလိုပါဘူး။ နိုင်ငံရေးအရပြောရရင် ကိုယ်ကျေကျေနပ်နပ်ပေးထားတာမဟုတ်တဲ့အတွက်ကြောင့် ပြန်တောင်းနေတာမျိုးမဟုတ်ဘဲ သဘောတူခွင့်ပြုချက်မပါဘဲ ယူငင်သုံးစွဲနေမှုကို ဆက်လက်မလုပ်ဆောင်တော့ဖို့ ကန့်ကွက်နေတာလို့ သုံးစွဲရင်ပိုအဓိပ္ပါယ်ရှိမယ်ထင်ပါတယ်။
ဗကသက ကြေညာချက်ထုတ်ခြင်း မထုတ်ခြင်းဟာ ကျနော်နဲ့ တခြားစီကိစ္စရပ်တွေပါ။ကျနော့်အနေနဲ့ လက်ရှိဗကသမှာ တာဝန်လည်းမရှိတော့သလို ဘယ်အစုအဖွဲ့နဲ့မှလည်း အနီးကပ်ပတ်သက်နေခြင်းမရှိတဲ့အတွက် သူတို့ဖာသာ ကြေညာချက်ထုတ်ခြင်း မထုတ်ခြင်းသည် ကျနော့်ရဲ့ ကာယကံ၊ဝစီကံ၊မနောကံ ကံသုံးပါးအပြုအမူများဖြင့် ပါဝင်ပတ်သက်ခဲ့ခြင်း အလျဉ်းမရှိသော ကိစ္စရပ်များသာဖြစ်တယ်လို့ တင်ကြို သတိပေးပါရစေ။အလားတူပင် သူတို့တွေ၏ ဘယ်အကြိမ်မြောက်ညီလာခံက ဆုံးဖြတ်ချက်ဖြစ်စေ ကျနော် စိတ်ဝင်စားလိမ့်မည်မဟုတ်ဟု ထပ်မံ အသိပေးပါရစေ။